ယောက်ျားယူပြီး ကလေးကို ၃မွှာပူးမွေးချင်တယ်ဆိုတဲ့ နန်းမွေစံ
Unicode
ပုရိသ ယောက်ျားတွေ စွဲမက်လောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ Sexy ကျကျ အဝတ်အစားတွေနဲ့ Sexy ကျကျ ဓာတ်ပုံတွေရိုက်လေ့ ရှိတဲ့ Sexy Model တစ်ဦးုဖြစ်သလို ဆရာဝန်တစ်ဦးပါဖြစ်တဲ့ နန်းမွေစံကတော့ လောလောဆယ်မှာ Single စစ်စစ်ဖြစ်နေပေမယ့် တစ်ယောက်တည်း မနေသွားဘဲနဲ့ ယောက်ျားယူပြီး ကလေးကို ၃မွှားပူးမွေးချင်တယ်လို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။နန်းမွေစံက “ဘယ်လိုခံစားချက်ရှိလဲဆိုတော့ ဘယ်လိုပြောရမလဲ နည်းနည်းတော့ လူတွေရဲ့ ဝေဖန်ခြင်းကိုတော့ ရရှိတာပေါ့နော်။ ကောင်းသော ဝေဖန်တာနဲ့ မကောင်းသောဝေဖန်တာ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မွေစံကတော့ လူတွေအားလုံးကို ချစ်ပါတယ်။ မေတ္တာမပျက်ပါဘူးလို့ ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ကိုယ့်အနေနဲ့ တုန်လှုပ်ခဲ့တာမျိုးရှိလားလို့ မေးမြန်းရာ “ဟင့်အင်း No No လုံးဝ မတုန်လှုပ်ဘူး စပေါ်ကတည်းက မွေစံ ကိုယ့်ကိုယ်ကိုယ် ဖုန်းကွယ်ထားခြင်းမရှိဘူး။ အဲ့တာကြောင့်မို့လို့ ဘယ်လိုမှ မနေပါဘူး။ နဂိုကတည်းကလည်း Status တင်ထားတယ်။ ဘာမှပတ်သက်မှုမရှိတော့ဘူး လက်ရှိမှာလည်း ဘယ်သူနဲ့မှ ပတ်သက်မှုမရှိတဲ့ လုံးဝ Single စစ်စစ်ပါလို့ပြောပြီးသွားပါပြီ။ မွေစံက ဂရုမစိုက်ဘူး ဘယ်အရာကိုမှ ကိုယ့်ကိုယ် တိုက်ခိုက်လေလေ ကိုယ်က တည်ငြိမ်လေလေပဲ အဲ့တာကြောင့် Feeling confidence ပဲ ဘယ်လိုမှ မနေဘူး။”လို့ပြောသွားခဲ့ပါတယ်။Single ဖြစ်သွားတာ ဘယ်လောက်လောက် ကြာပြီလဲလို့ မေးမြန်းရာ “Single ဖြစ်သွားတာ ဘယ်လောက်လောက် ကြာပြီလဲ ဆိုတော့ ၇လ ၈လ လောက်တော့ရှိပြီပေါ့နော်။ အစပိုင်းကတော့ နည်းနည်းလေး ပျင်းတယ်။ တစ်ယောက်တည်းနေရတာ ကြာတော့ သိတယ်မလား တစ်ခုခုလိုနေသလိုပေါ့နော်။ ဒါပေမဲ့လည်း အခုကတော့ နေတတ်နေပါပြီ ဘာမှမဖြစ်ဘူး ပိုတောင်ပျော်သေးတယ်။ ကိုယ်ဘာလုပ်လုပ် ပြန်ပြီးတော့ Imform လုပ်နေစရာမလိုတော့ဘူးကွာ သိလား။ ကျေနပ်တယ်။”လို့ ပြောသွားခဲ့ပါတယ်။
ရှေ့ဆက်ပြီး တစ်ယောက်တည်း နေသွားမှာလားလို့ မေးမြန်းရာ “တစ်ယောက်တည်းတော့ မနေပါဘူး ပျင်းစရာကြီး ဘာလို့လဲဆိုတော့ ယောက်ျားကတော့ ယူမှာပဲ။ လက်ရှိကတော့မရှိဘူး အခုကတော့ မရှိပါဘူး။ အဲ့တာကြောင့်မို့လို့ Available ဖြစ်နေပါတယ်လို့ ပြောချင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။အိမ်ထောင်ကျပြီးရင် ကလေးဘယ်လောက်လိုချင်လဲလို့ မေးမြန်းရာ “ကလေးက နှစ်ယောက်လိုချင်ပါတယ်။ နှစ်ယောက် သို့မဟုတ် သုံးယောက် ဒီအတိုင်းကြီး နှစ်ခါ သုံးခါကြီး မမွေးချင်ဘူး တစ်ခါတည်း သုံးမွှာပူးမွေးချင်တယ် အဲ့လိုစဉ်းစားထားတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ကိုယ့်ကိုယ် Troll တဲ့သူတွေကို ဘယ်လိုမြင်လဲလို့ မေးမြန်းရာ “ဘယ်လိုမြင်လဲဆိုတော့ သူတို့ကိုတော့ သိပြီး စိတ်ထဲမထားဘူးပေါ့ဘယ်လိုမှ မနေပါဘူး ရယ်ပဲရယ်လိုက်တော့မယ် ဘာမှမပြောတော့ဘူး။”လို့ပြောသွားခဲ့ပါတယ်။Credit-aungparsay