Latest Posts

ညောင်ဦးတွင် မြေပြို ကျရာမှတဆင့် ဥမင်တစ်ခုတွေ့ရှိ

မႏၲေလး ေညာင္ဦးၿမိဳ႕၊ အမွတ္(၃)နယ္ေျမ၊ ေအာင္ေဇယ်ရပ္ကြက္ အတြင္း ေျမၿပိဳၾကရာမွတဆင့္ ပုဂံေခတ္ ေရွေဟာင္းဥမွင္ တစ္ခု ေတြ႕ရွိခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန က သတင္းထုတ္ျပန္သည္။ေျမညႇိ သန႔္ရွင္းေရး လုပ္ရင္း ေျမၿပိဳက်သြားရင္းေတြ႕ရွိခဲ့ျခင္းလည္းျဖစ္သည္။

အဆိုပါ ဥမင္အတြင္းတြင္ အျမင့္(၄)ေပခန႔္ရွိ အုတ္တိုက္ငယ္တစ္ခု ကိုပါ သက္ဆိုင္ရာကေတြ႕ရွိခဲ့သည့္အျပင္ မတ္ရပ္ သစ္သား ဆင္းတုေတာ္(၂)ဆူကိုပါ ေတြ႕ရွိခဲ့သည္ဟုသိရသည္။

ယင္းဥမင္သည္ ငွက္ပစ္ေတာင္ပတ္ဝန္းက်င္၊ ျမႇားသဂူ၊ သမီးဝွက္ဂူ၊ ေဒၚငွက္ဂူတို႔ႏွင့္ ဆက္စပ္လ်က္ရွိသည့္အတြက္ ပုဂံေခတ္ေရွးေဟာင္း ဥမင္ႀကီးတစ္ခုျဖစ္ႏိုင္ဟု သက္ဆိုင္ရာက ခန႔္မွန္းထားၿပီး ဥမင္အတြင္းမွ ေတြ႕ရွိရေသာ သစ္(ကြၽန္း) သား ဆင္းတုေတာ္(၂)ဆူကိုလည္း ပုဂံေခတ္(၁၃)ရာစုေႏွာင္းပိုင္းလက္ရာ ဆင္းတုေတာ္မ်ားျဖစ္ႏိုင္သည္ဟု ခန႔္မွန္းထားသည္။

Credit-burmese.asia
Unicode
မန္တလေး ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေ၊ အောင်ဇေယျရပ်ကွက် အတွင်း မြေပြိုကြရာမှတဆင့် ပုဂံခေတ် ရှေဟောင်းဥမှင် တစ်ခု တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က သတင်းထုတ်ပြန်သည်။မြေညှိ သန့်ရှင်းရေး လုပ်ရင်း မြေပြိုကျသွားရင်းတွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ဥမင်အတွင်းတွင် အမြင့်(၄)ပေခန့်ရှိ အုတ်တိုက်ငယ်တစ်ခု ကိုပါ သက်ဆိုင်ရာကတွေ့ရှိခဲ့သည့်အပြင် မတ်ရပ် သစ်သား ဆင်းတုတော်(၂)ဆူကိုပါ တွေ့ရှိခဲ့သည်ဟုသိရသည်။

ယင်းဥမင်သည် ငှက်ပစ်တောင်ပတ်ဝန်းကျင်၊ မြှားသဂူ၊ သမီးဝှက်ဂူ၊ ဒေါ်ငှက်ဂူတို့နှင့် ဆက်စပ်လျက်ရှိသည့်အတွက် ပုဂံခေတ်ရှေးဟောင်း ဥမင်ကြီးတစ်ခုဖြစ်နိုင်ဟု သက်ဆိုင်ရာက ခန့်မှန်းထားပြီး ဥမင်အတွင်းမှ တွေ့ရှိရသော သစ်(ကျွန်း) သား ဆင်းတုတော်(၂)ဆူကိုလည်း ပုဂံခေတ်(၁၃)ရာစုနှောင်းပိုင်းလက်ရာ ဆင်းတုတော်များဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။Credit-burmese.asia