Latest Posts

ချစ်သူဖြစ်နေရင်တောင် ဒါမျိုးလာလုပ်ရင် ဥပဒေနဲ့ငြိစွန်းလို့ ရဲစခန်းမှာ အမှုဖွင့်နိုင်ပါတယ် မိန်းကလေးတိုင်း မဖြစ်မနေ သိထားသင့်ပါတယ်နော်

ခ်စ္သူစံုတြဲေတြ အပါအဝင္ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ရုပ္ပိုင္းဆိုင္ရာျဖင့္ျဖစ္ေစ၊ စိတ္ပုိင္းဆိုင္ရာျဖင့္ ျဖစ္ေစ ဘယ္လိုညွင္းပန္းႏွိပ္စက္မႈမ်ိဳး မဆုိဥပေဒနဲ႔ ျငိစြန္းပါတယ္။ ကုိယ္နဲ႔ ဘယ္ေလာက္ခ်စ္ေနတဲ့ ခ်စ္သူရည္းစားပဲ ျဖစ္ေနပါေစ ခုေဖာ္ျပမယ့္ အခ်က္ေတြထဲက တစ္ခုခု လာလုပ္ရင္ေတာ့ဥပေဒနဲ႔ ျငိစြန္းတာေၾကာင့္ ရဲစခန္း ေခၚသြားလို႔ရပါတယ္။

ကိုယ့္ကို ညွင္းပန္းႏွိပ္စက္တဲ့ ခ်စ္သူကို သည္းခံေနမယ့္အစား တရားဥပေဒအရေျဖရွင္းလိုက္တာ အေကာင္းဆံုးျဖစ္ပါတယ္။


(၁) လိင္ပိုင္းဆိုင္ရာဓာတ္ပံုေတြေပါက္ၾကားေစျခင္း တကယ္လို႔ သင့္ခ်စ္သူက သင့္ရဲ႕ လိင္ပုိင္းဆိုင္ရာ ဓာတ္ပံုေတြကို အြန္လိုင္းမွာျဖစ္ေစ၊ တျခားဘယ္ေနရာမွာ အဆို ျပန္႔ႏွံ႔ေစခဲ့ရင္ေတာ့ ဥပေဒနဲ႔ျငိစြန္းတာေၾကာင့္ ရဲတိုင္ျပီးအမႈဖြင့္ႏိုင္ပါတယ္ (၂) ေငြေၾကးဆိုင္ရာ ကန္႔သတ္ခ်က္မ်ားျပဳလုပ္ျခငး္ ခ်စ္သူမကလုိ႔ လင္မယားဆိုရင္ေတာင္ တစ္ေယာက္က အျခားတစ္ေယာက္ရဲ႕ ေငြေၾကးဘ႑ာ (ဘဏ္အေကာင့္) နဲ႔ပတ္သက္ျပီး ဝင္စြက္ဖက္ခြင့္မရွိပါဘူး။ ဥပမာ သူတုိ႔မတတ္ႏိုင္တဲ့ ပစၥည္းကို အတင္းဝယ္ေပးခိုင္းတာမ်ိဳးပါ။

(၃) ခဏခဏႏွိမ္တဲ့အသံုးအႏႈန္းသံုးတာ သင့္ခ်စ္သူ၊ ခင္ပြန္းက သင့္ကို ႏွိမ္တာ၊ သင္အသံုးမက်တဲ့ အေၾကာင္းေတြကို ထပ္ခါထပ္ခါေျပာျပီး စိတ္ဓာတ္ကို ခ်ိဳးႏွိမ္တာမ်ိဳးဟာ စိတ္ပိုင္းဆိုင္ရာ ညွင္းပနး္ႏွိပ္စက္မႈ ျဖစ္တာေၾကာင့္ အမႈဖြင့္လို႔ရပါတယ္။

(၄) မိဘ၊ သူငယ္ခ်င္းေတြနဲ႔ေသြးခြဲတာ သင့္ခ်စ္သူ၊ ခင္ပြန္းဟာ သင့္သူငယ္ခ်ငး္ေတြ၊ မိဘေတြနဲ႔ ေပးမေတြ႔တာ၊ သူတုိ႔နဲ႔ဆက္သြယ္လို႔မရေအာင္ လုပ္တာမ်ိဳးဆိုရင္ေတာ့ ဥပေဒနဲ႔ျငိစြန္းေနပါတယ္။ (၅) ေျခာက္လွန္႔တယ္ သင့္ခ်စ္သူ၊ ခင္ပြန္းဟာ ကုိယ္ထိလက္ေရာက္သင့္ကို မႏွိပ္စက္ရင္ေတာင္ သင့္ကိုေၾကာက္လန္႔ေအာင္လုပ္တယ္၊ ေအာ္ဟစ္ဆူပူတယ္၊ ပစၥည္းေတြကိုင္ေပါက္တယ္၊ နံရံကိုလက္သီးနဲ႔ထိုးတယ္၊ သူ႔ကိုသူသတ္ေသမယ္လို႔ ေျပာတယ္၊ သင့္ကိုသတ္မယ္လို႔ ေျပာတယ္၊

သင့္စိတ္ကို ေၾကာက္လန္႔ေအာင္ ေျခာက္လွန္႔တဲ့ ဘယ္လိုအျပဳအမူကိုပဲ လုပ္လုပ္ ဥပေဒနဲ႔ျငိစြန္းတာေၾကာင့္ ရဲတိုင္လို႔႔ ရပါတယ္။ (၆) ကိုယ္ေရးကိုယ္တာဝင္စြက္ဖက္ျခငး္ သင့္ခ်စ္သူ၊ ခင္ပြနး္ဟာ သင့္ရဲ႕ကိုယ္ေရးကုိယ္တာျဖစ္တဲ့ ဘဏ္အေကာင့္ password၊ Facebook သို႔မဟုတ္ Email password ေတြကို သိဖုိ႔ၾကိဳးစားတယ္၊ သင့္ရဲ႕ုကိုယ္ေရးကိုယ္တာေတြကို ဝင္စြက္ဖက္ေနတယ္၊ သင့္ကို တိတ္တိတ္ေလး အျမဲလိုက္ေခ်ာင္းေနတယ္ ဆိုရင္ ရဲတိုင္လို႔ ရပါတယ္။

(၇) သင္မလုပ္ခ်င္တာကိုလုပ္ခိုင္းတယ္ ႏွစ္ဦးႏွစ္ဖက္ စိတ္မပါပဲ လိင္ဆက္ဆံခိုင္းတာ၊ သူ႔ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို အတင္းအက်ပ္ လိုက္နာခိုင္းတာ၊ အဝတ္အစားအျပင္အဆင္ကအစ သူ႔သေဘာအတိုင္းပဲ လိုက္ခိုင္းတာမ်ိဳးဆိုရင္ေတာ့ ဥပေဒနဲ႔ျငိစြန္းတာေၾကာင့္ ရဲတိုင္ႏိုင္ပါတယ္။ (၈) အလြန္အမင္းသဝန္တိုျခင္း သင့္ခ်စ္သူ၊ ခင္ပြန္းဟာ လူတုိင္းလိုလိုနဲ႔သင့္ကို သဝန္တိုတယ္၊ မသကၤာအျမဲျဖစ္ေနတယ္၊ သင့္ကိုခ်ဳပ္ခ်ယ္ျပီး အျမဲတမး္ ျပသနာရွာ၊ ရစ္ေနတယ္ဆိုရင္ေတာ့ ဥပေဒနဲ႔ျငိစြနး္တာေၾကာင့္ ရဲတိုင္လို႔ရပါတယ္။Credit-aungparsay
Unicode
ချစ်သူစုံတွဲတွေ အပါအဝင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြင့် ဖြစ်စေ ဘယ်လိုညှင်းပန်းနှိပ်စက်မှုမျိုး မဆိုဥပဒေနဲ့ ငြိစွန်းပါတယ်။ ကိုယ်နဲ့ ဘယ်လောက်ချစ်နေတဲ့ ချစ်သူရည်းစားပဲ ဖြစ်နေပါစေ ခုဖော်ပြမယ့် အချက်တွေထဲက တစ်ခုခု လာလုပ်ရင်တော့ဥပဒေနဲ့ ငြိစွန်းတာကြောင့် ရဲစခန်း ခေါ်သွားလို့ရပါတယ်။

ကိုယ့်ကို ညှင်းပန်းနှိပ်စက်တဲ့ ချစ်သူကို သည်းခံနေမယ့်အစား တရားဥပဒေအရဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၁) လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေပေါက်ကြားစေခြင်း တကယ်လို့ သင့်ချစ်သူက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေကို အွန်လိုင်းမှာဖြစ်စေ၊ တခြားဘယ်နေရာမှာ အဆို ပြန့်နှံ့စေခဲ့ရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်ပြီးအမှုဖွင့်နိုင်ပါတယ် (၂) ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များပြုလုပ်ခြင်း ချစ်သူမကလို့ လင်မယားဆိုရင်တောင် တစ်ယောက်က အခြားတစ်ယောက်ရဲ့ ငွေကြေးဘဏ္ဍာ (ဘဏ်အကောင့်) နဲ့ပတ်သက်ပြီး ဝင်စွက်ဖက်ခွင့်မရှိပါဘူး။ ဥပမာ သူတို့မတတ်နိုင်တဲ့ ပစ္စည်းကို အတင်းဝယ်ပေးခိုင်းတာမျိုးပါ။

(၃) ခဏခဏနှိမ်တဲ့အသုံးအနှုန်းသုံးတာ သင့်ချစ်သူ၊ ခင်ပွန်းက သင့်ကို နှိမ်တာ၊ သင်အသုံးမကျတဲ့ အကြောင်းတွေကို ထပ်ခါထပ်ခါပြောပြီး စိတ်ဓာတ်ကို ချိုးနှိမ်တာမျိုးဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ဖြစ်တာကြောင့် အမှုဖွင့်လို့ရပါတယ်။

(၄) မိဘ၊ သူငယ်ချင်းတွေနဲ့သွေးခွဲတာ သင့်ချစ်သူ၊ ခင်ပွန်းဟာ သင့်သူငယ်ချင်းတွေ၊ မိဘတွေနဲ့ ပေးမတွေ့တာ၊ သူတို့နဲ့ဆက်သွယ်လို့မရအောင် လုပ်တာမျိုးဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းနေပါတယ်။ (၅) ခြောက်လှန့်တယ် သင့်ချစ်သူ၊ ခင်ပွန်းဟာ ကိုယ်ထိလက်ရောက်သင့်ကို မနှိပ်စက်ရင်တောင် သင့်ကိုကြောက်လန့်အောင်လုပ်တယ်၊ အော်ဟစ်ဆူပူတယ်၊ ပစ္စည်းတွေကိုင်ပေါက်တယ်၊ နံရံကိုလက်သီးနဲ့ထိုးတယ်၊ သူ့ကိုသူသတ်သေမယ်လို့ ပြောတယ်၊ သင့်ကိုသတ်မယ်လို့ ပြောတယ်၊

သင့်စိတ်ကို ကြောက်လန့်အောင် ခြောက်လှန့်တဲ့ ဘယ်လိုအပြုအမူကိုပဲ လုပ်လုပ် ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်လို့ ရပါတယ်။ (၆) ကိုယ်ရေးကိုယ်တာဝင်စွက်ဖက်ခြင်း သင့်ချစ်သူ၊ ခင်ပွန်းဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ဘဏ်အကောင့် password၊ Facebook သို့မဟုတ် Email password တွေကို သိဖို့ကြိုးစားတယ်၊ သင့်ရဲ့ုကိုယ်ရေးကိုယ်တာတွေကို ဝင်စွက်ဖက်နေတယ်၊ သင့်ကို တိတ်တိတ်လေး အမြဲလိုက်ချောင်းနေတယ် ဆိုရင် ရဲတိုင်လို့ ရပါတယ်။

(၇) သင်မလုပ်ချင်တာကိုလုပ်ခိုင်းတယ် နှစ်ဦးနှစ်ဖက် စိတ်မပါပဲ လိင်ဆက်ဆံခိုင်းတာ၊ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အတင်းအကျပ် လိုက်နာခိုင်းတာ၊ အဝတ်အစားအပြင်အဆင်ကအစ သူ့သဘောအတိုင်းပဲ လိုက်ခိုင်းတာမျိုးဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်နိုင်ပါတယ်။ (၈) အလွန်အမင်းသဝန်တိုခြင်း သင့်ချစ်သူ၊ ခင်ပွန်းဟာ လူတိုင်းလိုလိုနဲ့သင့်ကို သဝန်တိုတယ်၊ မသင်္ကာအမြဲဖြစ်နေတယ်၊ သင့်ကိုချုပ်ချယ်ပြီး အမြဲတမ်း ပြသနာရှာ၊ ရစ်နေတယ်ဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်လို့ရပါတယ်။Credit-aungparsay