Latest Posts

အင်တာနက်မှာဆိုးဝါးတဲ့ကွန်မန့်ပေးသူတွေကို အရေးယူဖို့ရာ Sulli Law ကို ပြဌာန်းရန်ကြိုးပမ်း

အခုရက္ပိုင္းမွာလူေတြအားလုံးအံံ့အားသင့္ေစခဲ့တဲ့သတင္းတစ္ခုဟာ ေတာင္ကိုရီးယားအႏုပညာရွင္ Sulli ရဲ့ေသဆုံးမွုသတင္းျဖစ္ပါတယ္။ငယ္ရြယ္လွပၿပီးေအာင္ျမင္တဲ့မိန္းမပ်ိဳေလးဟာ ကိုယ့္ကိုကိုယ္သတ္ေသသြားေလာက္ေအာင္ကိုျဖစ္ေစခဲ့တဲ့အေၾကာင္းရင္းဟာ လူအေတာ္မ်ားမ်ားစိတ္ဝင္စားတဲ့အရာပါ။ဒီလိုျဖစ္တာဟာ အင္တာနက္မွာ ဆိုးဝါးတဲ့မွတ္ခ်က္ေပးသူေတြေၾကာင့္ျဖစ္တယ္လို့ယူဆထားၾကပါတယ္။

စိတ္ဖိစီးမွုေတြနဲ႔အတူစိတ္က်ေရာဂါေရာခံစားေနရတဲ့ Sulli အဖို့ေတာ့ ဘယ္သူဘယ္ဝါမွန္းမသိတဲ့ လူေတြရဲ့မွတ္ခ်က္ေတြေၾကာင့္ မခံနိုင္ေအာင္စိတ္ထိခိုက္ၿပိဳလဲခဲ့ရပုံပါပဲ။နာမည္အတုေတြနဲ႔အသုံးျပဳေနတဲ့အေကာင့္ေတြဟာ တစ္ဖက္သားကိုထိခိုက္နာက်င္ေစေလာက္ေအာင္ျပင္းထန္တဲ့စကားလုံးေတြသုံးၿပီး ကြန္မန႔္ေတြေရးသားၾကတာျဖစ္ပါတယ္။

ဒီလိုမ်ိဳးေတြျဖစ္တာကို ကာကြယ္ဖို့အတြက္ေတာ့ ေတာင္ကိုရီးယားနိုင္ငံမွာ ေကာ္မတီဖြဲ႕ၿပီး “Sulli law” ဆိုတဲ့ ဥပေဒတစ္ရပ္ကို အတည္ျပဳဖို့အတြက္လုပ္ေဆာင္ေတာ့မွာပါ။ဒီလုပ္ေဆာင္ခ်က္ကိုတာဝန္ရွိသူေတြအျပင္ ဆိုးဝါးတဲ့မွတ္ခ်က္ေတြေပးခံရတဲ့ဆယ္လီအေျမာက္အမ်ားက အားေပးေထာက္ခံၾကတာပါ။ကိုရီးယားနိုင္ငံမွာ အႏုပညာရွင္ေတြ အခုလိုသတ္ေသမွုေတြျပဳလုပ္ေလ့ရွိတာေၾကာင့္ ေနာက္ထပ္မျဖစ္ပြားေအာင္ေဆာင္ရြက္ဖို့စတင္ၿပီးႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္ေနာ္။
Credit-original
Unicode
အခုရက်ပိုင်းမှာလူတွေအားလုံးအံံ့အားသင့်စေခဲ့တဲ့သတင်းတစ်ခုဟာ တောင်ကိုရီးယားအနုပညာရှင် Sulli ရဲ့သေဆုံးမှုသတင်းဖြစ်ပါတယ်။ငယ်ရွယ်လှပပြီးအောင်မြင်တဲ့မိန်းမပျိုလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားလောက်အောင်ကိုဖြစ်စေခဲ့တဲ့အကြောင်းရင်းဟာ လူအတော်များများစိတ်ဝင်စားတဲ့အရာပါ။ဒီလိုဖြစ်တာဟာ အင်တာနက်မှာ ဆိုးဝါးတဲ့မှတ်ချက်ပေးသူတွေကြောင့်ဖြစ်တယ်လို့ယူဆထားကြပါတယ်။စိတ်ဖိစီးမှုတွေနဲ့အတူစိတ်ကျရောဂါရောခံစားနေရတဲ့ Sulli အဖို့တော့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတွေရဲ့မှတ်ချက်တွေကြောင့် မခံနိုင်အောင်စိတ်ထိခိုက်ပြိုလဲခဲ့ရပုံပါပဲ။နာမည်အတုတွေနဲ့အသုံးပြုနေတဲ့အကောင့်တွေဟာ တစ်ဖက်သားကိုထိခိုက်နာကျင်စေလောက်အောင်ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး ကွန်မန့်တွေရေးသားကြတာဖြစ်ပါတယ်။
ဒီလိုမျိုးတွေဖြစ်တာကို ကာကွယ်ဖို့အတွက်တော့ တောင်ကိုရီးယားနိုင်ငံမှာ ကော်မတီဖွဲ့ပြီး “Sulli law” ဆိုတဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုဖို့အတွက်လုပ်ဆောင်တော့မှာပါ။ဒီလုပ်ဆောင်ချက်ကိုတာဝန်ရှိသူတွေအပြင် ဆိုးဝါးတဲ့မှတ်ချက်တွေပေးခံရတဲ့ဆယ်လီအမြောက်အများက အားပေးထောက်ခံကြတာပါ။ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေ အခုလိုသတ်သေမှုတွေပြုလုပ်လေ့ရှိတာကြောင့် နောက်ထပ်မဖြစ်ပွားအောင်ဆောင်ရွက်ဖို့စတင်ပြီးကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်နော်။Credit-original