Latest Posts
” ယုန်လေးရဲ့ အမိုက်စားရိုက်ချက်တွေနဲ့အတူ မြင်ရတော့မယ့် MC ကယားလေးနဲ့ Rap ကျားကြီးတို့ရဲ့ “မိုးရာသီအလွမ်း ” “
Unicode
ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ “မိုးရာသီအလွမ်း”သီချင်းရဲ့ MTV လေးကို ပရိသတ်တွေအားလုံးလည်း ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။။ဒီသီချင်းလေးရဲ့ စာသားတွေဟာ ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေတဲ့ အထိကို ရေပန်းစားခဲ့ပေမဲ့လည်း MTV ရိုက်ကူးမှုတွေမှာ အလွဲလေးတွေရှိခဲ့တာပဲဖြစ်ပါတယ်။
လူငယ်တွေကို လက်တွဲခေါ်နေတဲ့ ယုန်လေးကတော့ ဒီလိုလွဲမှားမှုလေးတွေကို ပြန်လည်ပြင်ဆင်ပေးပြီး သီချင်းလေးအသစ်ပြန်လည်ရိုက်ကူးပေးဖို့အတွက် စစအရာရာတာဝန်ယူပေးမှာဖြစ်တာကြောင့် ရန်ကုန်ကို လာဖို့Rap ကျားကြီး၊ Mcကယားလေးကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ယုန်လေးရဲ့ အမိုက်စားရိုက်ချက်တွေနဲ့အတူ လုံးဝလန်ထွက်နေတဲ့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ရဲ့ “မိုးရာသီအလွမ်း “သီချင်း Teaser ကတော့ထွက်ရှိလာပြီး ပရိသတ်အများရဲ့ ချီးကျူးအားပေးမှုကိုရရိနေပါတယ်။ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။
ယုန်လေးတစ်ယောက် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးခဲ့တဲ့ “အော်ရီဂျင်နယ် ဂိုဏ်းစတား”၊ “အထူးတပ်ဖွဲ့ဝင် (၉)ယောက်”၊ “သတိ အန္တရာယ်ရှိသည်”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံပြည့် ရုံလျှံအားပေးတဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။
ရိုက်ချက်အပြင်းစားတွေနဲ့ ဒါရိုက်တာတစ်ယောက်အနေဖြင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ယုန်လေးရဲ့အမိုက်စားရိုက်ချက်တွေနဲ့အတူ လုံးဝလန်ထွက်နေတဲ့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ရဲ့ “မိုးရာသီအလွမ်း “သီချင်း Teaser ကတော့ ကြည့်ရှူသူ သောင်းချီသွားပြီလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးအတွက် MC ကယားလေးနဲ့ Rap ကျားကြီးတို့ရဲ့ “မိုးရာသီအလွမ်း “သီချင်းရဲ့ Teaser လေးကိုမျှဝေပေးလိုက်ပါတယ်။Credit-aungparsay