Latest Posts

ရည်စားဆိုသူက LCCI သင်တန်းခန်းမထဲဝင်ရောက်ကာ ဓားဖြင့်ထိုး၍ မိန်းကလေးတဦး သေဆုံး

မႏၲေလး၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ကၪၶနမဟီရပ္ကြက္ ၇၈လမ္းႏွင့္ ၃၄လမ္းေထာင့္ Sky Wall shopping mall (၃)လႊာရွိ LCCI စာရင္းကိုင္သင္တန္းတြင္ ေအာက္တိုဘာ(၂၃)ရက္ညေန(၆)နာရီခြဲက သင္တန္းတက္ေနေသာသင္တန္းသူ(၁)ဦးမွာ ဓားထိုးခံရၿပီးေသ‌ဆုံးခဲ့ရရွာသည္။

ျဖစ္စဥ္မွာ LCCI စာရင္းကိုင္သင္တန္းမွ သင္တန္းသူ မေအးမြန္သန႔္အား ၎၏ရည္စားဆိုသူ ေမာင္လတ္ေအာင္(ခ)ေအာင္ေအာင္မွ အ႐ိုးအသြား(၁၀)လက္မခန႔္ရွိ စတီးဓားျဖင့္ထိုးရာ မေအးမြန္သန႔္၏ ဝဲဘက္ရင္အုံထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ဝဲရင္ၫြန႔္ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ယာဝမ္းဗိုက္ထိုးသြင္းဒဏ္ရာ(၁)ခ်က္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ေသ‌ဆုံးသြားခဲ့ျခင္းျဖစ္သည္။
“သူက သင္တန္းခန္းမထဲ ဝင္လာၿပီး ေကာင္မေလးကို လာေခၚတယ္။ အဲဒီမွာ စကားမ်ားရန္ျဖစ္ၾကၿပီး ေကာင္ေလးက အ႐ိုးအသြား ၁၀ လက္မခန႔္ရွိ ဓားနဲ႔ထိုးခဲ့တာပါ။ က်ဳးလြန္သူကိုခ်က္ခ်င္းဖမ္းမိႏိုင္ခဲ့တယ္။ စခန္းမွာ အမႈဖြင့္ထားတယ္။”ဟု စခန္းမွာ အမႈဖြင့္ထားတယ္။”ဟု အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတဦးကေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဳးလြန္သူ ေမာင္လတ္ေအာင္(ခ)ေအာင္ေအာင္အား ခ်က္ခ်င္းဖမ္းဆီးရမိခဲ့ၿပီး အမွတ္(၈)ၿမိဳမရဲစခန္းတြင္ (ပ)၆၉၅/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။Credit-aungparsay
Unicode
မန္တလေး၊ချမ်းအေးသာစံမြို့နယ်၊ကဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနှင့် ၃၄လမ်းထောင့် Sky Wall shopping mall (၃)လွှာရှိ LCCI စာရင်းကိုင်သင်တန်းတွင် အောက်တိုဘာ(၂၃)ရက်ညနေ(၆)နာရီခွဲက သင်တန်းတက်နေသောသင်တန်းသူ(၁)ဦးမှာ ဓားထိုးခံရပြီးသေ‌ဆုံးခဲ့ရရှာသည်
ဖြစ်စဉ်မှာ LCCI စာရင်းကိုင်သင်တန်းမှ သင်တန်းသူ မအေးမွန်သန့်အား ၎င်း၏ရည်စားဆိုသူ မောင်လတ်အောင်(ခ)အောင်အောင်မှ အရိုးအသွား(၁၀)လက်မခန့်ရှိ စတီးဓားဖြင့်ထိုးရာ မအေးမွန်သန့်၏ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက် ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေ‌ဆုံးသွားခဲ့ခြင်းဖြစ်သည်။
“သူက သင်တန်းခန်းမထဲ ဝင်လာပြီး ကောင်မလေးကို လာခေါ်တယ်။ အဲဒီမှာ စကားများရန်ဖြစ်ကြပြီး ကောင်လေးက အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားနဲ့ထိုးခဲ့တာပါ။ ကျုးလွန်သူကိုချက်ချင်းဖမ်းမိနိုင်ခဲ့တယ်။ စခန်းမှာ အမှုဖွင့်ထားတယ်။”ဟု စခန်းမှာ အမှုဖွင့်ထားတယ်။”ဟု အမှတ်(၈)မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးကပြောသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်အား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)မြိုမရဲစခန်းတွင် (ပ)၆၉၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။Credit-aungparsay