Latest Posts
တစ်ဖတ်သတ် လမ်းခွဲခံခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ဆုအိမ့်စံ
Unicode
လတ်တလော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ မင်းသမီးချောလေး ဆုအိမ့်စံရဲ့အချစ်ရေးသတင်း အင်တာဗျူးကြောင့် ချစ်ရသူတွေနဲ့ ပရိသတ်တွေ အကုန်လုံးက စိတ်မကောင်းဖြစ်နေကြတာပါ။ ဆုအိမ့်စံကတော့ သူမအရမ်းကိုမျှော်လင့်ထားတဲ့ မင်္ဂလာပွဲလေး ပျက်သွားတာမို့ တော်တော်လေး စိတ်မကောင်းဖြစ်နေတာဖြစ်ပြီး လူမှုကွန်ယက်မှာလည်း တစ်ဖတ်သတ် လမ်းခွဲခံခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတာ တွေ့ရပါတယ်။ ဘေဘီဆုရဲ့အင်တာဗျူးတွေ၊ သူမတင်တဲ့စာလေးတွေကိုကြည့်ရင် သူမဘယ်လောက်တောင် စိတ်ထိခိုက်နေလဲဆိုတာ ပရိသတ်တွေလည်း သိကြမှာပါနော်။ချစ်ပရိသတ်တွေအတွက် ကောင်လေးဘက်က တစ်ဖတ်သတ်ကြီး Block သွားတာကို ခံခဲ့ရတဲ့အကြောင်း ထုတ်ပြောလာတဲ့ ဆုအိမ့်စံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဆုအိမ့်စံကတော့ လတ်တလော အင်တာဗျူးတွေနဲ့ ပတ်သတ်ပြီး “အမှန်တရားအတိုင်းဖြေရှင်းထားတာဖြစ်ပါတယ်… FB Engaged Relationship မှာ ဆုဆုတဖက်တည်းရှိနေတာ သူဆီကတဖက်သတ်လမ်းခွဲကြောင်းကြေညာပြီးနောက်မှာ သူBlock သွားလို့ပါ… ဆုဆုကိုနားလည်စာနာပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် ။” ဆိုပြီး ချစ်သူကောင်လေးဘက်က Block သွားလို့ ဖေ့စ်ဘုတ်မှာ သူမတစ်ယောက်တည်း တစ်ဖတ်သတ် စေ့စပ်ထားတဲ့ပုံစံဖြစ်နေတဲ့အကြောင်း ပြောထားတာပါ။
အခုအချိန်မှာတော့ ဆုအိမ့်စံတစ်ယောက် အရာအားလုံးကို တရားဥပဒေအရပဲ ရင်ဆိုင်သွားမယ်လို့ တရားဝင်ကြေငြာထားတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း ဘေဘီဆုတစ်ယောက် စိတ်ချမ်းသာမှုတွေနဲ့ အမြန်ဆုံး တွေ့ဆုံရပါစေလို့ ဆုတောင်းပေးခဲ့ပါဦးနော်။Credit-aungparsay