Latest Posts

ဖေ့ဘုတ်ခ်အကောင့် ပြန်လည်ရရှိသွားပြီဖြစ်တဲ့ သင်ဇာ

မေန႕က ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ နိုင္ငံေက်ာ္မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ရဲ႕ ေဖ့ဘုတ္ခ္အေကာင့္အပိတ္ခံလိုက္ရတဲ့ အေၾကာင္းေလးကို ပရိသတ္ေတြ သိရွိခဲ့မယ္ထင္ပါတယ္။ မမသင္ဇာရဲ႕ ေဖ့ဘုတ္ခ္အေကာင့္ကို Facebook Teamက ပိတ္တာကိုခံလိုက္ရတာလို႔ ေျပာဆိုေနၾကတာျဖစ္ၿပီး ကိစၥေလးဟာ လူမႈကြန္ရက္စာမ်က္ႏွာနဲ႕ပရိသတ္ေတြၾကားမွာ ဟိုးေလးတစ္ေက်ာ္ေက်ာ္ ျဖစ္ခဲ့ပါေသးတယ္။
တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီရက္ပိုင္းအတြင္း မမသင္ဇာရဲ႕ လူမႈကြန္ရက္မွာေဖာ္ျပတဲ့ ဆက္စီက်ၿပီး ေခတ္ေရွ႕ေျပးလြန္းလွတဲ့ ပုံေတြေၾကာင့္ အခုလို အပိတ္ခံခဲ့ရတာ ျဖစ္တယ္လို႔လည္း ထင္ေၾကးေပး ေျပာဆိုေနၾကပါေသးတယ္။

ဒီလို မမသင္ဇာရဲ႕အေကာင့္ အပိတ္ခံလိုက္ရတဲ့ အေပၚမွာ ေယာက္်ားေလး ပရိသတ္ေတြအေတာ္မ်ားမ်ားကေတာ့ စိတ္မေကာင္းျဖစ္ေနၾကတာျဖစ္ၿပီး တစ္ခ်ိဳ႕ေသာ ပရိသတ္ေတြကေတာ့ သင္ဇာရဲ႕ ဆက္စီဆန္တဲ့ ပုံေတြေၾကာင့္ အပိတ္ခံလိုက္ရတာဆိုရင္ Facebook Team က မမသင္ဇာလို ဆက္စီဆန္ဆန္ပုံေတြတင္တဲ့ အေကာင့္ေတြကိုက်ေတာ့ ဘာေၾကာင့္ မပိတ္တာလဲ လို႔ ေျပာဆိုေနၾကတာေတြလည္း ရွိေနပါတယ္။တခ်ိဳ႕ေသာ ပရိသတ္ေတြကလည္း ဒီလို ဆက္စီပုံေတြတင္လို႔ အပိတ္ခံရတာဆိုရင္ေတာ့ အခုလို အပိတ္ခံရတာေကာင္းတယ္လို႔ ေျပာဆိုေနတာေတြကိုလည္းေတြ႕ရပါေသးတယ္။
သို႔ေပမဲ့လည္း ဒီေန႕ မနက္မွာေတာ့ မမသင္ဇာရဲ႕ အေကာင့္က ျပန္လည္ရရွိသြားၿပီျဖစ္ၿပီး ဘာေၾကာင့္ အပိတ္ခံရတယ္၊ Facebook Team ကပိတ္ပစ္ခဲ့တာလား ဆိုတာကိုေတာ့ မမသင္ဇာကလည္း ေဖာ္ျပခဲ့ျခင္းမရွိသလို ခ်က္ခ်င္းအေကာင့္ ျပန္လည္ရရွိတာေၾကာင့္လည္း ပရိသတ္ေတြကအံ့ၾသမွင္သက္ ျဖစ္ေနၾကတာပါ။မမသင္ဇာကို အားေပးတဲ့ ပရိသတ္ေတြကေတာ့ သင္ဇာရဲ႕ အေကာင့္ေလးျပန္လည္ရရွိတာကို ဝမ္းသာေနၾကပါတယ္။ပရိသတ္ႀကီးေတြကေရာ သင္ဇာအေကာင့္ အပိတ္ခံလိုက္ရတာ ဘာေၾကာင့္လို႔ထင္ၾကလဲ။Credit-ungparsay
Unicode
မနေ့က ပရိသတ်တွေရဲ့ အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ ဖေ့ဘုတ်ခ်အကောင့်အပိတ်ခံလိုက်ရတဲ့ အကြောင်းလေးကို ပရိသတ်တွေ သိရှိခဲ့မယ်ထင်ပါတယ်။ မမသင်ဇာရဲ့ ဖေ့ဘုတ်ခ်အကောင့်ကို Facebook Teamက ပိတ်တာကိုခံလိုက်ရတာလို့ ပြောဆိုနေကြတာဖြစ်ပြီး ကိစ္စလေးဟာ လူမှုကွန်ရက်စာမျက်နှာနဲ့ပရိသတ်တွေကြားမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။
တချို့ပရိသတ်တွေကတော့ ဒီရက်ပိုင်းအတွင်း မမသင်ဇာရဲ့ လူမှုကွန်ရက်မှာဖော်ပြတဲ့ ဆက်စီကျပြီး ခေတ်ရှေ့ပြေးလွန်းလှတဲ့ ပုံတွေကြောင့် အခုလို အပိတ်ခံခဲ့ရတာ ဖြစ်တယ်လို့လည်း ထင်ကြေးပေး ပြောဆိုနေကြပါသေးတယ်။
ဒီလို မမသင်ဇာရဲ့အကောင့် အပိတ်ခံလိုက်ရတဲ့ အပေါ်မှာ ယောက်ျားလေး ပရိသတ်တွေအတော်များများကတော့ စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီး တစ်ချို့သော ပရိသတ်တွေကတော့ သင်ဇာရဲ့ ဆက်စီဆန်တဲ့ ပုံတွေကြောင့် အပိတ်ခံလိုက်ရတာဆိုရင် Facebook Team က မမသင်ဇာလို ဆက်စီဆန်ဆန်ပုံတွေတင်တဲ့ အကောင့်တွေကိုကျတော့ ဘာကြောင့် မပိတ်တာလဲ လို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။တချို့သော ပရိသတ်တွေကလည်း ဒီလို ဆက်စီပုံတွေတင်လို့ အပိတ်ခံရတာဆိုရင်တော့ အခုလို အပိတ်ခံရတာကောင်းတယ်လို့ ပြောဆိုနေတာတွေကိုလည်းတွေ့ရပါသေးတယ်။
သို့ပေမဲ့လည်း ဒီနေ့ မနက်မှာတော့ မမသင်ဇာရဲ့ အကောင့်က ပြန်လည်ရရှိသွားပြီဖြစ်ပြီး ဘာကြောင့် အပိတ်ခံရတယ်၊ Facebook Team ကပိတ်ပစ်ခဲ့တာလား ဆိုတာကိုတော့ မမသင်ဇာကလည်း ဖော်ပြခဲ့ခြင်းမရှိသလို ချက်ချင်းအကောင့် ပြန်လည်ရရှိတာကြောင့်လည်း ပရိသတ်တွေကအံ့သြမှင်သက် ဖြစ်နေကြတာပါ။မမသင်ဇာကို အားပေးတဲ့ ပရိသတ်တွေကတော့ သင်ဇာရဲ့ အကောင့်လေးပြန်လည်ရရှိတာကို ဝမ်းသာနေကြပါတယ်။ပရိသတ်ကြီးတွေကရော သင်ဇာအကောင့် အပိတ်ခံလိုက်ရတာ ဘာကြောင့်လို့ထင်ကြလဲ။Credit-ungparsay