iPhone 11 pro max လေး လိုချင်တယ်ဆိုတာနဲ့ ပိုက်ဆံတစ်ဝက်စိုက်ပြီးဝယ်ပေးတဲ့ ရွှေပိုးအိမ်ရဲ့ ချစ်ရသူတွေ
Unicode
ချစ်ဖို့ကောင်းတဲ့ ပြည့်ပြည့်ဖြိုးဖြိုးမင်းသမီးလေးရွှေပိုးအိမ်ကိုတော့ သူမရဲ့ we love တွေက အရမ်းကိုတန်ဖိုးထားပြီး ချစ်ကြတာပဲဖြစ်ပါ တယ်။ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေနဲ့ သူမတို့ကြားက ဆက်နွယ်မှုသံယောဇဉ်ကြိုးလေးဟာ အတော်လေးကိုခိုင်မြဲနေခဲ့ပါပြီ။ အရင်ကလည်း ရွှေပိုးကိုချစ်လို့ လက်ဆောင်လေးတွေမကြာခဏပေးတတ်ပြီး ဒီတစ်ခေါက်မှာတော့ သူမလိုချင်တဲ့ဖုန်းလေးဝယ်ဖို့ ပိုက်ဆံတစ်ဝက်စိုက်ပေးခဲ့တာပဲဖြစ်ပါတယ်။
iPhone 11 pro max mid night green လေးဟာဆိုရင် မြန်မာငွေနဲ့ သိန်းနှစ်ဆယ်ဝန်းကျင်ခန့် လောက်ပေါက်ဈေးရှိပြီး ဒီလိုဖုန်း တစ်လုံးကိုင်နိုင်ဖို့ဆိုတာလဲ လက်ထဲအတော်အသင့်ငွေကြေး ပြေလည်တဲ့အနေအထားလောက်မှအဆင်ပြေမှာပါ။ မင်းသမီး ကိုင်ချင်တယ်ဆိုတာနဲ့ we love တွေက ငွေတစ်ဝက်စိုက်ပေးပြီး သူတို့ချစ်တဲ့မင်းသမီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတတ်ပုံလေး ကတော့ တကယ့်ကိုကြည်နူးစရာပါ။
ရွှေပိုးကလဲ သူမ we love တွေရဲ့အချစ်တွေကို ” iPhone 11 pro max Mid night green လိုချင်တယ်ဆိုတော့ ချစ်တဲ့ We love တွေ က ပိုက်ဆံတစ်ဝက်စိုက်ပေးတယ် အဲ့ဒါနဲ့ ဝယ်လိုက်တယ် အလိုလိုက်ပေးကြလို့ အရမ်းပျော်တာနော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ အချစ်ခံရတဲ့ အရသာက ဘာနဲ့မှလဲလို့မရဘူးနော်။Credit-aungparsay