Latest Posts

စမ်းသပ်ချက်ရလဒ်တွေအရ ရင်သားကင်ဆာကို လုံးဝအပျောက်ကုသနိုင်တော့မည်







Unicode

စမ်းသပ်ချက်ရလဒ်တွေအရ ရင်သားကင်ဆာကို လုံးဝအပျောက်ကုသနိုင်တော့မည်

ကင်ဆာရောဂါဝေဒနာတွေထဲမှာ အမျိုးသမီးတွေကို ဒုက္ခအပေးနိုင်ဆုံးနဲ့ ရင်သားကင်ဆာဖြစ်မှာကို စိုးရိမ်နေရသူတွေများပါတယ်။ အခုဖော်ပြမယ့် သတင်းကောင်ကတော့

ကမ္ဘာကျော် Forbes မဂ္ဂဇင်ကနေ ထုတ်ပြတာဖြစ်ပြီး၊ ရင်သားကင်ဆာကို ပထမအဆင့်ကနေ လုံးဝမတက်စေတော့ဘဲ ရပ်တန့်စေမယ့် ဆေးနည်းကောင်းလို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က အမျိုးသမီးတစ်ဦးကို သူတို့အသစ်တီထွင်လိုက်တဲ့ဆေးနဲ့ ပတ်သက်တဲ့ (၁၂)လကြာစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ကာလအရောက်မှာ Lee Mercker ဆိုတဲ့ အမျိုးသမီးဟာ ရင်သားကင်ဆာကို ဇီရိုးဖြစ်နေတဲံ လက္ခဏာနဲ့ ကင်ဆာဆဲလ်လုံးဝမပျံ့တဲ့အနေအထာကို တွေ့ခဲ့ရပါတယ်။

ကင်ဆာဆဲလ်ဗဖယ်ရှားတာ၊ ရင်သားဖယ်ရှားတာနဲ့ နောက်ဆုံးဆေးသစ်စမ်းသပ်ချက် (၃)ခုထဲက တစ်ခုခုကို လုပ်ရမယ့်အချိန်မှာ Lee Mercker ကဆေးစမ်းသပ်ချက်ကို လက်ခံခဲ့ပြီး၊

တကယ်လည်း အောင်မြင်တဲ့အကျိုးရှိတဲ့ စမ်းသပ်ချက်ဖြစ်ခဲ့ပါတယ်။ ရင်သားကင်ဆာဆဲလ်တွေက မပျံ့နှံတော့ဘဲ မရှိတဲ့အနေအထားဒါမှမဟုတ် ရပ်နေတဲ့အနေအထားကို တစ်နှစ်အကြာမှာ ရလဒ်ထွက်ခဲ့တာပါ။

နောက်ဆုံးအဆင့်ထိ မစမ်းသပ်ရသေးတာက ဆေးဟာ လုံးလုံးကို ရင်သားကင်ဆာကို ဖယ်ရှားပစ်လိုက်တာလားနဲ့ ကနဦးအဆင့်ကနေ လုံးဝမတက်အောင် လုပ်လိုက်တာလားဆိုတာကိုပါ။

သူမရဲ့ရင်သားကို ဆေးရဲ့အလုပ်လုပ်ပုံကို ဆက်စမ်းသပ်ရဦးမှာဖြစ်ပြီး၊ နောက်ထပ်အမျိုးသမီးလူနာရှင်တစ်ဦးကို ဆက်စမ်းသပ်နေပြီလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးကလည်း အပေါင်းလက္ခဏာပြနေတဲ့အတွက် ဆေးဟာတကယ်ပဲ အလုပ်ဖြစ်ပြီဆိုတာသေချာခဲ့ပြီလို့ ဆိုရမှာပါ။ ဆေးကိုတီထွင်ထုတ်လုပ်ခဲ့တဲ့ ဆေးခန်းဖြစ်တဲ့ Jacksonville မြို့က
Mayo Clinic ဟာ အနာဂတ် ရင်သားကင်ဆာအမျိုးသမီးတွေအတွက် သတင်းကောင်းကို ယူလာပြီဖြစ်ပြီး စမ်းသပ်ချက်ပြီးတာနဲ့ ရင်သားကင်ဆာကို လုံးဝအပျောက်ကုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။Credit-သူရေး (ApannPyay).crd.