Latest Posts
သူအရမ်းကြွေရတဲ့ idol ကြီး အဆိုတော် လေးဖြူ နဲ့ ပထမဆုံးတွေ့ခွင့်ရလို့ ပျော်နေတဲ့ ဖြိုးမြတ်အောင်
Unicode
Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က သူအရမ်းကြွေရတဲ့ idol ကြီး အဆိုတော် လေးဖြူ နဲ့ ပထမဆုံးတွေ့ခွင့်ရလို့ ပျော်နေတဲ့ အကြောင်း ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album မိတ်ဆက်ပွဲ အခမ်းအနားကို City Mall မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်များစွာနဲ့ တွေ့ဆုံခဲ့ကာ အခွေများစံချိန်ချိုးပြီး ရောင်းကုန်ခဲ့တာပဲ ဖြစ်ပါတယ်
ဖြိုးမြတ်အောင် က ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ ” မြမြ” ရုပ်ရှင်ဇာတ်ကားမှာလည်း မင်းသားအဖြစ်ပါဝင် သရုပ်ဆောင်ဖို့ လုပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပါဝင်ခြင်း မရှိတော့ကြောင်းလည်း သိရပါတယ်။ဒီနေ့မှာတော့ ဖြိုးမြတ်အောင် က ” မင်္ဂလာရှိသောနေ့ဘဝမှာ ပထမဦးဆုံး ကိုယ်အရမ်း ကြွေခဲ့ ရသော idol. ကြီးနဲ့ အပြင်မှာ တွေ့ခွင့် ရတာ ရင်တွေ မတရား ခုန်ပျော်ပြီ ဗျာ  ဆိုပြီး အဆိုတော် လေးဖြူ နဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။ဖြိုးမြတ်အောင်က အဆိုတော်လေးဖြူ နဲ့ သီချင်းအတူဆိုဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ။ဖိုးမြတ်အောင်နဲ့ အဆိုတော် လေးဖြူ တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။Credit-original