Latest Posts

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မလုပ်ချင်တော့တဲ့ ဦးဇော်ဇော်

Unicode
ပရိသတ်ကြီးရေ ဘောလုံးအားကစားဆိုတာ ကျနော်တို့နိုင်ငံရဲ့ အားအပေးဆုံး အကြိုက်ဆုံး အားကစားနည်းတစ်ခုပဲ ဖြစ်ပါတယ်….ဘောလုံးချစ်ပရိသတ်တွေဟာ ဗဟာဒူး တို့ ခေတ် မှ သည် ကြည်လွင်…သန်းတိုးအောင်…စိုးမြတ်မင်း..မျိုးလှိုင်ဝင်း…ရန်ပိုင်…ကျော်ကိုကို …အောင်သူတို့ ခေတ်အထိ ရှုံးရှုံးနိုင်နိုင် စိတ်မပျက်ဘဲ အားပေးခဲ့ကြတာပဲဖြစ်ပါတယ်…
လက်ရှိမြန်မာ့ဘောလုံးလောကရဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ ဦးဇော်ဇော်ဖြစ်ပြီးတော့ ဘောလုံးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ငွေကုန်ကြေးကျစိုက်ထုတ်မှု စေတနာထားမှု လူရောငွေပါအကုန်ခံပြီး မြန်မာ့ဘောလုံးလောက တိုးတက်အောင် ဆောင်ရွက်ပေးမှုတွေကြောင့် ပရိသတ်တွေချစ်ခင်ကြသူ တစ်ဦးပဲ ဖြစ်ပါတယ်…..ဒီလို ပရိသတ်တွေချစ်ခင်ကြတဲ့ ဦးဇော်ဇော်ဟာ လာမယ့်နှစ် MFF ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်မခံတော့ဘူးလို့ ဆိုခဲ့ပါတယ်…ဘာလို့ အရွေးချယ်မခံတော့တာနဲ့ ပတ်သက်ပြီး ဦးဇော်ဇော်က သူ အဖွဲ့ချုပ်ဥက္ကဋ္ဌ လုပ်ခဲ့တာ ၁၄ နှစ်ကျော်ပြီ ဆိုတဲ့အကြောင်း နေရာတစ်နေရာမှာ အကြာကြီးခေါင်းဆောင်လုပ်တာ သင့်တော်တဲ့ အရာမဟုတ်ကြောင်း….မြန်မာနေရှင်နယ်လိဂ် ပျက်သွားမှာစိုးတာရယ်…နိုင်ငံတကာပြိုင်ပွဲတွေ ဝင်မပြိုင်နိုင်တော့မှာရယ်နဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင် ကိုယ့်နိုင်ငံ မျက်နှာငယ်ရမှာ စိုးတာကြောင့် ခုလို ဥက္ကဋ္ဌ ဆက်လုပ်နေတာဖြစ်ပြီးတော့ လာမဲ့ MFF ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌနေရာ ဝင်ရွေးခံသူရှိရင် သူဝင်မပြိုင်တော့ဘူး..နားချင်ပြီ လို့ ဆိုပါတယ်….သူနားရင်လည်း မြန်မာ့ဘောလုံးလောကအတွက် လိုအပ်တဲ့ငွေကြေးကအစ ကူညီသွားမှာပါလို့ လည်း သူက ဆိုခဲ့ပါတယ်…ဦးဇော်ဇော်ဟာ Max Myanmar နဲ့ Ayeyarwady Bank တည်ထောင်သူတစ်ဦးဖြစ်ပြီး ဘောလုံးလောကအပေါ် လူအင်အားငွေအင်အား အကုန်ကျခံပေးဆပ်နေသူတစ်ဦး ဖြစ်ပါတယ်…လက်ရှိ မြန်မာနေရှင်နယ်လိဂ် ဖြစ်ပေါ်လာအောင်လည်း သူပဲ ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်….ဒါ့အပြင် ပရဟိတ လုပ်ငန်းတွေမှာပါ လက်မနှေးဘဲ သဒ္ဓါထက်သန်လှူဒါန်းသူ တစ်ဦး ဖြစ်တာကြောင့် မြန်မာသူဌေးကြီးတွေထဲမှာ ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်…ပရိသတ်ကြီးတို့ရော ဦးဇော်ဇော်ကို ဘောလုံး ဥက္ကဋ္ဌ ဆက်လုပ်ပေးဖို့ တောင်းဆိုချင်ကြဘူးလား….Credit-aungparsay