Latest Posts

ရန်ကုန်တွင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို ရန်ကုန်ရဲအက် ဥပဒေဖြင့် ဖမ်းဆီးအရေးယူ

ရန္ကုန္တြင္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ ေနရာမ်ား၌ ၀ိုင္းဖဲြ႕၍ အရက္ေသစာ ေသာက္စားမူးယစ္သူမ်ားကို ရန္ကုန္ရဲအက္ ဥပေဒျဖင့္ ဖမ္းဆီးအေရးယူ

ရန္ကုန္၊ ဒီဇင္ဘာ ၃၀

ယေန႔ (ဒီဇင္ဘာ ၃၀ ရက္) ညပိုင္းတြင္ သက္ဆိုင္ရာၿမိဳ႕ နယ္မ်ားမွ ရဲတပ္ဖဲြ႕၀င္မ်ား၊ လံုၿခံဳေရးရဲတပ္ဖဲြ႕ခဲြမွ ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖဲြ႕မ်ားပူးေပါင္း၍ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ေနရာမ်ား တြင္ အရက္ေသစာေသာက္စားသူမ်ားကိုဖမ္းဆီးခဲ့ရာ အေရွ႕ပိုင္းခရိုင္၊ တာေမြၿမိဳ႕နယ္၊ လမ္းေဘး တြင္ အရက္ေသစာေသာက္စားသူ(၂)ဦး၊
သဃၤန္းကြ်န္းၿမိဳ႕နယ္၊ လမ္းေဘးတြင္ အရက္ေသစာေသာက္စား သူ(၂)ဦး၊ အေနာက္ပိုင္းခရိုင္၊ လိႈင္ၿမိဳ႕နယ္၊ဗဟန္းၿမိဳ႕နယ္ႏွင့္ ကမာရြတ္ၿမိဳ႕နယ္တို႔ရွိ အင္းယားကန္ေဘာင္ ေပၚတြင္ အရက္ေသစာေသာက္စားသူ(၁၉)ဦး ၊စမ္းေခ်ာင္းၿမိဳ႕နယ္၊ ပို႔စတာပန္းၿခံတြင္ အရက္ေသစာ ေသာက္စားသူ(၃)ဦး၊

ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္းခုံးတံတားေအာက္တြင္ အရက္ေသစာေသာက္စားသူ (၁)ဦး၊ ေတာင္ပိုင္းခရိုင္၊သန္လ်င္ၿမိဳ႕နယ္၊လမ္းေဘးတြင္ အရက္ေသစာေသာက္စားသူ(၄)ဦး တို႔အားဖမ္းဆီး ခ့ဲၿပီး ရန္ကုန္ရဲအက္ ဥပေဒျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
ရဲတပ္ဖြဲ႕၀င္မ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕သည္ အမ်ားျပည္သူ အပန္းေျဖ ဥယ်ာဥ္၊ အင္းယားကန္ေဘာင္၊ အမ်ားျပည္သူမ်ားသြားလာအသုံးျပဳသည့္ လူသြားစႀကၤန္ႏွင့္ ခုံးေက်ာ္တံတားမ်ား၌ အရက္ေသစာ၀ိုင္းဖြဲ႕ ေသာက္စား သူမ်ားကို ဖမ္းဆီးအေရးယူမႈမ်ားဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕အေနျဖင့္ လံုၿခံဳေရး၊ တရားဥပေဒစိုးမိုးေရး၊ ရပ္ရြာေအးခ်မ္းသာယာေရး၊ မႈခင္းႀကိဳတင္ကာကြယ္ေရးႏွင့္ မႈခင္းက်ဆင္း ေရးလုပ္ငန္းမ်ား စဥ္ဆက္မျပတ္ေဆာင္ရြက္လ်က္ရွိၿပီး ျပည္သူမ်ား စိတ္ေအးခ်မ္းေျမ့စြာျဖင့္ လူမႈကိစၥမ်ားအဆင္ေျပစြာေဆာင္ရြက္ႏိုင္ေစေရး အတြက္ အမ်ား ျပည္သူႏွင့္သက္ဆိုင္သည့္ လူစည္ကားရာ ပန္းၿခံမ်ား၊
လမ္းဆံုလမ္းခြမ်ား၊ တံတားမ်ားႏွင့္ လူသြားစႀကၤန္မ်ား ေပၚတို႔တြင္ ၀ိုင္းဖဲြ႕၍အရက္ေသစာေသာက္စားမူးယစ္သူမ်ားကို နယ္ေျမခံရဲတပ္ဖဲြ႕၀င္မ်ား၊ လံုၿခံဳေရး ရဲတပ္ဖဲြ႕ခဲြမ်ားမွ တပ္ဖဲြ႕၀င္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖဲြ႕မ်ားပူးေပါင္း၍ အသိပညာေပးျခင္းလုပ္ငန္းကို ေအာက္တို ဘာလ ၁ ရက္ေန႔မွ
စတင္ကာ ပညာေပးကာလ တစ္လသတ္မွတ္၍ လိုက္လံေဟာေျပာ ပညာေပးခဲ့ၿပီးေနာက္ ပညာေပးကာလတစ္လျပည့္ ေျမာက္သည့္ ေအာက္တိုဘာ၃၀ ရက္ေန႔မွစ၍ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ေနရာ မ်ားတြင္ ၀ိုင္းဖဲြ႕ကာအရက္ေသစာေသာက္စားမူးယစ္သူမ်ားကို အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။Credit-original
Unicode
ရန်ကုန်တွင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို ရန်ကုန်ရဲအက် ဥပဒေဖြင့် ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ညပိုင်းတွင် သက်ဆိုင်ရာမြို့ နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် အရက်သေစာသောက်စားသူများကိုဖမ်းဆီးခဲ့ရာ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ လမ်းဘေး တွင် အရက်သေစာသောက်စားသူ(၂)ဦး၊
သင်္ဃန်းကျွန်းမြို့နယ်၊ လမ်းဘေးတွင် အရက်သေစာသောက်စား သူ(၂)ဦး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ဗဟန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ရှိ အင်းယားကန်ဘောင် ပေါ်တွင် အရက်သေစာသောက်စားသူ(၁၉)ဦး ၊စမ်းချောင်းမြို့နယ်၊ ပို့စတာပန်းခြံတွင် အရက်သေစာ သောက်စားသူ(၃)ဦး၊ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးတံတားအောက်တွင် အရက်သေစာသောက်စားသူ (၁)ဦး၊ တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်၊လမ်းဘေးတွင် အရက်သေစာသောက်စားသူ(၄)ဦး တို့အားဖမ်းဆီး ခဲ့ပြီး ရန်ကုန်ရဲအက် ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အများပြည်သူ အပန်းဖြေ ဥယျာဉ်၊ အင်းယားကန်ဘောင်၊ အများပြည်သူများသွားလာအသုံးပြုသည့် လူသွားစင်္ကြန်နှင့် ခုံးကျော်တံတားများ၌ အရက်သေစာဝိုင်းဖွဲ့ သောက်စား သူများကို ဖမ်းဆီးအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်း ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် လူမှုကိစ္စများအဆင်ပြေစွာဆောင်ရွက်နိုင်စေရေး အတွက် အများ ပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များ ပေါ်တို့တွင် ဝိုင်းဖွဲ့၍အရက်သေစာသောက်စားမူးယစ်သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို အောက်တို ဘာလ ၁ ရက်နေ့မှ
စတင်ကာ ပညာပေးကာလ တစ်လသတ်မှတ်၍ လိုက်လံဟောပြော ပညာပေးခဲ့ပြီးနောက် ပညာပေးကာလတစ်လပြည့် မြောက်သည့် အောက်တိုဘာ၃၀ ရက်နေ့မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာ များတွင် ဝိုင်းဖွဲ့ကာအရက်သေစာသောက်စားမူးယစ်သူများကို အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။Credit-original