ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်တွင် လမ်းကြိတ်စက်ကြိတ်မိသဖြင့် မူလတန်းပြ ဆရာမတစ်ဦးသေဆုံး
Credit-original
Unicode
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် (က)ရပ်ကွက် လှိုင်းဘွဲ-ပိုင်ကျုံ ကားလမ်းမပေါ်တွင် လမ်းကြိတ်စက်ကြိတ်မိပြီး မူလတန်းပြ ဆရာမတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။လှိုင်းဘွဲ-ပိုင်ကျုံကားလမ်းမပေါ်တွင် ဆောက်လုပ်ရေးဌာနမှ နေ့စားဝန်ထမ်းဦးမြင့်သိန်း(၄၁)နှစ်သည် လှိုင်းဘွဲဘက်မှ ပိုင်ကျုံဘက်သို့လမ်းကြိတ် စက်မောင်းနှင်လာစဉ်လားရာတူ ဘက်မှနော်လဲရှီး(၂၇)နှစ်ပညာပလီကျေးရွာနေမောင်းနှင်ပြီး နော်အယ်ဘနီး(၂၇) နှစ် ပိုင်ကျုံမြို့နေသူကနောက်တွင် စီးနင်းလာသောဆိုင်ကယ်မှ လမ်းကြိတ်စက်ကို ကျော်တက်စဉ်လမ်းကြိတ်စက်ယာဉ်မှာ စတီယာရင်တိုင်မထိန်းနိုင်ဘဲ ဝဲဘက်တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိုက်မိကာ ဆိုင်ကယ်မောင်းသူနော်လဲရှီးကို လမ်းကြိတ်စက်ဖြင့် ကြိတ်မိပြီး အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးသွားခဲ့ သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းဦးမြင့်သိန်းအားလှိုင်းဘွဲမြို့မရဲစခန်းကအရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။Credit-original