Latest Posts

ထိုင်းအကျဉ်းထောင်မှာ ဝင်းနဲ့ဇော်အတွက် အသနားခံစာတင်

ဝင္းနဲ႔ေဇာ္ရဲ႕မိခင္ေတြက ဝင္းနဲ႔ေဇာ္ကို ထိန္းသိမ္းထားတဲ့ အက်ဥ္းေထာင္မွတစ္ဆင့္ ထိုင္းဘုရင္ထံကို အသနားခံစာ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။
ေရွ႕ေနအဖြဲ႕နဲ႔ မိသားစုရဲ႕အားေပးမႈေတြနဲ႔အတူ ဝင္းနဲ႔ေဇာ္ရဲ႕ မိခင္ႏွစ္ဦးဟာ ဒီကေန႔ (ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ) ဘန္ေကာက္ၿမိဳ႕စြန္ရွိ Bangkwang အက်ဥ္းေထာင္ကို သြားေရာက္ကာ အသနားခံစာ တင္ခဲ့ပါတယ္။
အဲဒီအသနားခံစာကို နန္းေတာ္ကို မပို႔ခင္မွာ လုပ္ေဆာင္ရမယ့္ လုပ္ေဆာင္မႈအဆင့္ဆင့္ကို ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။ ထိုင္းဘုရင္ မဟာဗာဂ်ီယာေလာင္ကြန္း ဆုံးျဖတ္ခ်က္ရမယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။ထိုင္းဘုရင္က သူတို႔ရဲ႕အသနားခံမႈကို လက္ခံကာ သားေတြရဲ႕ျပစ္ဒဏ္ကိုတစ္သက္တစ္ကြၽန္းအျဖစ္ေ လွ်ာ့ေပါ့ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေဒၚေမသိန္းနဲ႔ ေဒၚျဖဴေ႐ႊႏု (ဝင္းနဲ႔ေဇာ္ရဲ႕မိခင္မ်ား) က ေျပာတယ္လို႔ AP သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။
ထိုင္းႏိုင္ငံမွာ အလုပ္သြားေရာက္လုပ္ကိုင္ေနတဲ့ ဝင္းနဲ႔ေဇာ္ဟာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလမွာ ၿဗိတ္ႏိုင္ငံသားႏွစ္ဦးကို သတ္မႈနဲ႔ေ သဒဏ္အျပစ္ေပးခံထားရပါတယ္။ ဒီျပစ္မႈကို သူတို႔ႏွစ္ဦးမက်ဴးလြန္ဘူးလို႔ ဝင္းနဲ႔ေဇာ္က ျငင္းဆန္ထားပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ဦးဟာမတရားစြပ္စြဲျပစ္ဒဏ္ခ်ခံရတယ္လို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ေဝဖန္ေနၾကပါတယ္။
ဝင္းနဲ႔ေဇာ္လြတ္ေျမာက္ေရးအတြက္ ျမန္မာႏိုင္ငံသားမ်ားကလည္း လိုလားလ်က္ရွိၿပီး ေအာက္တိုဘာလ ၂၅ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕မွာ သူတို႔ႏွစ္ဦးအတြက္ ဆုေတာင္းပြဲျ ပုလုပ္သြားဖို႔ရွိပါတယ္။Credit-aungprsay
Unicode
ဝင်းနဲ့ဇော်ရဲ့မိခင်တွေက ဝင်းနဲ့ဇော်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မှတစ်ဆင့် ထိုင်းဘုရင်ထံကို အသနားခံစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ရှေ့နေအဖွဲ့နဲ့ မိသားစုရဲ့အားပေးမှုတွေနဲ့အတူ ဝင်းနဲ့ဇော်ရဲ့ မိခင်နှစ်ဦးဟာ ဒီကနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့မှာ) ဘန်ကောက်မြို့စွန်ရှိ Bangkwang အကျဉ်းထောင်ကို သွားရောက်ကာ အသနားခံစာ တင်ခဲ့ပါတယ်။
အဲဒီအသနားခံစာကို နန်းတော်ကို မပို့ခင်မှာ လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုအဆင့်ဆင့်ကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း ဆုံးဖြတ်ချက်ရမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။ထိုင်းဘုရင်က သူတို့ရဲ့အသနားခံမှုကို လက်ခံကာ သားတွေရဲ့ပြစ်ဒဏ်ကိုတစ်သက်တစ်ကျွန်းအဖြစ်ေ လျှာ့ပေါ့ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်မေသိန်းနဲ့ ဒေါ်ဖြူရွှေနု (ဝင်းနဲ့ဇော်ရဲ့မိခင်များ) က ပြောတယ်လို့ AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ဝင်းနဲ့ဇော်ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတ်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ေ သဒဏ်အပြစ်ပေးခံထားရပါတယ်။ ဒီပြစ်မှုကို သူတို့နှစ်ဦးမကျူးလွန်ဘူးလို့ ဝင်းနဲ့ဇော်က ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာမတရားစွပ်စွဲပြစ်ဒဏ်ချခံရတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဝေဖန်နေကြပါတယ်။
ဝင်းနဲ့ဇော်လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံသားများကလည်း လိုလားလျက်ရှိပြီး အောက်တိုဘာလ ၂၅ ရက်နေ့၊ ရန်ကုန်မြို့မှာ သူတို့နှစ်ဦးအတွက် ဆုတောင်းပွဲြ ပုလုပ်သွားဖို့ရှိပါတယ်။Credit-aungprsay