Latest Posts

တစ်နာရီအတွင်း ရုပ်ရှင်ရုံတိုင်းမှာ ကြိုတင်လက်မှတ်တွေ ရောင်းကုန်ခဲ့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား

တစ္နာရီအတြင္း ရုပ္ရွင္ရံုတိုင္းမွာ ၾကိဳတင္လက္မွတ္ေတြ ေရာင္းကုန္ခဲ့တဲ့ “ထာဝရေနွာင္ၾကိဳး” ရုပ္ရွင္ဇာတ္ကား

ဒါရိုက္တာ ခရစၥတီးနားခီရဲ့ တတိယေျမာက္ ရံုတင္ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “ထာဝရေနွာင္ၾကိဳး” ရုပ္ရွင္ဇာတ္ကားၾကီးက စတင္ ရိုက္ကူးခဲ့စဥ္ကတည္းကပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ဒါရိုက္တာ ခရစၥတီးနားခီဟာ “ဥပါယ္တံမ်ဥ္”၊ “မုျဒာေခၚသံ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့လည္းေအာင္ျမင္မႈရရိွခဲ့ျပီး အိမ္နီးခ်င္းနိုင္ငံေတြမွာ ျပသနိုင္တဲ့ထိကို ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။
ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ “ထာဝရေနွာင္ၾကိဳး” (Now & Ever) ရုပ္ရွင္ဇာတ္ကားၾကီးက လာမယ့္ ေအာက္တိုဘာလ (၃၁) ရက္ေန့ကစျပီး တစ္နိုင္ငံလံုးကရုပ္ရွင္ရံုေတြမွာ ျပသေတာ့မွာျဖစ္ျပီး ဒီကေန့မွာေတာ့ ၾကိဳတင္လက္မွတ္ေတြ ေရာင္းခ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။

ၾကိဳတင္လက္မွတ္ေရာင္းခ်တဲ့ ေန့မွာတင္ ရုပ္ရွင္ရံုအခ်ိဳ့မွာ လက္မွတ္ေတြ တစ္နာရီအတြင္း ေရာင္းကုန္သြားခဲ့တယ္လို့ သိရပါတယ္။ “ထာဝရေနွာင္ၾကိဳး” ရုပ္ရွင္ဇာတ္ကားၾကီးရဲ့
ဒါရိုက္တာ ခရစၥတီးနားခီက “ႀကိဳတင္လက္မွတ္ ေရာင္းတာတနာရီအတြင္း တခ်ိဳ႕႐ုံေတြလက္မွတ္ sold out ျဖစ္ေအာင္ အားေပးၾကမ္းတဲ့အခ်စ္တို႔ေရ…အာဘြား တသိန္း ပါေနာ္။” ဆုိျပီး ဝမ္းသာစကားေျပာထားပါတယ္။

“ထာဝရေနွာင္ၾကိဳး” (Now & Ever) ရုပ္ရွင္ဇာတ္ကားၾကီးကို ဒါရိုက္တာ ခရစၥတီးနားခီက ရိုက္ကူးပံုေဖာ္ထားျပီး ဇာဏ္ခီ၊ အကယ္ဒမီ ပိုင္ျဖိဳးသု တို့ ပါဝင္သရုပ္ေဆာင္ထားျပီး အခ်စ္ဇာတ္ကားေကာင္းတစ္ကားေလးပဲ ျဖစ္ပါတယ္။
ပရိသတ္ေတြကေတာ့ “ထာဝရေနွာင္ၾကိဳး” (Now & Ever) ရုပ္ရွင္ဇာတ္ကားၾကီးကို ၾကည့္ရႈဖို့ အခုကတည္းက ၾကိဳတင္လက္မွတ္ေတြ ၾကိတ္ၾကိတ္တိုး ဝယ္ယူေနျပီပဲ ျဖစ္ပါတယ္။ Credit-မိုမုိုေလး

Unicode

တစ်နာရီအတွင်း ရုပ်ရှင်ရုံတိုင်းမှာ ကြိုတင်လက်မှတ်တွေ ရောင်းကုန်ခဲ့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးက စတင် ရိုက်ကူးခဲ့စဉ်ကတည်းက

ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီဟာ “ဥပါယ်တံမျဉ်”၊ “မုဒြာခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း

အောင်မြင်မှုရရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ပြသနိုင်တဲ့ထိကို အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးက လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက

ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာဖြစ်ပြီး ဒီကနေ့မှာတော့ ကြိုတင်လက်မှတ်တွေ ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကြိုတင်လက်မှတ်ရောင်းချတဲ့ နေ့မှာတင် ရုပ်ရှင်ရုံအချို့မှာ လက်မှတ်တွေ တစ်နာရီအတွင်း ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့

ဒါရိုက်တာ ခရစ္စတီးနားခီက “ကြိုတင်လက်မှတ် ရောင်းတာတနာရီအတွင်း တချို့ရုံတွေလက်မှတ် sold out ဖြစ်အောင် အားပေးကြမ်းတဲ့အချစ်တို့ရေ…အာဘွား တသိန်း ပါနော်။” ဆိုပြီး ဝမ်းသာစကားပြောထားပါတယ်။

“ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ထားပြီး ဇာဏ်ခီ၊ အကယ်ဒမီ ပိုင်ဖြိုးသု တို့ ပါဝင်သရုပ်ဆောင်ထားပြီး အချစ်ဇာတ်ကားကောင်းတစ်ကားလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုဖို့ အခုကတည်းက ကြိုတင်လက်မှတ်တွေ ကြိတ်ကြိတ်တိုး ဝယ်ယူနေပြီပဲ ဖြစ်ပါတယ်။Credit- မိုမိုုလေး