” ထာဝရနှောင်ကြိုး ဇာတ်ကားမှာ သုသုရဲ့သရုပ်ဆောင်ချက်တွေက လက်ဖျားခါလောက်တယ်လို့ ချီးမွမ်းလိုက်တဲ့ သက်မွန်မြင့် “
Press Show သြားေရာက္ၾကည့္ရႉခဲ့တဲ့သူေတာ္ေတာ္မ်ားမ်ားရဲ႕ ခ်ီးမြမ္းခ်က္ေတြေၾကာင့္ ပရိသတ္ေတြအရမ္းစိတ္ဝင္စားေနၾကတဲ့အခ်ိန္မွာ ” Big Congratulations ပါ Central Base Production, Now n Ever Team ဘယ္လိုေကာင္းေၾကာင္းေတြ မေျပာေတာ့ဘူးေနာ္.. Spoil ျဖစ္သြားမွာစိုးလို႔ အခန္းတိုင္း သေဘာက်ေနတာဆိုေတာ့ေလ သုသုရယ္ လက္ဖ်ားခါပါတယ္။
ဆရာမႀကီးပါ ယူ …ကိုဇာဏ္ရဲ႕ ႐ုပ္ခ်တာႀကီးက ကြၽတ္ဆင္ႀကီး.. Motivation ေတြ ရလို႔ ဟီး..ဇာတ္လမ္း ဇာတ္ၫႊန္း ေတးေရး ကိုဇာဏ္ေလးစားတယ္ရွင့္။ ” ဆိုၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွာ အမွတ္တရပုံရိပ္ေတြနဲ႔ အတူ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။
သက္မြန္ျမင့္ကေတာ့ ခ်င္းမေလးတစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြက သဘာဝမင္းသမီးေလးလို႔ေတာင္တင္စားေခၚေဝၚခံရတဲ့မင္းသမီးေလးတစ္လက္ျဖစ္တဲ့အျပင္ အႏုပညာသက္တမ္းတစ္ေလွ်ာက္ မည္သည့္နာမည္ဆိုးမွမရွိဘဲ က်ရာဇာတ္႐ုပ္ကိုပီပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္မႈေတြေၾကာင့္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုႏွစ္ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာပါ။
အိမ္ေထာင္က်ၿပီး သားဦးေလးကိုေမြးၿပီးေနာက္ သမီးေလးကိုထပ္မံ ေမြးဖြားခဲ့ေပမယ့္ သက္မြန္ကေတာ့ ပြဲတက္ေတြမွာ အရမ္းကိုက်က္သေရရွိလွစြာနဲ႔ ကေလးအေမလို႔မထင္ရေလာက္ေအာင္ ႏုပ်ိဳလြန္းေနတယ္လို႔ဆိုရမွာပါ။ CeleGabar ပရိသတ္ႀကီးလည္း ခ်စ္သက္ရဲ႕ အၫႊန္းေလးေတြကိုဖတ္ၿပီး သြားၾကည့္ခ်င္ေနၿပီလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။Credit-original
Unicode
လက်ရှိမှာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ရုပ်ရှင်ဇာတ်ကားကတော့ ” ထာဝရ နှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားလို့ ဆိုရမှာ ဖြစ်ပြီး ရုံမတင်ခင်ထဲက လက်မှတ်တွေရောင်းကုန်နေတယ်လို့ သိရပါတယ်။Press Show သွားရောက်ကြည့်ရှူခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ပြည်သူချစ်အနုပညာရှင်သက်မွန်မြင့်လည်းအပါအဝင်ပဲ ဖြစ်ပြီး သူ့ရဲ့အမြင်လေးကို ပြောပြခဲ့ပါတယ်။
Press Show သွားရောက်ကြည့်ရှူခဲ့တဲ့သူတော်တော်များများရဲ့ ချီးမွမ်းချက်တွေကြောင့် ပရိသတ်တွေအရမ်းစိတ်ဝင်စားနေကြတဲ့အချိန်မှာ ” Big Congratulations ပါ Central Base Production, Now n Ever Team ဘယ်လိုကောင်းကြောင်းတွေ မပြောတော့ဘူးနော်.. Spoil ဖြစ်သွားမှာစိုးလို့ အခန်းတိုင်း သဘောကျနေတာဆိုတော့လေ သုသုရယ် လက်ဖျားခါပါတယ်။ဆရာမကြီးပါ ယူ …ကိုဇာဏ်ရဲ့ ရုပ်ချတာကြီးက ကျွတ်ဆင်ကြီး.. Motivation တွေ ရလို့ ဟီး..ဇာတ်လမ်း ဇာတ်ညွှန်း တေးရေး ကိုဇာဏ်လေးစားတယ်ရှင့်။ ” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ အမှတ်တရပုံရိပ်တွေနဲ့ အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။
သက်မွန်မြင့်ကတော့ ချင်းမလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေက သဘာဝမင်းသမီးလေးလို့တောင်တင်စားခေါ်ဝေါ်ခံရတဲ့မင်းသမီးလေးတစ်လက်ဖြစ်တဲ့အပြင် အနုပညာသက်တမ်းတစ်လျှောက် မည်သည့်နာမည်ဆိုးမှမရှိဘဲ ကျရာဇာတ်ရုပ်ကိုပီပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အမျိုးသမီးဇာတ်ဆောင်ဆုနှစ်ဆုကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။
အိမ်ထောင်ကျပြီး သားဦးလေးကိုမွေးပြီးနောက် သမီးလေးကိုထပ်မံ မွေးဖွားခဲ့ပေမယ့် သက်မွန်ကတော့ ပွဲတက်တွေမှာ အရမ်းကိုကျက်သရေရှိလှစွာနဲ့ ကလေးအမေလို့မထင်ရလောက်အောင် နုပျိုလွန်းနေတယ်လို့ဆိုရမှာပါ။ CeleGabar ပရိသတ်ကြီးလည်း ချစ်သက်ရဲ့ အညွှန်းလေးတွေကိုဖတ်ပြီး သွားကြည့်ချင်နေပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။Credit-original



