Latest Posts

“ခေါင်းဆောင်းမင်းသမီးတစ်ယောက်အနေနဲ့ အနုပညာ မှတ်တိုင်အသစ်တစ်ခု စိုက်ထူတော့မယ့် နီနီခင်ဇော်”

အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ မ်ားစြာရရွိထားတဲ့ နီနီခင္ေဇာ္ကေတာ့ လက္ရွိမွာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေျခလွမ္းသစ္တစ္လွမ္းကို ထပ္မံလွမ္းလိုက္ျပန္ပါၿပီး။ဒီေျခလွမ္းအသစ္ေလးကေတာ့ “7thSense Film Production” ကေန ထုတ္လုပ္႐ိုက္ကူးမည့္ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ ပါဝင္႐ိုက္ကူးမွာပဲျဖစ္ပါတယ္။
နီနီတစ္ေယာက္ ပါဝင္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ နာမည္ကေတာ့ “အိပ္မက္ကာရံ”လို႔ သိရွိရၿပီး ဒီကားႀကီးမွာ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းသ႐ုပ္ေဆာင္မင္းသားျဖစ္တဲ့ ေနတိုး၊အဆိုေတာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ လႊမ္းပိုင္တို႔လည္း ပါဝင္မွာျဖစ္ပါတယ္။ဒီဇာတ္ကားႀကီးကို ဒါ႐ိုက္တာ ဝင္းလြင္ထက္က မၾကာမီအခ်ိန္မွာ စတင္ပုံေဖာ္႐ိုက္ကူးသြားေတာ့မွာျဖစ္ပါတယ္။နီနီကိုယ္တိုင္က ဒီဇာတ္ကားႀကီးရဲ႕ ဇာတ္လမ္းပိုင္းကို မိုးနီလြင္နဲ႔အတူ ပါဝင္ေဆာင္႐ြက္ထားပါေသးတယ္။


နီနီခင္ေဇာ္ကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ဆုေတြမ်ားစြာကိုလည္း ရရွိထားၿပီး ႏိုင္ငံတကာေဖ်ာ္ေျဖပြဲေတြကိုေတာင္ လာေရာက္ေဖ်ာ္ေျဖသီဆိုေပးဖို႔ကို အၿမဲတမ္းလိုလို ဖိတ္ၾကားခံေနရတဲ့အထိ ေအာင္ျမင္မႈေတြမ်ားစြာရရွိထားတာျဖစ္တာေၾကာင့္ အခုလို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ႐ိုက္ကူးခ်ိန္မွာလည္း အဆိုပိုင္းမွာလိုပဲ ေအာင္ျမင္ထူးခြၽန္သူတစ္ေယာက္ျဖစ္လာမလားဆိုတာကိုေတာ့ ပရိသတ္ေတြက အထူးစိတ္ဝင္စားေနၾကတာပဲျဖစ္ပါတယ္။တကယ္ပဲ နီနီတစ္ေယာက္ကေရာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြ ထပ္မံသိမ္းပိုက္ဦးမွာလား။Credit- aungparsay
Unicode
အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ နီနီခင်ဇော်ကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာခြေလှမ်းသစ်တစ်လှမ်းကို ထပ်မံလှမ်းလိုက်ပြန်ပါပြီး။ဒီခြေလှမ်းအသစ်လေးကတော့ “7thSense Film Production” ကနေ ထုတ်လုပ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးမှာခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးမှာပဲဖြစ်ပါတယ်။
နီနီတစ်ယောက် ပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နာမည်ကတော့ “အိပ်မက်ကာရံ”လို့ သိရှိရပြီး ဒီကားကြီးမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်မင်းသားဖြစ်တဲ့ နေတိုး၊အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က မကြာမီအချိန်မှာ စတင်ပုံဖော်ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။နီနီကိုယ်တိုင်က ဒီဇာတ်ကားကြီးရဲ့ ဇာတ်လမ်းပိုင်းကို မိုးနီလွင်နဲ့အတူ ပါဝင်ဆောင်ရွက်ထားပါသေးတယ်။နီနီခင်ဇော်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ဆုတွေများစွာကိုလည်း ရရှိထားပြီး နိုင်ငံတကာဖျော်ဖြေပွဲတွေကိုတောင် လာရောက်ဖျော်ဖြေသီဆိုပေးဖို့ကို အမြဲတမ်းလိုလို ဖိတ်ကြားခံနေရတဲ့အထိ အောင်မြင်မှုတွေများစွာရရှိထားတာဖြစ်တာကြောင့် အခုလို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးချိန်မှာလည်း အဆိုပိုင်းမှာလိုပဲ အောင်မြင်ထူးချွန်သူတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။တကယ်ပဲ နီနီတစ်ယောက်ကရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ ထပ်မံသိမ်းပိုက်ဦးမှာလား။Credit- aungparsay