Latest Posts

သြစတြေးလျက မီးမီးခဲတို့ ချစ်စရာ မိသားစုလေးနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ကော်နီ


Credit-We Love Cele

Unicode

သြစတြေးလျက မီးမီးခဲတို့ ချစ်စရာ မိသားစုလေးနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ကော်နီ

အဆိုတော် ကော်နီတစ်ယောက် သြစတြေးလျကိုရောက်ရှိနေပြီး အနုပညာ ညီအစ်မတစ်ဦးဖြစ်တဲ့ မီးမီးခဲနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ခေတ်တစ်ခုကို ဦးဆောင်နိုင်ခဲ့ကြတဲ့ အဆိုပညာရှင်တွေဖြစ်ခဲ့ကြတဲ့ အလျှောက် လက်ရှိမှာလည်း မိသားစုတွေကိုယ်စီပိုင်ဆိုင်နေကြတဲ့ အနုပညာရှင်တွေလည်းဖြစ်ပြန်ပါတယ်။

မီးမီးခဲဟာ သြစတြေးလျကို ထွက်သွားပြီးတဲ့နောက် သားတစ်ယောက်နဲ့ သမီးလေးတစ်ဦးတို့ကို မွေးဖွားခဲ့ပါတယ်။ ရင်သားကင်ဆာဆိုတဲ့ ရောဂါဝေဒနာကိုလည်း ကြံ့ကြံ့ခံ

ရင်ဆိုင်တော်လှန်နိုင်ခဲ့သူဖြစ်တဲ့အကြောင်းလည်း မကြာခဏ ပြောပြလေ့ရှိပါတယ်။ သူမဟာ အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်ခဲ့ရပြီးတော့ သူမကို နွေးထွေးမှုတွေအပြည့်အဝပေးနိုင်တဲ့ မိသားစုလေးကိုပါ ပိုင်ဆိုင်ထားခဲ့ရတာဖြစ်ပါတယ်။

မီးမီးခဲတို့ ချစ်စဖွယ်မိသားစုလေးနဲ့အတူ ကော်နီတစ်ယောက် တွေ့ဆုံခွင်ရရှိခဲ့ပါတယ်။ ဒါဟာ သူမအတွက်တော့ မင်္ဂလာတစ်ပါးဖြစ်တယ်လို့လည်း ကော်နီက ဆိုပြန်ပါသေးတယ်။

“မတွေ့ရတာအလွန်ကြာနေပြီဖြစ်တဲ့,,ချစ်ညီမ,မီးမီးခဲ,တို့မိသားစုလေးနဲ့ ဆုံတွေ့ကြရတာ,မင်္ဂလာတပါးပါဘဲ, သူရေးထားတဲ့သီချင်းအသစ်လေးတွေ, ကားပေါ်မှာနားထောင်ဖြစ်ကြတယ်,

အဖေသွေးပါတဲ့ငါ့ညီမ,တော်လိုက်တာဆိုတာ, အခုတခေါက်ရန်ကုန်ပြန်လာရင်,တကိုယ်တော် Mini Show လေးလုပ်ချင်ပါတယ်တဲ့, Fighting ငါ့ညီမလေး,,👍🏻💐💕🎶” လို့ ရန်ကုန်မှာ

တစ်ကိုယ်တော် ရှိုးလေးလုပ်ချင်နေတဲ့ မီးမီးခဲကို အားပေးစကားလေးပါ ပြောထားတာတွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ မီးမီးခဲတို့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။Credit-We Love Cele