မွနျမာအိုငျဒေါ ဝငျးနား တကယျဖွဈခဲ့ရငျ ပရဟိတအလုပျတှေ အမြားကွီးလုပျခငြျတယျဆိုတဲ့ အေးမွဖွူ
သူမက လက်ရှိမှာ ၁၀ တန်းကလေးတွေကို စာသင်ပေးရတဲ့ ဆရာမအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ဘာသာနဲ့အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့တဲ့ အဆိုကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ MMID season 4 မှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တာပါ။
Myanmar Idol ပြိုင်ပွဲစဉ်အတွင်း တောက်လျှောက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အသံချိုချိုအေးအေးလေးနဲ့ အသံကောင်းလွန်းသူရယ်လို့ ပရိသတ်က သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ မကြာခင်က သီချင်းတစ်ပုဒ်ထဲကို အုပ်စုလိုက် သီဆိုရတဲ့ Round မှာလည်း ချမ်းချမ်းရဲ့ မင်းရဲ့အရိပ်ကလေးသီချင်းကို အတူသီဆိုသူ လေးဦးလုံးနဲ့ အပေးအယူညီညီမျှမျှ သီဆိုနိုင်ခဲ့ပြီး လေးဦးလုံး နောက်တဆင့် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူမဟာ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်တုန်းကလည်း လူသိများခဲ့သူဖြစ်ပြီး သူမရဲ့ ချစ်စဖွယ်မျက်နှာလေးနဲ့ အသံချိုချိုအေးအေးလေးကြောင့် ချမ်းမြေ့မောင်ချိုကတောင် ဆုရစေချင်တယ်လို့ ပြောရတဲ့အထိပါပဲ။
သူမကို ဆုရစေချင်တဲ့သူတွေ ရှိတယ်ဆိုရင် သူမကို အားပေးသွားကြပါဦးနော်။Credit-Cele Star
Zawgyi
လက္ရွိ Myanmar Idol Season 4 ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ေနတဲ့ ေအးျမျဖဴဆိုတာကေတာ့ တစ္ခ်ိန္က ျမန္မာသံစဥ္ေလးေတြနဲ႔ ကေလးသီခ်င္းဆိုၿပိဳင္ပြဲေတြမွာ အၿမဲလို ဆုရရွိခဲ့သူျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္လမ္းေတြမွာလည္း ကေလးသ႐ုပ္ေဆာင္အေနနဲ႔ နာမည္ႀကီးခဲ့သူတစ္ဦး ျဖစ္ပါတယ္။
သူမက လက္ရွိမွာ ၁၀ တန္းကေလးေတြကို စာသင္ေပးရတဲ့ ဆရာမအလုပ္လုပ္ကိုင္ေနသူျဖစ္ၿပီး တကၠသိုလ္ဝင္တန္းကို ဂုဏ္ထူး ၃ဘာသာနဲ႔ေအာင္ျမင္ခဲ့တာလည္း ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ ငယ္စဥ္ကတည္းက ဝါသနာႀကီးခဲ့တဲ့ အဆိုကို ျပန္လည္အသက္သြင္းတဲ့အေနနဲ႔ MMID season 4 မွာ ပါဝင္ယွဥ္ၿပိဳင္လာခဲ့တာပါ။
Myanmar Idol ၿပိဳင္ပြဲစဥ္အတြင္း ေတာက္ေလွ်ာက္ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ၿပီး အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ အသံေကာင္းလြန္းသူရယ္လို႔ ပရိသတ္က သတ္မွတ္ခံရသူလည္း ျဖစ္ပါတယ္။ မၾကာခင္က သီခ်င္းတစ္ပုဒ္ထဲကို အုပ္စုလိုက္ သီဆိုရတဲ့ Round မွာလည္း ခ်မ္းခ်မ္းရဲ႕ မင္းရဲ႕အရိပ္ကေလးသီခ်င္းကို အတူသီဆိုသူ ေလးဦးလုံးနဲ႔ အေပးအယူညီညီမွ်မွ် သီဆိုႏိုင္ခဲ့ၿပီး ေလးဦးလုံး ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။သူမဟာ ဂီတတံခါးေလးဖြင့္ပါဦး အစီအစဥ္တုန္းကလည္း လူသိမ်ားခဲ့သူျဖစ္ၿပီး သူမရဲ႕ ခ်စ္စဖြယ္မ်က္ႏွာေလးနဲ႔ အသံခ်ိဳခ်ိဳေအးေအးေလးေၾကာင့္ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာင္ ဆုရေစခ်င္တယ္လို႔ ေျပာရတဲ့အထိပါပဲ။သူမကို ဆုရေစခ်င္တဲ့သူေတြ ရွိတယ္ဆိုရင္ သူမကို အားေပးသြားၾကပါဦးေနာ္။Credit-Cele Star






