ထိုင်းနိုင်ငံက ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင် ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ပိုင်တံခွန်
Credit-Momolay
Unicode
ထိုင်းနိုင်ငံက ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင် ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ပိုင်တံခွန်
နိုင်ငံကျော်မင်းသားချော ပိုင်တံခွန်က ယောကျာ်းပီသတဲ့ ခန္ဒာကိုယ်နဲ့ ညိုမောင်းတဲ့ အသားအရည်ကြောင့် မိန်းကလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေး တစ်ပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိနေပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်နေလျက် ရှိပါတယ်။
ပိုင်တံခွန်က လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ဘန်ကောက်က ခွေးဂေဟာမှာ ခွေးစာတွေ လှူဒါန်းကုသိုလ်ယူရင်း သူ့ပရိသတ်တွေအတွက် ကံစမ်းမဲအစီအစဉ်တွေကိုပါ ပြုလုပ်ပေးခဲ့ပါတယ်။
ပိုင်တံခွန်ကတော့ သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို အလေးထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်နဲ့ သူ့ပရိသတ်တွေရဲ့ ကြည်နူးစရာ မြင်ကွင်းလေးကိုကြည့်ပြီး အပျော်တွေကူးစက်ကုန်မယ်လို့ မျှော်လင့်ပါတယ်နော်။Credit-Momolay


