Latest Posts

“ပပဝတီစီရင်ခန်း”မှာ အသက်ရှုကြပ်မတတ်ကြိုးစားခဲ့တဲ့ ဖွေးဖွေးရဲ့အကြောင်းကို ပြောပြလာတဲ့ ဖွေးဖွေးမိခင်








Unicode
“ပပဝတီစီရင်ခန်း”မှာ အသက်ရှုကြပ်မတတ်ကြိုးစားခဲ့တဲ့ ဖွေးဖွေးရဲ့အကြောင်းကို ပြောပြလာတဲ့ ဖွေးဖွေးမိခင်
ဒါရိုက်တာ ဝိုင်းရဲ့ အနုပညာတစ်ခုဖြစ်တဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးက ပထမဆုံး ရုံတင်ပြသတဲ့နေ့မှာတင် အားပေးကြည့်ရှုသူ ရုံပြည့်ရုံလျှံ ရှိခဲ့ပါတယ်။ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဌာတ်ကားကြီးမှာ အကယ်ဒမီ ဖွေးဖွေး၊ မိုးဟေကို၊ အကယ်ဒမီ ထွန်းထွန်းနဲ့ အလင်းရောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးဖွေးက လုပ်ကွက်ရပြီး တော်တော်လေး ကြိုးစားအားထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးရဲ့ မိခင်ဖြစ်သူက ဖွေးဖွေးရဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားမှ ကြိုးစားအားထုတ်မှုကို အခုလိုပဲ ပြောပြထားပါတယ်။

ဒီကဒ်ကို ဘေးဘက်က‌‌ရော drone shot အပေါ် ကရောရဖို့ ရှေ့ကကားက ဖုန်တောထဲမှအပြင်းမောင်းတာကို နောက်က စက်ဘီးနဲ့ အသားကုန်နင်းပြီး လိုက်ရတာပါ ။တဆင်းန်ပြီးတိုင်း မျက်လုံးတွေရော ဖုန်တွေဝင်၊ ဆံပင်မျက်နှာအားလုံးဖုန်တွေနဲ့‌ဖွေးနေတာကိုခါပြီး အခါပေါင်း၂၀ကျော် အနည်းဆုံးလုပ်ခဲ့ရတာပါ။ မျက်စိကလည်းပိတ်လို့မရ အသက်ရှူလည်းအကြာကြီးအောင့်မရနဲ့ ဒုက္ခခံ ပေပေတေတေလုပ်ခဲ့ပါတယ်သစ်လုံးတံတားလေးပါ။ အဲ့မှာလည်းစက်ဘီးနင်းရတာ မလွယ်ခဲ့ပါဘူး။ အကြိမ်ကြိမ်အခါ ခါ viewပေါင်းစုံကရဖို့ မရေတွက်နိုင် လုပ်ခဲ့တာပါ။

ဒီရုပ်ဆိုးတာရဖို့မနက်၅ခွဲထ ၆ နာရီ၆ခွဲလောက်စလိမ်းခံပြီး ညနေရိုက်ကွင်းပြီးချိန်ထိ တနေကုန်ဒီဆီလီကွန် မျက်နှာကြီးနဲ့ အထဲထဲမ ောလေဝင်လေထွက်မရှိ ခွာလိုက်တဲ့အချိန်ဆို တနေကုန်နှာခေါင်း ပေါ်မှာအောင်းနေတဲ့ချွေးတွေက တလဟောထွက်ကျတဲ့အထိပါ။ ဘယ်လောက်နေရခက်လဲဆိုတာ မညည်းမညူနဲ့ပေခံပြီးလုပ်တာပါပဲဖွေးဖွေးကတော့ သူမလုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တစ်ခုတိုင်းကို သေချာကြိုးစားအားထုတ်သူလေး ဖြစ်ပါတယ်။ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်ရသေးရင်လည်း ဆက်ဆက်သွားရောက်အားပေးဖို့ မမေ့ပါနဲနော်။.Source: Phway Phway Mother’s fb,Credit-MOMOLAY