ဆိုးတတ်တဲ့ အကျင့်စရိုက်လေးတွေကို ရုပ်လေးနဲ့ထိန်းထားတတ်တဲ့ ရာသီခွင်လေးများ
သူတို့ရဲ့အပြုံးမျက်နှာလေးနောက်ကွယ်မှာဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာ ခန့်မှန်းရခက်ပြီး စိတ်တိုအောင် မလုပ်မချင်းတော့ ချစ်စရာလေးတွေလို့ ပြောရမှာပါ။
Unicode
ဆိုးတတ်တဲ့ အကျင့်စရိုက်လေးတွေကို ရုပ်လေးနဲ့ထိန်းထားတတ်တဲ့ ရာသီခွင်လေးများ
တချို့သောသူလေးတွေဟာ ကြည့်လိုက်ရင် ချစ်စရာကောင်းသလောက် နောက်ကွယ်မှာတော့ မထင်ရလောက်အောင် နားလည်ရခက်တဲ့ ရူးကြောင်ကြောင် အပြုအမူတွေ လုပ်တတ်တဲ့၊
ဆိုးတတ်တဲ့ အကျင့်စရိုက်လေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ချစ်စရာကောင်းလွနး်တဲ့ ပုံစံလေးကြောင့် အဲ့ဒီလို ရူးကြောင်ကြောင် အပြုအမူတွေ လုပ်လိမ့်မယ်လို့
ဘယ်လိုမှခန့်မှန်းလို့ မရပါဘူး။ ကဲ အဲ့ဒီလိုမျိိုး လူမသိသူမသိ ဆိုးတဲ့သူတွေထဲမှာ ကိုယ်ကိုယ်တိုင်ပါနေလား၊ သူငယ်ချင်းတွေပါနေလား၊ ကိုယ့် crush လေးများ ပါနေမလားသိရအောင် ဖတ်ကြည့်လိုက်ပါဦး။
(၁) မေထုန်ရာသီဖွား ( May 21 – June 20)
မေထုန်ရာသီဖွားတွေက အေးအေးဆေးဆေးနေတတ်တယ်၊ ဘယ်သူ့ကိုမှလည်းမနှောက်ယှက်တတ်ဘူး၊ သူငယ်ချင်းတွေအပေါ် စိတ်ကောင်းထားတတ်တယ်၊ ဒါပေမယ့်
သူတို့မကြိုက်တာ သွားလုပ်တာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တာမျိုးကိုတော့ လုံးဝသည်းမခံနိုင်ဘဲ ထင်မှတ်မထားတဲ့ပုံစံမျိုးတွေနဲ့ တုံ့ပြန်တတ်တယ်။
သူတို့ရဲ့အပြုံးမျက်နှာလေးနောက်ကွယ်မှာဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာ ခန့်မှန်းရခက်ပြီး စိတ်တိုအောင် မလုပ်မချင်းတော့ ချစ်စရာလေးတွေလိို့ ပြောရမှာပါ။
(၂) ဗြိစ္ဆာရာသီဖွား ( Oct 23 – Nov 21)
အမြဲလိုလို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တဲ့သူတွေကတော့ ဗြိစ္ဆာရာသီဖွားတွေပါ။ ဒါပေမယ့် သူတို့တွေက ဖြစ်နေတဲ့အခြေအနေပေါ်မှာ ခံစားနေတာဖြစ်ပြီး
ဘယ်သူ့ကြောင့်စိတ်ညစ်ရပါတယ််လို့တော့ သူများအပေါ်အပြစ်တင်တဲ့စိတ်မျိုး မရှိကြပါဘူး။ ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်၊ သူတို့ဘက်ကစပြီး သူများကိုနာကျင်အောင်တော့
လုပ်မှာမဟုတ်ပေမယ့် သူတို့ကိုနာကျင်အောင် လုပ်ရင်တော့ လုံးဝလှည့်ကြည့်ချင်စိတ် မရှိလောက်အောင် ပြတ်သားနိုင်တဲ့သူတွေပါ။
(၃) မိဿရာသီဖွား ( Mar 20 – Apr 20)
မိဿရာသီဖွားတွေဟာ လွတ်လွတ်လပ်လပ်နေရတာကြိုက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့ လုံးဝဝန်မလေးတဲ့သူတွေပါ။ အပြင်ပန်းကြည့်ရင် အရမ်းကိုပေါ့ပါးနေတဲ့ ပုံစံမျိုးရှိပြီး
တစ်ဖက်သားကို ဖိစီးမှုမပေးမိအောင်နေတတ်တဲ့သူတွေဟာ သူတို့ဟာ ဉာဏ်ကောင်းလွန်း၊ ပြဿနာဖြေရှင်းရာမှာတော်လွန်းပေမယ့် တခါတလေ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူတွေလို့
ခံစားရတတ်ပြီး အဲ့ဒီလိုခံစားရတဲ့အချိန်မျိုးမှာ ဘာကိုမှစိတ်မရှည်၊ ဘာကိုမှ အကောင်းမြင်လို့ မရတော့ဘဲ အလိုလိုနေရင်း စိတ်တိုနေတတ်ပါတယ်။Credit-original