Latest Posts

သီတင်းကျွတ်လာကန်တော့တဲ့ချွေးမလေးကို ရင်းရင်းနှီးနှီးအနမ်းပေးပြီး နှုတ်ဆက်ခဲ့တဲ့ ထွန်းထွန်းရဲ့ မိခင်

Example အဖွဲ့ဝင်အဆိုတော်ထွန်းထွန်းရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးကို ပရိသတ်ကြီးလည်း သိပြီးလောက်ပြီထင်ပါရဲ့နော်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Ra Ra တစ်ယောက် ချစ်သူရဲ့မိဘတွေကို ဂါရဝပြု ကန်တော့ဖို့အတွက် ချစ်သူရဲ့အိမ်ကိုသွားရောက်ခဲ့စဉ်မှာပဲ အိမ်ထဲဝင်ဖို့မဝံ့မရဲ့ဖြစ်နေတဲ့သူမကို ရင်းနှီးနွေးထွေးစွာ အနမ်းပေးပြီး နှုတ်ဆက်ခဲ့တဲ့ မေမေယောက္ခမကြောင့် စိတ်ချမ်းသာခဲ့ရတယ်လို့ဆိုပါတယ်။

သူမကိုသိပ်ချစ်တဲ့ချစ်သူကိုလည်းပိုင်ဆိုင်ထားပြီး သမီးလေးတစ်ယောက်လိုလည်းချစ်ခင်ကြင်နာတဲ့ ယောက္ခမကိုလည်းပိုင်ဆိုင်ထား ရတော့ Ra Ra ကတော့ အရမ်းကိုကံကောင်းတဲ့မိန်းမချောလေးပေါ့နော်။ ကိုယ့်သားနဲ့ပက်သက်လာတော့လည်း ကိုယ့်သမီးပေါ့ဆိုတဲ့ စိတ်မျိုးထားနိုင်တဲ့ စိတ်ကောင်းစေတနာကောင်းရှိတဲ့ ထွန်းထွန်းရဲ့မိခင်ဟာလည်း တကယ့်ကို မိခင်ပီသတဲ့ မိခင်တစ်ယောက်ပါပဲ။

သူမရဲ့အတွေ့အကြုံလေးကို ” သီတင်းကျွတ်လပြည့်နေ့မို့ ကိုကို့ ဖေဖေနဲ့မေမေကို သွားကန်တော့တာ အိမ်ဝလည်းရောက်ရော မဝင်ရဲတော့ဘူး ဟီးး အဲ့ဒါနဲ့ ကိုကိုက ” အမေရေ.. RaRa ကမဝင်ရဲဘူးတဲ့” ဆိုပြီး ထအော်ပါလေရော အဲ့မှာ အန်တီကထွက်လာပြီး “သမီးရယ် မကြောက်ပါနဲ့ ” ဆိုပြီး ကိုယ့်ရဲ့ဘယ်ဘက်ပါးလေးကို နမ်းသွားတယ် ဘယ်လိုလေးလဲမသိဘူး ချစ်လိုက်တာ ဦးရော အန်တီရော အရမ်းသဘောကောင်းတယ် ကိုယ့်ကို မပြန်စေချင်သေးပေမယ့် ” ပပဝတီ စီရင်ခန်း ” ကြည့်ရမှာမို့ အကြာကြီးမနေခဲ့ရဘူး ” ဆိုပြီးပြောပြထားတာပဲဖြစ်ပါတယ်။

Photo – Htin Aung Tun / Sam Dara;Credit-Happy – Cele Gabar
Zawgyi

Example အဖြဲ႕ဝင္အဆိုေတာ္ထြန္းထြန္းရဲ႕ သိပ္ခ်စ္ရတဲ့ခ်စ္သူေလးကို ပရိသတ္ႀကီးလည္း သိၿပီးေလာက္ၿပီထင္ပါရဲ႕ေနာ္။ ၿပီးခဲ့တဲ့ သီတင္းကြၽတ္လျပည့္ေန႔ေလးမွာေတာ့ ျမန္မာတို႔ရဲ႕ ထုံးတမ္းစဥ္လာအတိုင္း Ra Ra တစ္ေယာက္ ခ်စ္သူရဲ႕မိဘေတြကို ဂါရဝျပဳ ကန္ေတာ့ဖို႔အတြက္ ခ်စ္သူရဲ႕အိမ္ကိုသြားေရာက္ခဲ့စဥ္မွာပဲ အိမ္ထဲဝင္ဖို႔မဝံ့မရဲ႕ျဖစ္ေနတဲ့သူမကို ရင္းႏွီးေႏြးေထြးစြာ အနမ္းေပးၿပီး ႏႈတ္ဆက္ခဲ့တဲ့ ေမေမေယာကၡမေၾကာင့္ စိတ္ခ်မ္းသာခဲ့ရတယ္လို႔ဆိုပါတယ္။
သူမကိုသိပ္ခ်စ္တဲ့ခ်စ္သူကိုလည္းပိုင္ဆိုင္ထားၿပီး သမီးေလးတစ္ေယာက္လိုလည္းခ်စ္ခင္ၾကင္နာတဲ့ ေယာကၡမကိုလည္းပိုင္ဆိုင္ထား ရေတာ့ Ra Ra ကေတာ့ အရမ္းကိုကံေကာင္းတဲ့မိန္းမေခ်ာေလးေပါ့ေနာ္။ ကိုယ့္သားနဲ႔ပက္သက္လာေတာ့လည္း ကိုယ့္သမီးေပါ့ဆိုတဲ့ စိတ္မ်ိဳးထားႏိုင္တဲ့ စိတ္ေကာင္းေစတနာေကာင္းရွိတဲ့ ထြန္းထြန္းရဲ႕မိခင္ဟာလည္း တကယ့္ကို မိခင္ပီသတဲ့ မိခင္တစ္ေယာက္ပါပဲ။သူမရဲ႕အေတြ႕အႀကဳံေလးကို ” သီတင္းကြၽတ္လျပည့္ေန႔မို႔ ကိုကို႔ ေဖေဖနဲ႔ေမေမကို သြားကန္ေတာ့တာ အိမ္ဝလည္းေရာက္ေရာ မဝင္ရဲေတာ့ဘူး ဟီးး အဲ့ဒါနဲ႔ ကိုကိုက ” အေမေရ.. RaRa ကမဝင္ရဲဘူးတဲ့” ဆိုၿပီး ထေအာ္ပါေလေရာ အဲ့မွာ အန္တီကထြက္လာၿပီး “သမီးရယ္ မေၾကာက္ပါနဲ႔ ” ဆိုၿပီး ကိုယ့္ရဲ႕ဘယ္ဘက္ပါးေလးကို နမ္းသြားတယ္ ဘယ္လိုေလးလဲမသိဘူး ခ်စ္လိုက္တာ ဦးေရာ အန္တီေရာ အရမ္းသေဘာေကာင္းတယ္ ကိုယ့္ကို မျပန္ေစခ်င္ေသးေပမယ့္ ” ပပဝတီ စီရင္ခန္း ” ၾကည့္ရမွာမို႔ အၾကာႀကီးမေနခဲ့ရဘူး ” ဆိုၿပီးေျပာျပထားတာပဲျဖစ္ပါတယ္။Photo – Htin Aung Tun / Sam Dara;Credit-Happy – Cele Gabar