Latest Posts
“သေလို့ရတယ်”သီချင်းနောက်ကွယ်က ရိုက်ကွင်းဓာတ်ပုံလေးတွေကို ထုတ်ပြလိုက်တဲ့ နန်းဆုရတီစိုး
Unicode
အရုပ်မလေးလိုလှတဲ့ နန်းစုကတော့ သရုပ်ဆောင်အဖြစ်လည်းအောင်မြင်ခဲ့သလို လက်ရှိမှာ သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ထုတ်ပြီး အဆိုတော်အဖြစ်နဲ့လည်းအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ နန်းစုနဲ့ ချစ်သူ G Fatt တို့ရဲ့အချစ်ရေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သာယာနေခဲ့ပြီးမကြာသေးမီက ပြတ်စဲသွားပြီဆိုတဲ့ ကောလဟလတွေထွက်လာခဲ့သေးပေမယ့် နှစ်ယောက်လုံးက ငြင်းခဲ့ကြပါတယ်။ နန်းစုက မကြာသေးမီက ခံစားချက်ပြင်းထန်တဲ့အချစ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “သေလု့ိရတယ်”သီချင်းလေးကို လူမှုကွန်ယက်ကနေချပြခဲ့ပြီး ပရိသတ်အားပေးမှုတွေများစွာရရှိခဲ့ပါတယ်။နန်းစုက သေလို့ရတယ် သီချင်းလေးကို နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ် ရှိန်းတင်ထူးနဲ့ အတူတူရိုက်ထားခဲ့တာဖြစ်ပြီးချစ်စရာကောင်းပြီးလူငယ်ဆန်တဲ့ ပုံစံလေးတွေနဲ့ ကြည်နူးဖွယ်ရိုက်ထားခဲ့တာပါ။အဲဒီ Music Video လေးဟာတင်ပြီး သိပ်မကြာခင်မှာတင် ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပြီး ပြန်လည်မျှဝေသူ သုံးသောင်းကျော်သွားခဲ့တာမို့ တကယ့်ကို စံချိန်တင်ပဲလို့ဆိုရမှာပါ။
နန်းစုက မကြာခင်က ရှိန်းတင်ထူးနဲ့ ရိုက်ထားတဲ့ Music Video လေးနောက်ကွယ်က ရိုက်ကူးနေမှုဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ထားခဲ့ပါတယ်။ အရမ်းကို Sweet ဖြစ်ပြီးချစ်ဖို့ကောင်းလွန်းတဲ့ ရှိန်းတင်ထူးနဲ့ နန်းစုရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေကို ပရိသတ်တွေကဝိုင်းပြီးအသည်းယားနေကြတာလည်းဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ ရှိန်းတင်ထူးနဲ့ နန်းစုကိုအရမ်းလိုက်ဖက်တယ်လို့ comment လေးတွေဝိုင်းပေးထားကြပြီးပြန်လည်မျှဝေသူတွေလည်းများပြားခဲ့ပါတယ်။Credit-burmese asia