Latest Posts
အရမ်းလန်းတဲ့ လူငယ်တွေကြားမှာတောင် အထင်ပေါ်ဆုံးဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
Unicode
မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အနုပညာရှင် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာသက်တမ်း နှစ်(၂၀) နီးပါးမှာ အောင်မြင်မှု အရှိန်အဝါ လုံးဝကျဆင်းမသွားတဲ့ ရှားရှားပါးပါး အဆိုတော်တစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတိုင်းဟာ လူကြိုက်များ အောင်မြင်လှသလို စိုင်းစိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဗီဒီယိုတိုင်းကလည်း နာမည်ကြီးတာကို တွေ့ရပါတယ်။စိုင်းစိုင်းခမ်းလှိုင်က ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀) ရက်နေ့က ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပပြုလုပ်တဲ့ Franzo Halloween Party ( Wonder Festival) အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ထိုပွဲကို စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ Frenzo Artist တွေဖြစ်တဲ့ ဘန်နီဖြိုး၊ နေဝင်း၊ ဖြိုးလေး၊ G Fatt တို့ကလည်း တက်ရောက်ခဲ့ကြပါတယ်အဲ့လို လူငယ် အဆိုတော်တွေနဲ့အတူတူ ပွဲတက်လာခဲ့ပေမယ့် အားလုံးကြားမှာတော့ စိုင်းစိုင်းခမ်းလှိုင်က အထင်ပေါ်ဆုံးနဲ့ ပရိသတ်တွေ အာရုံစိုက်မှုကို အများဆုံး ရရှိခဲ့ပါတယ်။Credit-burmese asia