မိသားစု စီးပွားရေးအခြေအနေကြောင့် ပဲခူးမှာ အကြော်ရောင်းနေရရှာတဲ့ သိင်္ဂီထွန်း
Unicode
အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်းကိုတော့ ပရိသတ်တွေအားလုံးသိမယ် ထင်ပါတယ်နော်။ အမေခန်းတွေက အများဆုံးသရုပ်ဆောင်ပြီး သရုပ်ဆောင်ပီပြင်တဲ့ ဇာတ်ပို့မင်းသမီးကြီး တစ်ယောက်ပဲ
ဖြစ်ပါတယ်။ ဗီလိန်ခန်းတွေမှာလည်း ပရိသတ်မုန်းလောက်အောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမကိုအားပေးကြတဲ့ ပရိသတ်တွေ အများကြီးပါပဲနော်။ လတ်တလောမှာတော့ သိင်္ဂီထွန်းတစ်ယောက် စီးပွားရေးအခြေနေကြောင့်ပဲခူးမှာ အကြော်ရောင်းနေရပါတယ်တဲ့ ပရိသတ်ကြီးရေ။ ”စီးပွားအခြေနေအရ ပဲခူးမြို့သို့ အကြော်ရောင်းရန် ကားပေါ်အဝတ်စားလဲပြီး မြို့ဝင်ကမင်းသားကြီး လဘက်ရည်ဆိုင်မှာ အိပ်ချင်ပြေအောင်ကပြာကယာ လ္ဘက်ရည်သောက်
ရွှေသာလျှောင်းဘုရားရှေ့ အလျှင်အမြန်ဓာတ်ပုံရိုကိပြီး ဘုရားဘေးကမွန်ရွာမှာ အကြော်ရောင်းရင်း ပင်ပန်းလွန်းလို့စိတ်တွေဖောက်ကာ လူသတ်မူတွေဖြစ်ခဲ့သည် ချစ်မိတ်ဆွေများစိတ်ဆိုးရဘူးနော် ခွင့်လွတ်ပါလို့” ဆိုတဲ့စာသားနဲ့အတူ
သူ့ရဲ့ကာရိုက်တာနဲ့ ဇာတ်လမ်းရိုက်ကူးနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။ သူမရဲ့အမာခံပရိသတ်တွေကတော့ ကားရိုက်တွေ ဆက်နေတယ်နော်လို့ မှတ်ချက်ပေးထားကြတာ တွေ့ရပါတယ်။ဆင်းရဲတဲ့ အကြော်သည် မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ထားတယ် ဆိုတာကတော့ သူမရဲ့ပုံရိပ်တွေကိုကြည့်ရင် သိနိုင်ပါတယ်နော်။ မင်းသမီးသိင်္ဂီထွန်းလား
အကြော်သည်မလားဆိုတာကို ဝေခွဲရခက်သွားလောက်တဲ့ သဏ္ဍန်လုပ်သရုပ်တူအောင် ဖန်တီးထားတဲ့ သူမရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Credit-aungparsay