Latest Posts

“၂၀၂၀ ချစ်သူများနေ့မှာ သူရိယနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပြီးမှ လမ်းခွဲခံလိုက်ရတဲ့ အကြောင်း မျက်ရည်တွေနဲ့ ပြောလာတဲ့ ဆုအိမ့်စံ”

မၾကာေသးခင္က သူရိယနဲ႔ လမ္းခြဲလိုက္တယ္လို႔ သတင္းထြက္လာၿပီး အခုလို သူရိယဘက္က တဖက္သတ္ လမ္းခြဲခံရတဲ့အေပၚ တရားဥပေဒအတိုင္း ဆက္လက္လုပ္ေဆာင္သြားမယ္ ဆိုတဲ့သ႐ုပ္ေဆာင္ ဆုအိမ့္စံက ဒီကိစၥမွာ သူမအေနနဲ႔ လာမယ့္ ၂၀၂၀ ခ်စ္သူမ်ားေန႔မွာ မဂၤလာေဆာင္ဖို႔ စီစဥ္ၿပီးမွ လမ္းခြဲခံလိုက္ရတာျဖစ္ေၾကာင္း MC မီဒီယာမွတဆင့္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဆုအိမ့္စံနဲ႔ သူရိယတို႔ဟာ ေဖေဖာ္ဝါရီ ၁၄ ၂၀၁၉ ခ်စ္သူမ်ားေန႔မွာပဲ ေစ့စပ္ခဲ့ၾကတာျဖစ္ၿပီး ေစ့စပ္ၿပီးေနာက္ပိုင္း ဆုအိမ့္စံမိဘေတြရွိတဲ့ ပဲခူးကို ေဆြျပမ်ိဳးျပ သြားခဲ့ေသးေၾကာင္း၊အဲဒီေနာက္ပိုင္းမွာ သူရိယက ပုံမွန္ မဟုတ္ေတာ့ပဲ အဆက္အသြယ္ သိပ္မလုပ္ေတာ့ေၾကာင္း၊ ဆုအိမ့္စံဘက္ကေတာ့ ပုံမွန္အတိုင္းပဲ ဆက္ေခၚခဲ့ေၾကာင္း၊၂၀၂၀ ေဖေဖာ္ဝါရီ ၁၄ ရက္ ခ်စ္သူမ်ားေန႔မွာ မဂၤလာေဆာင္ဖို႔လည္း Booking ယူထားၿပီးၿပီျဖစ္ေၾကာင္း ဆုအိမ့္စံဘက္က ေျဖၾကားခဲ့တာပါ။

သူမဘက္က မဂၤလာေဆာင္ျဖစ္မယ္ ေအးေအးခ်မ္းခ်မ္းဘဝေလးရမယ္လို႔ပဲ ေမွ်ာ္လင့္ထားခဲ့ေၾကာင္း၊ အခုလို သူမတို႔လမ္းခြဲၾကတဲ့ ကိစၥေၾကာင့္ သူမ မိဘေတြက ေဈးေတာင္ မသြားရဲေအာင္ ျဖစ္ခဲ့ၾကၿပီး သူမကိုယ္တိုင္လည္း အရမ္းကို ခံစားလိုက္ရေၾကာင္း၊ဒါေၾကာင့္ ဆုဆုအေနနဲ႔ သူမရဲ႕ ဂုဏ္သိကၡာ ၊ အရွက္သိကၡာအတြက္ အေကာင္းဆုံး ေျဖရွင္းထားပါတယ္လို႔ ဆုအိမ့္စံက ဆိုပါတယ္။
သူရိယ အေနနဲ႔ သူမကို တကယ္ခ်စ္တယ္ ဆိုရင္ ႏွမသားခ်င္း စာနာၿပီး မိန္းကေလးျဖစ္တဲ့ သူမအရွက္ သိကၡာက်ေအာင္ မလုပ္ေလာက္ဘူး ထင္ပါတယ္။
သူမဘက္က ဘာမွမမွားပဲ အခုလိုျဖစ္ရတဲ့အေပၚ သူမဘဝမွာ အခ်စ္နဲ႔ပတ္သက္ၿပီး ကံမေကာင္းခဲ့ေၾကာင္း၊ ကိုယ့္ေၾကာင့္ ကိုယ့္မိဘေတြ အရွက္ကြဲရတယ္ အျပင္မထြက္ရဲျဖစ္ရတယ္ ဆုအိမ့္စံရဲ႕ မိဘေတြက မဂၤလာေဆာင္ၿပီးရင္ ေနဖို႔အတြက္ အိမ္ေတြဘာေတြေတာင္ လက္ဖြဲ႕ေပးထားတာလို႔ သိရပါတယ္။


အခုလို ျဖစ္လိုက္တဲ့အတြက္ အခ်စ္ဆိုတဲ့အရာကို ေတာ္ေတာ္ေလးကို ေၾကာက္သြားပါတယ္လို႔ ဆုအိမ့္စံက မ်က္ရည္မ်ားၾကားက ေျပာခဲ့တာပါ။လက္ရွိ အခ်ိန္မွာ ဆုအိမ့္စံ အေနနဲ႔ မိဘေတြနဲ႔ သူမရဲ႕ ဂုဏ္သိကၡာကို ျပန္ဆယ္ႏိုင္ဖို႔အတြက္ တရားဥပေဒ အတိုင္း အေကာင္းဆုံး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
Video ၾကည့္ရန္

Credit -original
Unicode
မကြာသေးခင်က သူရိယနဲ့ လမ်းခွဲလိုက်တယ်လို့ သတင်းထွက်လာပြီး အခုလို သူရိယဘက်က တဖက်သတ် လမ်းခွဲခံရတဲ့အပေါ် တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတဲ့သရုပ်ဆောင် ဆုအိမ့်စံက ဒီကိစ္စမှာ သူမအနေနဲ့ လာမယ့် ၂၀၂၀ ချစ်သူများနေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ပြီးမှ လမ်းခွဲခံလိုက်ရတာဖြစ်ကြောင်း MC မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆုအိမ့်စံနဲ့ သူရိယတို့ဟာ ဖေဖော်ဝါရီ ၁၄ ၂၀၁၉ ချစ်သူများနေ့မှာပဲ စေ့စပ်ခဲ့ကြတာဖြစ်ပြီး စေ့စပ်ပြီးနောက်ပိုင်း ဆုအိမ့်စံမိဘတွေရှိတဲ့ ပဲခူးကို ဆွေပြမျိုးပြ သွားခဲ့သေးကြောင်း၊အဲဒီနောက်ပိုင်းမှာ သူရိယက ပုံမှန် မဟုတ်တော့ပဲ အဆက်အသွယ် သိပ်မလုပ်တော့ကြောင်း၊ ဆုအိမ့်စံဘက်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ခေါ်ခဲ့ကြောင်း၊၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ မင်္ဂလာဆောင်ဖို့လည်း Booking ယူထားပြီးပြီဖြစ်ကြောင်း ဆုအိမ့်စံဘက်က ဖြေကြားခဲ့တာပါ။
သူမဘက်က မင်္ဂလာဆောင်ဖြစ်မယ် အေးအေးချမ်းချမ်းဘဝလေးရမယ်လို့ပဲ မျှော်လင့်ထားခဲ့ကြောင်း၊ အခုလို သူမတို့လမ်းခွဲကြတဲ့ ကိစ္စကြောင့် သူမ မိဘတွေက ဈေးတောင် မသွားရဲအောင် ဖြစ်ခဲ့ကြပြီး သူမကိုယ်တိုင်လည်း အရမ်းကို ခံစားလိုက်ရကြောင်း၊ဒါကြောင့် ဆုဆုအနေနဲ့ သူမရဲ့ ဂုဏ်သိက္ခာ ၊ အရှက်သိက္ခာအတွက် အကောင်းဆုံး ဖြေရှင်းထားပါတယ်လို့ ဆုအိမ့်စံက ဆိုပါတယ်။
သူရိယ အနေနဲ့ သူမကို တကယ်ချစ်တယ် ဆိုရင် နှမသားချင်း စာနာပြီး မိန်းကလေးဖြစ်တဲ့ သူမအရှက် သိက္ခာကျအောင် မလုပ်လောက်ဘူး ထင်ပါတယ်။
သူမဘက်က ဘာမှမမှားပဲ အခုလိုဖြစ်ရတဲ့အပေါ် သူမဘဝမှာ အချစ်နဲ့ပတ်သက်ပြီး ကံမကောင်းခဲ့ကြောင်း၊ ကိုယ့်ကြောင့် ကိုယ့်မိဘတွေ အရှက်ကွဲရတယ် အပြင်မထွက်ရဲဖြစ်ရတယ် ဆုအိမ့်စံရဲ့ မိဘတွေက မင်္ဂလာဆောင်ပြီးရင် နေဖို့အတွက် အိမ်တွေဘာတွေတောင် လက်ဖွဲ့ပေးထားတာလို့ သိရပါတယ်။
အခုလို ဖြစ်လိုက်တဲ့အတွက် အချစ်ဆိုတဲ့အရာကို တော်တော်လေးကို ကြောက်သွားပါတယ်လို့ ဆုအိမ့်စံက မျက်ရည်များကြားက ပြောခဲ့တာပါ။လက်ရှိ အချိန်မှာ ဆုအိမ့်စံ အနေနဲ့ မိဘတွေနဲ့ သူမရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ဖို့အတွက် တရားဥပဒေ အတိုင်း အကောင်းဆုံး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Video ကြည့်ရန်
Credit -original