မွေးကင်းစ ၄ ရက်သားလေးကို အရှင်လတ်လတ် သတ်ခဲ့ပေမယ့် ထူးဆန်းစွာ ရှင်သန်နေတဲ့ အဖြစ်
( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
အိႏၵိယနိုင္ငံက အမ်ိဳးသား တစ္ဦးဟာ သူသိပ္ခ်စ္ရတဲ့ သမီးေလး ေသဆုံးသြားတာေၾကာင့္ ခ်က္ခ်င္းေျမျမႇပ္သၿဂိဳလ္ဖို႔အတြက္ ေျမက်င္းတူးတဲ့အခါမွာ..
၄ ရက္သားအရြယ္ ေမြးကင္စ ကေလးငယ္ေလးကို အရွင္လတ္လတ္ေျမျမႇပ္ထားတာကို သိရွိၿပီး ကယ္တင္နိုင္ခဲ့ပါတယ္။ သူဟာ ေျမက်င္းတူးရင္းနဲ႔ ေျမေအာက္က
ေျမအိုးတစ္လုံးကို တူးမိၿပီးေတာ့ ကေလးငိုသံ ထြက္ေပၚလာတာကို ၾကဳံခဲ့ရပါတယ္။
သူဟာ ပထမေတာ့ သူ႔သမီးေလး အသက္ျပန္ရွင္လာတာလားရယ္လို႔ ဝမ္းသာအားရနဲ႔
သူ႔သမီးေလး ကိုၾကည့္ေပမယ့္ သူ႔သမီးကေတာ့ မလႈပ္မယွက္ ၿငိမ္သက္လို႔ ေနတာေၾကာင့္ အံ့ၾသမႈေတြ ျဖစ္ခဲ့ရပါတယ္။
ေနာက္မွ ေသခ်ာသိတာက သူတူးလိုက္တဲ့ ေဂၚျပားက ေျမအိုးကို ရိုက္မိၿပီးေတာ့ အရွင္လတ္လတ္ေျမျမႇပ္ခံထားရတဲ့ ကေလးက လန႔္ၿပီးထငိုခဲ့တာပဲ ျဖစ္ပါတယ္။
သူဟာ ဒီအျဖစ္အပ်က္ကို အေတာ္ေလး တုန္လႈပ္သြားၿပီးေတာ့ ကေလးငယ္ေလးကို ခ်က္ခ်င္းေပြ႕ယူၿပီး ေဆး႐ုံကို အခ်ိန္
မွီေျပးခဲ့တာေၾကာင့္ သူသိပ္ခ်စ္တဲ့ သမီးေလး အသက္ျပန္မရွင္ေပမယ့္ အရွင္လတ္လတ္ေျမျမႇပ္ခံထားရတဲ့ ကေလးငယ္ေလးအသက္ကိုေတာ့ ကယ္တင္နိုင္ခဲ့ပါတယ္။
ေဆး႐ုံရဲ့ စစ္ေဆးခ်က္ေတြအရ ကေလးဟာ ေမြးထားတာ ၄ ရက္သားပဲ ရွိၿပီးေတာ့ အခုလို မတူးယူမိခင္ ၄-၆ နာရီခန႔္က ေျမျမႇပ္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ကေလးငယ္ေလးရဲ့ အဓိကအသက္ရွင္ေနရတဲ့ အခ်က္က သူ႔ရဲ့ ကိုယ္အေလးခ်ိန္ဟာ ၂.၄ ေပါင္သာ ရွိတာေၾကာင့္ ေအာက္ဆီဂ်င္လိုအပ္မႈ နည္းနည္းနဲ႔ အသက္ရွင္သန္ေနနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီးေတာ့ ေမြးကင္စကေလးငယ္ကို အရွင္လတ္လတ္ ျမႇပ္ႏွံသၿဂိဳလ္ခဲ့တဲ့ မိဘေတြကိုေတာ့ သက္ဆိုင္ရာ တာဝန္ရွိသူေတြက အပူတျပင္း စုံစမ္းရွာေဖြေနၿပီးေတာ့ ၊
ကေလးငယ္ကိုေတာ့ လက္ရွိအခ်ိန္မွာ ေဆး႐ုံမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးေနတယ္လို႔ သိရွိရပါတယ္။
႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ
Credit-original
Unicode
မွေးကင်းစ ၄ ရက်သားလေးကို အရှင်လတ်လတ် သတ်ခဲ့ပေမယ့် ထူးဆန်းစွာ ရှင်သန်နေတဲ့ အဖြစ်
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
အိန္ဒိယနိုင်ငံက အမျိုးသား တစ်ဦးဟာ သူသိပ်ချစ်ရတဲ့ သမီးလေး သေဆုံးသွားတာကြောင့် ချက်ချင်းမြေမြှပ်သဂြိုလ်ဖို့အတွက် မြေကျင်းတူးတဲ့အခါမှာ..
၄ ရက်သားအရွယ် မွေးကင်စ ကလေးငယ်လေးကို အရှင်လတ်လတ်မြေမြှပ်ထားတာကို သိရှိပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ သူဟာ မြေကျင်းတူးရင်းနဲ့ မြေအောက်က
မြေအိုးတစ်လုံးကို တူးမိပြီးတော့ ကလေးငိုသံ ထွက်ပေါ်လာတာကို ကြုံခဲ့ရပါတယ်။ သူဟာ ပထမတော့ သူ့သမီးလေး အသက်ပြန်ရှင်လာတာလားရယ်လို့ ဝမ်းသာအားရနဲ့
သူ့သမီးလေး ကိုကြည့်ပေမယ့် သူ့သမီးကတော့ မလှုပ်မယှက် ငြိမ်သက်လို့ နေတာကြောင့် အံ့သြမှုတွေ ဖြစ်ခဲ့ရပါတယ်။
နောက်မှ သေချာသိတာက သူတူးလိုက်တဲ့ ဂေါ်ပြားက မြေအိုးကို ရိုက်မိပြီးတော့ အရှင်လတ်လတ်မြေမြှပ်ခံထားရတဲ့ ကလေးက လန့်ပြီးထငိုခဲ့တာပဲ ဖြစ်ပါတယ်။
သူဟာ ဒီအဖြစ်အပျက်ကို အတော်လေး တုန်လှုပ်သွားပြီးတော့ ကလေးငယ်လေးကို ချက်ချင်းပွေ့ယူပြီး ဆေးရုံကို အချိန်
မှီပြေးခဲ့တာကြောင့် သူသိပ်ချစ်တဲ့ သမီးလေး အသက်ပြန်မရှင်ပေမယ့် အရှင်လတ်လတ်မြေမြှပ်ခံထားရတဲ့ ကလေးငယ်လေးအသက်ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။
ဆေးရုံရဲ့ စစ်ဆေးချက်တွေအရ ကလေးဟာ မွေးထားတာ ၄ ရက်သားပဲ ရှိပြီးတော့ အခုလို မတူးယူမိခင် ၄-၆ နာရီခန့်က မြေမြှပ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကလေးငယ်လေးရဲ့ အဓိကအသက်ရှင်နေရတဲ့ အချက်က သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ၂.၄ ပေါင်သာ ရှိတာကြောင့် အောက်ဆီဂျင်လိုအပ်မှု နည်းနည်းနဲ့ အသက်ရှင်သန်နေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ မွေးကင်စကလေးငယ်ကို အရှင်လတ်လတ် မြှပ်နှံသဂြိုလ်ခဲ့တဲ့ မိဘတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပူတပြင်း စုံစမ်းရှာဖွေနေပြီးတော့ ၊
ကလေးငယ်ကိုတော့ လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်လို့ သိရှိရပါတယ်။
ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ
Credit-original


