ရာထူးနဲ့ မလျော်ညီဘူးဆိုပြီး နန်းတွင်းအရာရှိကြီး(၆) ဦးကို ထိုင်းဘုရင်ထပ်မံဖယ်ရှား
အဆိုပါ(၆) ဦးထဲမွာ ရာထူးအၾကီးဆံုးပုဂိၢဳလ္ကေတာ့ ဒုတိယရဲဗိုလ္ခ်ဳပ္ၾကီး Sakolket Chantra ဆိုသူ ျဖစ္ပါတယ္။ Sakolket Chantra ဟာ နန္းေတာ္တြင္းရံုးခန္းမွာ တာ၀န္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ ရာထူးနဲ႔မကုိက္ညီတဲ့ အျပဳအမူေတြျဖစ္တဲ့ စည္းကမ္းေဖာက္ဖ်က္တာ၊ ပိုင္ဆိုင္ထားတဲ့ ရာထူးကို ကိုယ္က်ိဳးအတြက္ အသံုးခ်တာ စတာေတြကို လြန္လြန္က်ဴးက်ဴးလုပ္ကိုင္လို႔ဆိုၿပီး ရာထူးကေန ႏုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ အလားတူပဲ က်န္တဲ့(၅) ဦးကိုလည္း ရာထူးနဲ႔မကိုက္ညီတဲ့ အျပဳအမူလုပ္လို႔၊ လာဘ္စားလို႔ဆိုၿပီး ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။
ေတာ္၀င္ေမာင္းမငယ္ေဟာင္း Sineenatra Wongvajirabhakdi ကေတာ့ အရင္တုန္းက နန္းတြင္းလံုျခံဳေရးဌာနမွာ အၾကီးအကဲတစ္ဦးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သူမကိုေတာ့ ဘုရင့္အေပၚ သစၥာမေစာင့္သိမႈ၊ ဘုရင္မၾကီး Suthida နဲ႔ ေျခရာခ်င္းတိုင္းၿပီး လိုက္ၿပိဳင္ဆိုင္မႈေတြအတြက္ တနလၤာေန႔မွာပဲ ရာထူးကေန ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။
Sineenatra Wongvajirabhakdi ဟာ အစစအရာရာမွာ ဘုရင္မၾကီး Suthida ရဲ႕ ခံစားခြင့္အတိုင္း လိုခ်င္ခဲ့တဲ့အျပင္ သူမကို ဇူလိုင္လတုန္းက ဘုရင္ကိုယ္တိုင္ ေတာ္၀င္ေမာင္းမငယ္အျဖစ္ တရား၀င္ခန္႔အပ္ခဲ့ေပမယ့္လည္း Sineenatra Wongvajirabhakdi ဟာ မတင္းတိမ္ႏိုင္ပဲ Suthida အက်ိဳးမဲ့ေၾကာင္းေတြကို ျပဳလုပ္္ခဲ့တယ္လို႔ နန္းေတာ္က ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Sineenatra Wongvajirabhakdi ဟာ ႏွစ္ေပါင္း (၁၀၀) ၾကာၿပီးေနာက္မွ ထိုင္းဘုရင္တစ္ပါးက ပထမဆံုးခ်ီးေျမွာက္ခံရတဲ့ ေတာ္၀င္ေမာင္းမငယ္တစ္ဦး ျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူမဟာ ဘယ္ေရာက္ေနတယ္ဆိုတာ မသိရတဲ့အျပင္ အခုရာထူးက ဖယ္ရွားလိုက္တဲ့ အရာရွိ(၆) ဦးဟာလည္း Sineenatra Wongvajirabhakdi နဲ႔ ပတ္သက္ဆက္ႏြယ္ေနသူေတြျဖစ္ႏိုင္တယ္လို႔ ေ၀ဖန္ေနၾကေၾကာင္းလည္း သိရပါတယ္။Credit-burmese.asi
unicode
ထိုင်းနိုင်ငံရဲ့ဘုရင် Maja Vajiralongkorn ဟာ နန်းတွင်းမှာအမှုထမ်းနေတဲ့ အရာရှိကြီး (၆) ဦးကို ရာထူးမှ ရပ်စဲခဲ့ပြီဖြစ်ကြောင်း apnews သတင်းအရ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ Maja Vajiralongkorn က သူ့ရဲ့တော်ဝင်မောင်းမငယ် Sineenatra Wongvajirabhakdi ကို ရာထူးအဆောင်အယောင်တွေကို ရုတ်သိမ်းပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာပါ။ လောလောလတ်လတ် ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ အရာရှိကြီး (၆) ဦးကိုတော့ ၎င်းတို့ပိုင်ဆိုင်ထားတဲ့ ရာထူးရာခံတွေအပြင် အဆောင်အယောင်တွေပါ ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ(၆) ဦးထဲမှာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ကတော့ ဒုတိယရဲဗိုလ်ချုပ်ကြီး Sakolket Chantra ဆိုသူ ဖြစ်ပါတယ်။ Sakolket Chantra ဟာ နန်းတော်တွင်းရုံးခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရာထူးနဲ့မကိုက်ညီတဲ့ အပြုအမူတွေဖြစ်တဲ့ စည်းကမ်းဖောက်ဖျက်တာ၊ ပိုင်ဆိုင်ထားတဲ့ ရာထူးကို ကိုယ်ကျိုးအတွက် အသုံးချတာ စတာတွေကို လွန်လွန်ကျူးကျူးလုပ်ကိုင်လို့ဆိုပြီး ရာထူးကနေ နုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ ကျန်တဲ့(၅) ဦးကိုလည်း ရာထူးနဲ့မကိုက်ညီတဲ့ အပြုအမူလုပ်လို့၊ လာဘ်စားလို့ဆိုပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
တော်ဝင်မောင်းမငယ်ဟောင်း Sineenatra Wongvajirabhakdi ကတော့ အရင်တုန်းက နန်းတွင်းလုံခြုံရေးဌာနမှာ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူမကိုတော့ ဘုရင့်အပေါ် သစ္စာမစောင့်သိမှု၊ ဘုရင်မကြီး Suthida နဲ့ ခြေရာချင်းတိုင်းပြီး လိုက်ပြိုင်ဆိုင်မှုတွေအတွက် တနင်္လာနေ့မှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
Sineenatra Wongvajirabhakdi ဟာ အစစအရာရာမှာ ဘုရင်မကြီး Suthida ရဲ့ ခံစားခွင့်အတိုင်း လိုချင်ခဲ့တဲ့အပြင် သူမကို ဇူလိုင်လတုန်းက ဘုရင်ကိုယ်တိုင် တော်ဝင်မောင်းမငယ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပေမယ့်လည်း Sineenatra Wongvajirabhakdi ဟာ မတင်းတိမ်နိုင်ပဲ Suthida အကျိုးမဲ့ကြောင်းတွေကို ပြုလုပ်ခဲ့တယ်လို့ နန်းတော်က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ Sineenatra Wongvajirabhakdi ဟာ နှစ်ပေါင်း (၁၀၀) ကြာပြီးနောက်မှ ထိုင်းဘုရင်တစ်ပါးက ပထမဆုံးချီးမြှောက်ခံရတဲ့ တော်ဝင်မောင်းမငယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ ဘယ်ရောက်နေတယ်ဆိုတာ မသိရတဲ့အပြင် အခုရာထူးက ဖယ်ရှားလိုက်တဲ့ အရာရှိ(၆) ဦးဟာလည်း Sineenatra Wongvajirabhakdi နဲ့ ပတ်သက်ဆက်နွယ်နေသူတွေဖြစ်နိုင်တယ်လို့ ဝေဖန်နေကြကြောင်းလည်း သိရပါတယ်။Credit-burmese.asi


