သားလေးရဲ့ အသက်ကို မမီလိုက်ဘူးဆိုတဲ့ အောင်ဇော်မင်း
‘’ အစ္ကိုက ေျမာက္ဒဂုံဘက္ကို အလုပ္ကိစၥနဲ႔ သြားေနတာ ျပန္လာေတာ့ စံျပေဈးေလာက္ေရာက္တဲ့ အခ်ိန္မွာ မိန္းမက ရွင့္သား ေခၚလို႔မရေတာ့ဘူး၊ ဘာျဖစ္တယ္၊ ညာျဖစ္တယ္နဲ႔ဆိုေတာ့ အစ္ကိုျပန္ေရာက္ေတာ့ အိမ္ေအာက္ထပ္က အစ္မေတြကလည္းေျပာတယ္ ဆရာဝန္ေတြေတာင္ ေခၚၿပီးၿပီေပါ့ေနာ္။ ဆရာဝန္ေရာက္တဲ့ အခ်ိန္မွာလည္း အသက္မရွိေတာ့ဘူး။ အစ္ကိုေရာက္တဲ့ အခ်ိန္ကေတာ့ မိနစ္ ၂၀ ေလာက္ ေနာက္က်သြားတာေပါ့ေနာ္။ ၁၉ ရက္ေန႔ ညေန ၅ နာရီခြဲမွာဆုံးတယ္၊ ၂၁ ရက္ေန႔ ညေန ၃နာရီမွာ မီးသၿဂိဳဟ္တယ္။ ၂၅ က်ေတာ့ ရက္လည္ေပါ့’’ လို႔ သူကဆိုပါတယ္။ သားျဖစ္သူကိုလည္း အခုခ်ိန္မွာ လြမ္းဆြတ္တမ္းတ သတိရေၾကာင္းေတြကေတာ့ ရင္နဲ႔ မဆန႔္ေအာင္ပဲလို႔ ေအာင္ေဇာ္မင္းက ေျပာပါတယ္။ မိဘ တစ္ေယာက္ျဖစ္တာေၾကာင့္လည္း သားသမီးအေပၚထားတဲ့ အမွတ္တရေတြက အမ်ားႀကီးပါပဲတဲ့။
‘’ ကိုယ့္သားသမီး ကြယ္လြန္သြားတာဆိုေတာ့လည္း ရင္ထဲမွာ ခံစားရတဲ့ ခံစားခ်က္က အတိုင္းမသိေပါ့ေနာ္။ ေျပာျပလို႔ေတာင္ မရဘူး။ သူက သူမ်ားလို သန္မာတဲ့သူ မဟုတ္ဘူးေလ။ အိပ္ရာထဲမွာ အိပ္ရင္လည္း အသားခ်င္း ထိအိပ္ရတယ္။ အစ္ကိုဆိုရင္ သူ႔ကို လက္ခ်ိတ္ အိပ္ရတယ္။ အစ္ကိုေညာင္းလို႔ ဟိုဘက္ဒီဘက္ လွည့္လို႔ လက္ျဖဳတ္မိသြားရင္ေတာင္မွ အစ္ကိုမ်ားထထြက္သြားမလားဆိုၿပီး မ်က္လုံးပြင့္ၿပီး ၾကည့္ေနတာ။ ပိုဆိုးတာက အခုဆို ထမင္းစားခ်ိန္တို႔၊ ညအိပ္ခ်ိန္တို႔ဆို သတိရတာေပါ့။ ဆုံးသြားလို႔ ဓာတ္ပုံအေရွ႕မွာ ထမင္းပန္းကန္ျပင္ေပးထားရင္ေတာင္မွပဲ သူ႔ဘာသာသူ မစားႏိုင္တဲ့အတြက္ စားေရာ စားရရဲ႕လားဆိုၿပီးေတာ့ ေတြးမိတာေပါ့ေနာ္’’ ဆိုၿပီးေတာ့ မ်က္ရည္စက္ေတြၾကားက ဝမ္းနည္းေၾကကြဲရင္း ေျပာျပလာပါတယ္။
ေအာင္ေဇာ္မင္းရဲ႕သားေလး ေမာင္ေကာင္းေကာင္းကေတာ့ ပိုလီယိုေရာဂါ ေဝဒနာခံစားေနရရွာတဲ့ ကေလးတစ္ေယာက္ျဖစ္ပါတယ္။ သားေလး ကြယ္လြန္သြားတာ မမီလိုက္ဘူးလို႔လည္း ေအာင္ေဇာ္မင္းက ရင္ဖြင့္ေျပာျပလာပါတယ္။
‘’ျဖစ္တာကေတာ့ သူက နဂိုကတည္းက ေမြးၿပီးေတာ့ အသားဝါလို႔ ေဆးထိုးလိုက္ေတာ့ ပိုလီယိုျဖစ္သြားတာေပါ့။ ပိုလီယို ဘဝနဲ႔ပဲ ၂၃ ႏွစ္အထိေပါ့ အိပ္ရာထဲ ပလက္ပဲ။ ကိုယ္တိုင္မစားႏိုင္ဘူး။ မိဘေကြၽးမွစား၊ မိဘေရတိုက္မွေသာက္ အဲဒီလိုေနလာခဲ့တာေပါ့။ ၁၉ ရက္ေန႔တုန္းကေတာ့ မဖ်ား၊ မနာပဲနဲ႔ ပိုလီယိုျဖစ္ေနၾကသေလာက္ပဲရွိတာပါ။ ေန႔ခင္းက်ေတာ့ သူ႔အေမက မုန႔္ေကြၽးၿပီးေတာ့ ေရတိုက္ေတာ့လည္း အားရပါးရ ေရေသာက္ေတာ့ ေရသီးမွာေၾကာက္လို႔ ေရတိုက္ေနတာကို ရပ္လိုက္တယ္။ ခဏေနေတာ့ သား ေရေသာက္ဦးမလားဆိုေတာ့ စကားမေျပာတတ္ေတာ့ မ်က္ႏွာလႊဲသြားတယ္။ အေမကလည္း ေရခြက္ကို ေဘးခ်ၿပီးေတာ့ သားကိုအၾကည့္၊ သားကလည္း သူ႔အေမကို ၾကည့္ၿပီးတဲ့အခ်ိန္မွာ ဇာတ္က်ိဳးက်သြားတာ။ ေရာဂါေတြလည္း မျဖစ္ပဲနဲ႔ေပါ့ေလ’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ ရက္လည္ဆြမ္းသြပ္မွာ ေျဖဆိုခဲ့တာပါ။
ေအာင္ေဇာ္မင္းကိုေတာ့ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ ဟာသဉာဏ္႐ႊင္သူတစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ သတိထားမိတဲ့ ဟာသသ႐ုပ္ေဆာင္ တစ္ဦးဆိုရင္လည္း မမွားပါဘူး။ လက္ရွိမွာလည္း ေအာင္ေဇာ္မင္းက ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ဗီဒီယို ဇာတ္ကားေတြ ဆက္လက္႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။Credit-burmese.asia
Unicode
ကွယ်လွန်သွားပြီဖြစ်တဲ့ သားလေး မောင်ကောင်းကောင်းရဲ့ အမှတ်တရတွေကို ဖခင်ဖြစ်တဲ့ အောင်ဇော်မင်းက မျက်ရည်စက်တွေကြားက ကြေကွဲ ဝမ်းနည်းစွာ ပြောပြလာပါတယ်။ ဒီနေ့ (အောက်တိုဘာလ ၂၅) ရက်နေ့မှာတော့ သားလေးအတွက် ရက်လည်ဆွမ်းသွပ်ခဲ့ကြပါတယ်။ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားလေးကတော့ အောက်တိုဘာလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ သားဖြစ်သူအတွက် နာရေးရက်လည် ဆွမ်းသွပ်ခဲ့ကြပါတယ်။ သားဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ဖြစ်ကြောင်းကုန်စင်တွေကိုလည်း ပြောပြခဲ့ပါတယ်။
‘’ အစ်ကိုက မြောက်ဒဂုံဘက်ကို အလုပ်ကိစ္စနဲ့ သွားနေတာ ပြန်လာတော့ စံပြဈေးလောက်ရောက်တဲ့ အချိန်မှာ မိန်းမက ရှင့်သား ခေါ်လို့မရတော့ဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ဆိုတော့ အစ်ကိုပြန်ရောက်တော့ အိမ်အောက်ထပ်က အစ်မတွေကလည်းပြောတယ် ဆရာဝန်တွေတောင် ခေါ်ပြီးပြီပေါ့နော်။ ဆရာဝန်ရောက်တဲ့ အချိန်မှာလည်း အသက်မရှိတော့ဘူး။ အစ်ကိုရောက်တဲ့ အချိန်ကတော့ မိနစ် ၂၀ လောက် နောက်ကျသွားတာပေါ့နော်။ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲမှာဆုံးတယ်၊ ၂၁ ရက်နေ့ ညနေ ၃နာရီမှာ မီးသဂြိုဟ်တယ်။ ၂၅ ကျတော့ ရက်လည်ပေါ့’’ လို့ သူကဆိုပါတယ်။ သားဖြစ်သူကိုလည်း အခုချိန်မှာ လွမ်းဆွတ်တမ်းတ သတိရကြောင်းတွေကတော့ ရင်နဲ့ မဆန့်အောင်ပဲလို့ အောင်ဇော်မင်းက ပြောပါတယ်။ မိဘ တစ်ယောက်ဖြစ်တာကြောင့်လည်း သားသမီးအပေါ်ထားတဲ့ အမှတ်တရတွေက အများကြီးပါပဲတဲ့။‘’ ကိုယ့်သားသမီး ကွယ်လွန်သွားတာဆိုတော့လည်း ရင်ထဲမှာ ခံစားရတဲ့ ခံစားချက်က အတိုင်းမသိပေါ့နော်။ ပြောပြလို့တောင် မရဘူး။ သူက သူများလို သန်မာတဲ့သူ မဟုတ်ဘူးလေ။ အိပ်ရာထဲမှာ အိပ်ရင်လည်း အသားချင်း ထိအိပ်ရတယ်။ အစ်ကိုဆိုရင် သူ့ကို လက်ချိတ် အိပ်ရတယ်။ အစ်ကိုညောင်းလို့ ဟိုဘက်ဒီဘက် လှည့်လို့ လက်ဖြုတ်မိသွားရင်တောင်မှ အစ်ကိုများထထွက်သွားမလားဆိုပြီး မျက်လုံးပွင့်ပြီး ကြည့်နေတာ။ ပိုဆိုးတာက အခုဆို ထမင်းစားချိန်တို့၊ ညအိပ်ချိန်တို့ဆို သတိရတာပေါ့။ ဆုံးသွားလို့ ဓာတ်ပုံအရှေ့မှာ ထမင်းပန်းကန်ပြင်ပေးထားရင်တောင်မှပဲ သူ့ဘာသာသူ မစားနိုင်တဲ့အတွက် စားရော စားရရဲ့လားဆိုပြီးတော့ တွေးမိတာပေါ့နော်’’ ဆိုပြီးတော့ မျက်ရည်စက်တွေကြားက ဝမ်းနည်းကြေကွဲရင်း ပြောပြလာပါတယ်။
အောင်ဇော်မင်းရဲ့သားလေး မောင်ကောင်းကောင်းကတော့ ပိုလီယိုရောဂါ ဝေဒနာခံစားနေရရှာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သားလေး ကွယ်လွန်သွားတာ မမီလိုက်ဘူးလို့လည်း အောင်ဇော်မင်းက ရင်ဖွင့်ပြောပြလာပါတယ်။
‘’ဖြစ်တာကတော့ သူက နဂိုကတည်းက မွေးပြီးတော့ အသားဝါလို့ ဆေးထိုးလိုက်တော့ ပိုလီယိုဖြစ်သွားတာပေါ့။ ပိုလီယို ဘဝနဲ့ပဲ ၂၃ နှစ်အထိပေါ့ အိပ်ရာထဲ ပလက်ပဲ။ ကိုယ်တိုင်မစားနိုင်ဘူး။ မိဘကျွေးမှစား၊ မိဘရေတိုက်မှသောက် အဲဒီလိုနေလာခဲ့တာပေါ့။ ၁၉ ရက်နေ့တုန်းကတော့ မဖျား၊ မနာပဲနဲ့ ပိုလီယိုဖြစ်နေကြသလောက်ပဲရှိတာပါ။ နေ့ခင်းကျတော့ သူ့အမေက မုန့်ကျွေးပြီးတော့ ရေတိုက်တော့လည်း အားရပါးရ ရေသောက်တော့ ရေသီးမှာကြောက်လို့ ရေတိုက်နေတာကို ရပ်လိုက်တယ်။ ခဏနေတော့ သား ရေသောက်ဦးမလားဆိုတော့ စကားမပြောတတ်တော့ မျက်နှာလွှဲသွားတယ်။ အမေကလည်း ရေခွက်ကို ဘေးချပြီးတော့ သားကိုအကြည့်၊ သားကလည်း သူ့အမေကို ကြည့်ပြီးတဲ့အချိန်မှာ ဇာတ်ကျိုးကျသွားတာ။ ရောဂါတွေလည်း မဖြစ်ပဲနဲ့ပေါ့လေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ရက်လည်ဆွမ်းသွပ်မှာ ဖြေဆိုခဲ့တာပါ။
အောင်ဇော်မင်းကိုတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ် သတိထားမိတဲ့ ဟာသသရုပ်ဆောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း အောင်ဇော်မင်းက ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယို ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေတာ တွေ့ရပါတယ်။Credit-burmese.asia



