Latest Posts

ကိုယ်တိုင်နှလုံးရောဂါခံစားဖူးတာကြောင့် နှလုံးခွဲစိတ်ရမယ့် ကလေးအတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး

ပြည်သူ့အချစ်တော် နိုင်ငံကျော် မင်းသမီးဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ပင်လုံဆေးရုံမှာ နှလုံးရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူနေရတဲ့ မောင်ဟိန်းထက်ထက်ကို အလှူငွေ (၇)သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။မောင်ဟိန်းထက်ထက်ကတော့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာမှာနေထိုင်တာဖြစ်ပြီး အသက်အရွယ်အားဖြင့် (၁၅)နှစ်သာရှိပါသေးတယ်။
မောင်ဟိန်းထက်ထက်ဟာ နဝမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ နှလုံးအဆို့ရှင် မလုံတာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမှာပါ။မောင်ဟိန်းထက်ထက်ရဲ့ မိဘတွေကတော့ ဆင်းရဲနွမ်းပါးလှတာကြောင့် ခွဲစိတ်ကုသမှုအတွက်ကို ငွေရေးကြေးရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ထက်ထက်မိုးဦးကတော့ ကိုယ်တိုင်ကလည်း နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရတာကြောင့်
အခုလို နှလုံးရောဂါကြောင့် ဝေဒနာခံစားနေရတဲ့ မောင်ဟိန်းထက်ထက်ကို ကိုယ်ချင်းစာပြီး သနားတာကြောင့် အခုလို အလှူငွေတွေကို သွားရောက်လှူဒါန်းခဲ့တာလို့လည်း သိရှိရပါတယ်။ထက်ထက်တစ်ယောက် လှူဒါန်းခဲ့တဲ့ အလှူငွေတွေဟာ အနုပညာအလုပ်တွေကရရှိခဲ့ ငွေတွေဖြစ်တာကြောင့် အခုအလှူလေးဟာ (၇)ရက်သားသမီး ပရိသတ်တွေကိုယ်စား လှူဒါန်းပေးတာဖြစ်တယ်လို့လည်း ထက်ထက်ကပြောထားပါသေးတယ်။

Source : Htet Htet Moe Oo;Chilli – CeleGabar
Zawgyi
ပြည်သူ့အချစ်တော် နိုင်ငံကျော် မင်းသမီးဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ပင်လုံဆေးရုံမှာ နှလုံးရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူနေရတဲ့ မောင်ဟိန်းထက်ထက်ကို အလှူငွေ (၇)သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။မောင်ဟိန်းထက်ထက်ကတော့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာမှာနေထိုင်တာဖြစ်ပြီး အသက်အရွယ်အားဖြင့် (၁၅)နှစ်သာရှိပါသေးတယ်။
မောင်ဟိန်းထက်ထက်ဟာ နဝမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ နှလုံးအဆို့ရှင် မလုံတာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမှာပါ။မောင်ဟိန်းထက်ထက်ရဲ့ မိဘတွေကတော့ ဆင်းရဲနွမ်းပါးလှတာကြောင့် ခွဲစိတ်ကုသမှုအတွက်ကို ငွေရေးကြေးရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ထက်ထက်မိုးဦးကတော့ ကိုယ်တိုင်ကလည်း နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရတာကြောင့်အခုလို နှလုံးရောဂါကြောင့် ဝေဒနာခံစားနေရတဲ့ မောင်ဟိန်းထက်ထက်ကို ကိုယ်ချင်းစာပြီး သနားတာကြောင့် အခုလို အလှူငွေတွေကို သွားရောက်လှူဒါန်းခဲ့တာလို့လည်း သိရှိရပါတယ်။ထက်ထက်တစ်ယောက် လှူဒါန်းခဲ့တဲ့ အလှူငွေတွေဟာ အနုပညာအလုပ်တွေကရရှိခဲ့ ငွေတွေဖြစ်တာကြောင့် အခုအလှူလေးဟာ (၇)ရက်သားသမီး ပရိသတ်တွေကိုယ်စား လှူဒါန်းပေးတာဖြစ်တယ်လို့လည်း ထက်ထက်ကပြောထားပါသေးတယ်။Source : Htet Htet Moe Oo;Chilli – CeleGabar