တစ်ဦးတည်းသော ချစ်ညီမလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရွှေထူး
ဒီနေ့မှာတော့ ရွှေထူးက သူ့ရဲ့ တစ်ဦးတည်းသော ညီမလေးကို မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ ရွှေထူးက သူနဲ့ သူ့ညီမလေးရဲ့ ငယ်ငယ်က ပုံလေးတွေတင်ပြီး “Happy Birthday ချစ်ရသော ငါ့ညီမလေး 🎂🎂🎂” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။
ရွှေထူးကတော့ မန္တလေးမှာမွေးဖွားတဲ့ မန္တလေးသားလေး တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ရွှေထူးက ညီမလေးတစ်ယောက်ကိုသာ ပိုင်ဆိုင်ထားပြီး မောင်နှမနှစ်ယောက်တည်းသာ ရှိတာ ဖြစ်ပါတယ်။
ရွှေထူးကတော့ ညီမလေးကို ရိုးရိုးရှင်းရှင်းလေးသာ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-swelsone;Rowena;Source: Shwe Htoo’s fb
Zawgyi
နိုင်ငံကျော် အဆိုတော် ရွှေထူးက ပရိသတ်တွေအကြိုက် သီချင်းကောင်းလေးတွေ သီဆိုရင်းနဲ့ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ရွှေထူးက အခုဆိုရင် အဆိုတော်အပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံနေရတာပဲ ဖြစ်ပါတယ်။ ရွှေထူးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။



