အိမ်ထောင်ရှိလျက်နဲ့ မိန်းကလေးတစ်ဦးကို လိမ်ညာလက်ထပ်တဲ့ အမျိုးသားကို မယားကြီး မယားငယ် နှစ်ဦးစလုံးက အမှုဖွင့်
မိန္းကေလးသည္ နည္းလမ္းမ်ိဳးစုံျဖင့္ လူပ်ိဳပါဟုလိမ္ညာျခင္းကို ယုံၾကည္မိၿပီး လက္ထပ္ေပါင္းသင္းခဲ့မိပါသည္ဟုေျပာျပပါသည္
ေပါင္းသင္းၿပီးေနာက္မွ အိမ္ေထာင္ရွိေၾကာင္းသိရသျဖင့္ ျမန္မာအမ်ိဳးသမီးတစ္ဦးအေနျဖင့္ အိမ္ေထာင္ရွိသူကိုလက္မခံနိုင္ပဲ ၎ကိုလူပ်ိဳပါဟုဟန္ေဆာင္ေပါင္းသင္းသူကို သက္ေသအေထာက္အထားခိုင္လုံစြာျဖင့္ အမႈဖြင့္တရားစြဲဆိုခဲ့ပါသည္ ။
ယခုအခါ လူပ်ိဳပါဟုဟန္ေဆာင္သူ၏ မကြာရွင္းရေသးေသာဇနီးမွ တစ္လင္တစ္မယားဥပေဒပုဒ္မ ၁၃ ျဖင့္ ၎၏ေယာက္က်ားကို အမႈဖြင့္တရားစြဲဆိုထားၿပီျဖစ္ၿပီး လူပ်ိဳပါဟုလိမ္ညာေပါင္းသင္းခံရသူမိန္းကေလးမွလည္း ဟန္ေဆာင္သူအမ်ိဳးသားကို တစ္လင္တစ္မယားဥပေဒပုဒ္မ ၁၇ ျဖင့္ ရဲစခန္းတြင္ အမႈဖြင့္တရားစြဲဆိုခဲ့ၿပီျဖစ္၍ မိမိဇနီးကိုသစၥာေဖါက္ကာအမ်ိဳးသမီးႏွစ္ဦးကိုေပါင္းသင္းခဲ့သူ ထိုအမ်ိဳးသားသည္ နစ္နာသူအမ်ိဳးသမီးႏွစ္ဦး၏ ဥပေဒေဘာင္ထဲမွရိုက္ခ်က္ကို လွလွပပ ရင္ဆိုင္ရၿပီျဖစ္ပါသည္
ယခုအမႈမ်ားကိုသုံးသပ္ၾကည့္ရာ ေသြးသားဆႏၵအရ ဘာသာတရား မေၾကာက္ ဥပေဒမေၾကာက္ မဆင္ျခင္ပဲ လိမ္ညာသူကလည္း လိမ္ညာၾကသလို မိခင္စိတ္ရွိသူမ်ားျဖစ္ၾကသည့္အမ်ိဳးသမီးမ်ားအေနျဖင့္ မိမိခ်စ္ခင္ႏွစ္သက္သူအေပၚ အစြန္းေရာက္ခ်စ္ျခင္းျဖင့္ ယုံၾကည္စိတ္လြန္ကဲမႈေၾကာင့္ မျဖစ္သင့္သည့္ျပႆနာမ်ား ျဖစ္ေပၚလာျခင္းျဖစ္ပါသည္
ထိုျပႆနာမ်ားကို ၾကဳံေတြ႕ၾကရသူမ်ားသည္ လူမူေရးထိခိုက္ျခင္း / စီးပြါးေရးဆုံးရႈံးက်ဆင္းျခင္း / သားသမီးမ်ားကို ထိန္းသိမ္းနိုင္မႈမရွိျခင္း / စိတ္ပင္ပန္းညႇိုးငယ္စြာခံစားေနရေသာေၾကာင့္ အမွားအမွန္ကိုမခ်င့္ခ်ိန္နိုင္ဘဲ လူသတ္မိသည္အထိ ျပစ္မႈႀကီးမ်ားက်ဴးလြန္ကာ မိသားစုတကြဲတျပားခံစားၾကရသည္ကို ေတြ႕ျမင္ေနရပါသည္ ။လိမ္ညာေဖါက္ျပန္သူကိုယ္တိုင္လည္း ဘဝပ်က္နိင္သည္ကို သတိျပဳေစလိုပါသည္Credit-aungprsay
Unicode
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ( – – ) ရပ်ကွက်တွင်နေထိုင်သော အိမ်ထောင်မရှိသူ ( အပျို )မိန်းကလေးကို အိမ်ထောင်ရှိသူအမျိုးသားမှ အိမ်ထောင်မရှိသူ ( လူပျို ) ဟုလိမ်ညာကာ ခိုးယူပေါင်းသင်းခဲ့မှုဖြစ်ပွါးခဲ့ပါသည် ။
မိန်းကလေးသည် နည်းလမ်းမျိုးစုံဖြင့် လူပျိုပါဟုလိမ်ညာခြင်းကို ယုံကြည်မိပြီး လက်ထပ်ပေါင်းသင်းခဲ့မိပါသည်ဟုပြောပြပါသည်
ပေါင်းသင်းပြီးနောက်မှ အိမ်ထောင်ရှိကြောင်းသိရသဖြင့် မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် အိမ်ထောင်ရှိသူကိုလက်မခံနိုင်ပဲ ၎င်းကိုလူပျိုပါဟုဟန်ဆောင်ပေါင်းသင်းသူကို သက်သေအထောက်အထားခိုင်လုံစွာဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပါသည် ။
ယခုအခါ လူပျိုပါဟုဟန်ဆောင်သူ၏ မကွာရှင်းရသေးသောဇနီးမှ တစ်လင်တစ်မယားဥပဒေပုဒ်မ ၁၃ ဖြင့် ၎င်း၏ယောက်ကျားကို အမှုဖွင့်တရားစွဲဆိုထားပြီဖြစ်ပြီး လူပျိုပါဟုလိမ်ညာပေါင်းသင်းခံရသူမိန်းကလေးမှလည်း ဟန်ဆောင်သူအမျိုးသားကို တစ်လင်တစ်မယားဥပဒေပုဒ်မ ၁၇ ဖြင့် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ပြီဖြစ်၍ မိမိဇနီးကိုသစ္စာဖေါက်ကာအမျိုးသမီးနှစ်ဦးကိုပေါင်းသင်းခဲ့သူ ထိုအမျိုးသားသည် နစ်နာသူအမျိုးသမီးနှစ်ဦး၏ ဥပဒေဘောင်ထဲမှရိုက်ချက်ကို လှလှပပ ရင်ဆိုင်ရပြီဖြစ်ပါသည်
ယခုအမှုများကိုသုံးသပ်ကြည့်ရာ သွေးသားဆန္ဒအရ ဘာသာတရား မကြောက် ဥပဒေမကြောက် မဆင်ခြင်ပဲ လိမ်ညာသူကလည်း လိမ်ညာကြသလို မိခင်စိတ်ရှိသူများဖြစ်ကြသည့်အမျိုးသမီးများအနေဖြင့် မိမိချစ်ခင်နှစ်သက်သူအပေါ် အစွန်းရောက်ချစ်ခြင်းဖြင့် ယုံကြည်စိတ်လွန်ကဲမှုကြောင့် မဖြစ်သင့်သည့်ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်
ထိုပြဿနာများကို ကြုံတွေ့ကြရသူများသည် လူမူရေးထိခိုက်ခြင်း / စီးပွါးရေးဆုံးရှုံးကျဆင်းခြင်း / သားသမီးများကို ထိန်းသိမ်းနိုင်မှုမရှိခြင်း / စိတ်ပင်ပန်းညှိုးငယ်စွာခံစားနေရသောကြောင့် အမှားအမှန်ကိုမချင့်ချိန်နိုင်ဘဲ လူသတ်မိသည်အထိ ပြစ်မှုကြီးများကျူးလွန်ကာ မိသားစုတကွဲတပြားခံစားကြရသည်ကို တွေ့မြင်နေရပါသည် ။လိမ်ညာဖေါက်ပြန်သူကိုယ်တိုင်လည်း ဘဝပျက်နိင်သည်ကို သတိပြုစေလိုပါသည်Credit-aungprsay

