“အမြဲတမ်း ငွေမပြတ်စေတဲ့ ယတြာ”
တနင်္ဂနွေနေ့ ဆိုရင်
တနင်္လာနေ့ ဆိုရင်
အင်္ဂါနေ့ ဆိုရင်
ဗုဒ္ဓဟူးနေ့ ဆိုရင်
ကြာသပတေးနေ့
သောကြာနေ့ ဆိုရင်
စနေနေ့ ဆိုရင်
Unicode
ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာဖြစ်ပါတယ်
အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာ နှင့် ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် ယတြာ တွေငွေဖလား ဒါမှမဟုတ် ကြေးဖလား တစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက် ကို ဖြန့်ခင်းထားလိုက်ပါ ကိုယ်တတ်နိုင်တဲ့ ငွေစက္ကူ အတိုင်းအတာနဲ့ တွက်ပြီး ထည့်နိုင်ပါတယ်၊
တတ်နိုင် တဲ့ လူအတွက်ကတော့ တစ်သောင်းတန်ပေါ့၊ ဒေါ်လာနဲ့ အလုပ်လုပ်နေသူ ဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့ ပြီးရင် အဲဒီ ငွေစက္ကူထည့်ထားတဲ့ ဖလားထဲကို ရေဖြည်းဖြည်းခြင်း လောင်းထည့်ပါရေစက်ခွက်ထဲကို ရေစက်ချတဲ့ အခါလောင်းသလို မျိုးလောင်းထည့်ပါ ရေလောင်းနေတဲ့ အချိန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်နေပါ၊
ပြီးတာနဲ့ ရေမြုပ်နေတဲ့ ငွေစက္ကူပေါ်ကို ခေါင်းလောင်း တစ်လုံး တင်ထားလိုက်ပါ မကြာခဏ အဲဒီခေါင်းလောင်း ကို ယူပြီး တီးပါ၊ ခေါင်းလောင်းတီးနေတဲ့ အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက် ပြည့်အောင်ရွတ်ပါ
အဲဒီ ဓါတ်ဆင်ထားတဲ့ ငွေစက္ကူ ထည့်ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာ တင်ထားပါ
အဲဒ ီငွေဓါတ်ဆင် တာကို လုပ်ရမယ့် အချိန်က တနင်္လာ နဝင်းစီးနေတဲ့ အချိန်မှာ လုပ်ရပါမယ် တနင်္လာ နဝင်းစီးတဲ့ အချိန်တွေကတော့၊
တနင်္ဂနွေနေ့ ဆိုရင်
နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း၊
တနင်္လာနေ့ ဆိုရင်
နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း၊
အင်္ဂါနေ့ ဆိုရင်
ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း၊
ဗုဒ္ဓဟူးနေ့ ဆိုရင်
နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း၊
ကြာသပတေးနေ့
ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း၊
သောကြာနေ့ ဆိုရင်
မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊
စနေနေ့ ဆိုရင်နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊
တနင်္လာ နဝင်းစီးတဲ့ အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့် လည်း နေရောင်ရှိသော အချိန်များမှာသာ လုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီး မလုပ်သင့်ပါ၊
ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့ အားလုံး ငွေမပြတ်ဝင်ပြီး အဆင်ပြေကြပါစေ
ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန်
အရောင်း အဝယ် ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့ မျက်နှာစာကိုဖျန်းပတ်ပါ လဧည့်သည် စည်ကား၍ အရောင်း အဝယ်များ ပွင့်လန်းလာလိမ့်မည်Credit-original

