Latest Posts

အသက် ၃၀ ကျော်မှ အကပြိုင်ဖြစ်တဲ့ ခံစားချက်ကိုပြောလာတဲ့ မေကဗျာ

ေမကဗ်ာ ကေတာ့ အသက္ ၃၀ ေက်ာ္မွ အက ၿပိဳင္ပြဲကို ဝင္ၿပိဳင္ျဖစ္တဲ့အေၾကာင္းေျပာလာပါတယ္။ သူမကိုယ္တိုင္ကလည္း အႏုပညာအလုပ္ေတြ မလုပ္ခင္ကတည္းက အက ကခဲ့သူပါတဲ့။
သ႐ုပ္ေဆာင္ ေမကဗ်ာကေတာ့ Dancing with the stars ဆိုတဲ့ ၿပိဳင္ပြဲမွာ အက ဝင္ၿပိဳင္မယ္လို႔ သိရပါတယ္။ သူမရဲ႕ အႏုပညာအလုပ္ေတြ စတင္ခဲ့တာကလည္း အက နဲ႔ပဲ စတင္ခဲ့တာျဖစ္တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ တစ္ခါတေလက်ရင္လည္း ျပန္စဥ္းစားမိတယ္။ ငါဘာလို႔ ကမိတာလဲ ကေလးေတြၾကားထဲမွာေပါ့ေနာ္။ အသက္ႀကီးေကာင္ႀကီးမားနဲ႔ ဘာလို႔ဝင္ကျဖစ္တာလဲ မသိဘူးေပါ့။ ဒါေပမယ့္ ကိုယ္က အရမ္းကခ်င္တာ၊ အကဆိုရင္ ဝါသနာပါတယ္။ အကလို႔ဆိုလိုက္တာနဲ႔ ပါမယ္၊ ပါမယ္ႀကီးျဖစ္ေနတာေပါ့ေနာ္။ အရင္တုန္းက ကိုယ္ ကဖူးခဲ့တယ္ဆိုတဲ့ Dancer ဘဝေလးကို ပရိသတ္ကို ခ်ျပခ်င္တာ။ ကိုယ္က ဒီ Dancer ဘဝကေန တက္လာတယ္ဆိုတာကို သိေစခ်င္တယ္။ စိတ္လည္းလႈပ္ရွားတယ္။ ရင္လည္းခုန္တယ္၊ ေၾကာက္လည္း ေၾကာက္တယ္’’ လို႔ သူကဆိုပါတယ္။

ေမကဗ်ာဟာ သ႐ုပ္ေဆာင္ေလာကထဲမွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ဒါေပမယ့္ အဓိက ဝါသနာအရင္းခံ တစ္ခုျဖစ္တဲ့ အက ကိုေတာ့ လက္မလႊတ္ခ်င္တဲ့အေၾကာင္း ေျပာလာပါတယ္။
‘’အစ္မရဲ႕ အဓိက ဝါသနာက အကပါ။ သ႐ုပ္ေဆာင္တာေတာင္မွ အကေလာက္ ဝါသနာမပါဘူး။ မူႀကိဳတုန္းကလည္း အၿငိမ့္အဖြဲ႕ေလးမွာ ကဖူးတယ္။ ၁၃ ႏွစ္သမီးေလာက္တုန္းကလည္း မတင္မိုးလြင္ဆီမွာ အကအဖြဲ႕ေလး ဖြဲ႕ၿပီးေတာ့ ကဖူးတယ္။ မထက္ထက္ဝင္းတို႔နဲ႔ Baby G ဆိုတဲ့ အဖြဲ႕ဖြဲ႕ၿပီးေတာ့ ကဖူးတယ္။ အဲဒါေၾကာင့္မို႔လို႔ အခု အသက္ ၃၀ ေက်ာ္မွ ျပန္ကတာပါ’’ ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

အရင္တုန္းက ကခဲ့ဖူးတဲ့ အကေတြနဲ႔ အခုလက္ရွိ အက ေတြမွာ ကြဲျပားတာေတြရွိတယ္လို႔ ေမကဗ်ာက ေျပာပါတယ္။

‘’ အေျခခံကေတာ့ တူတာေပါ့ေနာ္။ ဒီမွာ အခုၿပိဳင္ရမယ့္ Theme ေတြက အမ်ားႀကီးဆိုေတာ့ ကိုယ္မက ဖူးတာေတြလည္း အမ်ားႀကီးပါတယ္။ ကိုယ္က ဖူးတာေလးက ၂ မ်ိဳး၊ ၃ မ်ိဳးေလာက္ပဲ ပါတာ။ ဒီမွာက ကိုယ္မကဖူးတာေတြ၊ ကိုယ္မၾကားဖူးတဲ့ အကေတြေတာင္ ပါတယ္’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က က်င္းပျပဳလုပ္တဲ့ Dancing with the stars စာနယ္ဇင္း မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။


ေမကဗ်ာကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့ၾကတာပါ။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း အေတာ္ၾကာေနၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္အလုပ္ထက္ ကိုယ္ပိုင္စီးပြားေရးျဖစ္တဲ့ စက္ခ်ဳပ္လုပ္ငန္းကို ပိုဦးစားေပးလုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။ အဲဒီေနာက္ ႏွင္းဆီအဖြဲ႕သားေတြနဲ႔အတူ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။Credit-aungparsay
Unicode
မေကဗျာ ကတော့ အသက် ၃၀ ကျော်မှ အက ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တဲ့အကြောင်းပြောလာပါတယ်။ သူမကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေ မလုပ်ခင်ကတည်းက အက ကခဲ့သူပါတဲ့။
သရုပ်ဆောင် မေကဗျာကတော့ Dancing with the stars ဆိုတဲ့ ပြိုင်ပွဲမှာ အက ဝင်ပြိုင်မယ်လို့ သိရပါတယ်။ သူမရဲ့ အနုပညာအလုပ်တွေ စတင်ခဲ့တာကလည်း အက နဲ့ပဲ စတင်ခဲ့တာဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ တစ်ခါတလေကျရင်လည်း ပြန်စဉ်းစားမိတယ်။ ငါဘာလို့ ကမိတာလဲ ကလေးတွေကြားထဲမှာပေါ့နော်။ အသက်ကြီးကောင်ကြီးမားနဲ့ ဘာလို့ဝင်ကဖြစ်တာလဲ မသိဘူးပေါ့။ ဒါပေမယ့် ကိုယ်က အရမ်းကချင်တာ၊ အကဆိုရင် ဝါသနာပါတယ်။ အကလို့ဆိုလိုက်တာနဲ့ ပါမယ်၊ ပါမယ်ကြီးဖြစ်နေတာပေါ့နော်။ အရင်တုန်းက ကိုယ် ကဖူးခဲ့တယ်ဆိုတဲ့ Dancer ဘဝလေးကို ပရိသတ်ကို ချပြချင်တာ။ ကိုယ်က ဒီ Dancer ဘဝကနေ တက်လာတယ်ဆိုတာကို သိစေချင်တယ်။ စိတ်လည်းလှုပ်ရှားတယ်။ ရင်လည်းခုန်တယ်၊ ကြောက်လည်း ကြောက်တယ်’’ လို့ သူကဆိုပါတယ်။
မေကဗျာဟာ သရုပ်ဆောင်လောကထဲမှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အဓိက ဝါသနာအရင်းခံ တစ်ခုဖြစ်တဲ့ အက ကိုတော့ လက်မလွှတ်ချင်တဲ့အကြောင်း ပြောလာပါတယ်။
‘’အစ်မရဲ့ အဓိက ဝါသနာက အကပါ။ သရုပ်ဆောင်တာတောင်မှ အကလောက် ဝါသနာမပါဘူး။ မူကြိုတုန်းကလည်း အငြိမ့်အဖွဲ့လေးမှာ ကဖူးတယ်။ ၁၃ နှစ်သမီးလောက်တုန်းကလည်း မတင်မိုးလွင်ဆီမှာ အကအဖွဲ့လေး ဖွဲ့ပြီးတော့ ကဖူးတယ်။ မထက်ထက်ဝင်းတို့နဲ့ Baby G ဆိုတဲ့ အဖွဲ့ဖွဲ့ပြီးတော့ ကဖူးတယ်။ အဲဒါကြောင့်မို့လို့ အခု အသက် ၃၀ ကျော်မှ ပြန်ကတာပါ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
အရင်တုန်းက ကခဲ့ဖူးတဲ့ အကတွေနဲ့ အခုလက်ရှိ အက တွေမှာ ကွဲပြားတာတွေရှိတယ်လို့ မေကဗျာက ပြောပါတယ်။
‘’ အခြေခံကတော့ တူတာပေါ့နော်။ ဒီမှာ အခုပြိုင်ရမယ့် Theme တွေက အများကြီးဆိုတော့ ကိုယ်မက ဖူးတာတွေလည်း အများကြီးပါတယ်။ ကိုယ်က ဖူးတာလေးက ၂ မျိုး၊ ၃ မျိုးလောက်ပဲ ပါတာ။ ဒီမှာက ကိုယ်မကဖူးတာတွေ၊ ကိုယ်မကြားဖူးတဲ့ အကတွေတောင် ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ Dancing with the stars စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။Credit-aungparsay