မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအရ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာ (၁၀)ပါး
၁။ သတို့သား၊ သတို့သမီးနွစ္ဦးလံုးကို လူလည္ေခါင္တြင္ ကန္ေတာ့ခံမထြက္ပဲ မိမိအိမ္မွာပင္ လြတ္လပ္စြာေနလွ်င္ ဖိတ္ထားေသာပရိတ္သတ္မ်ား စားေသာက္ၿပီး ျပန္သြားၾကမွ သတိုးသမီး အိပ္ခန္းရွိ ႀကိမ္တန္း၊ ႀကဳိးတန္း၌ သတိုးသား ပုဆိုး၊ ပုဝါ လွန္း၍ တင္ကာထိမ္းျမားျခင္းကို ပုဆိုးတန္းတင္ ထိမ္းျမားျခင္း ဟုေခၚသည္။
၂။ ထမင္း သိုမဟုတ္ မုန္႕တစ္ခုခု ကို သတို့သား၊ သတို့သမီးတို့က လက္စံုစားေစ ထိမ္းျမားျခင္းကို လက္စံုစား ထိမ္းျမားျခင္း ဟုေခၚသည္။ (ယခု လင္မယားအရာ ေျမာက္ၿပီးမွသာ ျပဳလုပ္ေလ့ ရွိသည္။)
၃။ သတို့သား ဝတ္ဆင္ေသာ လက္စြပ္ကို သတို့သမီးအား ဝတ္ဆင္ေပးျခင္း၊ သတို့သမီး ဝတ္ထားေသာ လက္စြပ္ကို သတို့သားအား ဝတ္ဆင္ေပးျခင္း၊ အခ်င္းခ်င္းလဲလွယ္၍ ထိမ္းျမားျခင္းကို လက္စြပ္လဲ၍ ထိမ္းျမားျခင္း ဟုေခၚသည္။
၄။ သတို့သားက သတို့သမီးအိမ္သို့ လာသည့္အခါ သတို့သမီး၏ မိဘမ်ားက အဝတ္ပုဆိုးအသစ္ လဲလွယ္ဝတ္ေပးျခင္းကို အဝတ္ေပး၍ ထိမ္းျမားျခင္း ဟုေခၚသည္။
၅။ သတို့သမီးလက္ယာလက္ကို ျဖန္႔ထား၍ သတို့သားလက္ယာဘက္ကို အေပၚတင္ေစကာ ဘိသိက္ဆရာက ျဖစ္ေစ၊ လူႀကီးတစ္ဦးဦးကျဖစ္ေစ ေရႊနွင့္ေငြ ဂေဟ ဆက္ထားသကဲ့သို တူနွစ္ကို တစ္စိတ္တစ္ဝမ္းထည္းဟု ပရိသတ္အလယ္တြင္ ထိမ္းျမားျခင္းကို လက္ထပ္ထိမ္းျမားျခင္း ဟုေခၚသည္။
၆။ ျဖန္႔လွ်င္နွစ္ဦးစလံုး ဦးေခါင္းဆံ့ေလာက္ ေလးေတာင္ခန္႔ရွိေသာ ေရႊဆြဲႀကိဳး ပန္းကံုသဖြယ္ျပဳလုပ္၍ သတို့သား၊ သတို့သမီး နွစ္ဦးစလံုး တစ္ခါတည္း စြပ္၍ ထိမ္းျမားျခင္းကို ဒါလီဖြဲ႕၍ ထိမ္းျမားျခင္း ဟုေခၚသည္။
၇။ အလွ်ား (၆) ေတာင္၊ အနံ (၂)ေတာင္ ရွိေသာ သတို့သမီးျခံဳသာ စုလွ်ားတဘက္အား သတို့သား၊ သတို့သမီးနွစ္ဦးအား ရစ္ပတ္ထိမ္းျမားျခင္းကို စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း ဟုေခၚသည္။
၈။ သတို့သားက သတို့သမီးအား ပန္းကံုးစြပ္ေပးသျဖင့္၊ သတို့သမီးက သတို့သားအား ပန္းကံုးစြပ္ေပးသျဖင့္ ထိမ္းျမားျခင္းကို ပန္းကံုစြပ္၍ ထိမ္းျမားျခင္း ဟုေခၚသည္။
၉။ ေရႊဖလား၊ ေငြဖလား၊ ဖန္ခြက္ စသည္တို့ ေရတစ္ဝက္ထည့္၍ သေျပပန္း၊ ေနဇာျမက္မ်ား ထည့္ျပီး သတို့သား၊ သတို့သမီး တို့၏ လက္ယာလက္မ်ားကို ခ်ထားေစ၍ ေရၾကည္လင္ေအးျမ၍ မကြဲတျပား တသားတည္းေန သတို့သား၊ သတို့သမီးတို့ ရိုးေျမက် ရာသက္ပန္တည္ပါေစ ဟုဆို၍ လက္ခ်ထိမ္းျမား ျခင္းကို ေရခြက္၌ လက္ခ်၍ ထိမ္းျမားျခင္း ဟုေခၚသည္။
၁၀။ ေရႊခြက္၊ေငြခြက္၊ဖန္ခြက္ စသည့္ နဝရတ္ ကိုးပါး၊ နံသာမ်ဳိးငါးပါး ေသြး၍ (သို့မဟုတ္) ေရေမႊးမ်ားထည့္၍ သတို့သား၊ သတို့သမီးတို့၏ ထိပ္၌ သေျပပန္းခက္ျဖင့္ ပက္ျဖန္း၍ လက္ထပ္ထိမ္းျမားျခင္းကို ဦးထိပ္၌ ေရစင္သြန္း၍ ထိမ္းျမားျခင္း ဟုေခၚသည္။ ျမန္မာ့စြယ္စုံက်မ္းမွ ေကာက္ႏုတ္ေဖာ္ျပပါသည္။Credit-baganthar
Unicode
မြန်မာ့ ဓလေ့ ထုံးတမ်းအစဉ်အလာအရ လက်ထပ်ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
၁။ သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။
၂။ ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)
၃။ သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၄။ သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၅။ သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။
၆။ ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၇။ အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသာ စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။
၈။ သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၉။ ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၁၀။ ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။ မြန်မာ့စွယ်စုံကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။Credit-baganthar