Latest Posts

မြင်းခြံမြို့ရှိ အင်္ဂလိပ်ခေတ် လွန်ခဲ့သော နှစ် (၈ဝ) ကျော်က အုတ်ဂူဟောင်းတစ်ခု

အဂၤလိပ္ေခတ္ လြန္ခဲ့ေသာ ႏွစ္ ၈ဝ ေက်ာ္က အုတ္ဂူေဟာင္းတစ္ခု
ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒ (ဥပေဒအမွတ္ ၅၂)မွ အခန္း(၃) ၊ပုဒ္မ (၄) ၊ပုဒ္မခြဲ (င) ၌ ” ေရွး​ေခတ္အေဆာက္အအုံ၊လမ္း၊တံတား၊တူးေဖာ္ထားေသာေနရာ၊ေရတြင္း၊ေရကန္၊ေရအိုင္ ႏွင့္ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္ထားေသာ ေက်ာက္ပုံ၊ေက်ာက္တိုင္၊ေက်ာက္စု၊သခၤ်ိဳင္း၊ေျမျမဳပ္သၿဂႋဳလ္ေသာေနရာ၊သၿဂႋဳလ္ေသာ အေဆာက္အအုံ၊ဂူ၊ျပႆဒ္ ” စသည္တို့ကို ​ေရွးေဟာင္းအေဆာက္အအုံအျဖစ္ သတ္မွတ္သည္ဟု ဆိုေသာေၾကာင့္ Mr George H Watkins ၏ အုတ္ဂူအေၾကာင္း တင္ျပျခင္း ျဖစ္ပါသည္။

“အုတ္ဂူေနရာ၏ေနာက္ခံသမိုင္း”

၁၉၃၀ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ အဂၤလိပ္အစိုးရတပ္မ်ားသည္ ဆရာစံတို့၏အလံေတာင္စခန္းဌာနခ်ဳပ္အား အင္အားသုံးၿဖိဳခြဲတိုက္ခိုက္ပီးသည့္ေနာက္တြင္ဆရာစံလည္း သာယာဝတီတြင္ မေနေတာ့ပဲ အထက္ျမန္မာျပည္သို့ တက္လာခဲ့ေလသည္။

ဆရာစံသည္ မႏၲေလး၊အင္းဝ၊အမရပူရ၊ေက်ာက္ဆည္၊ျမင္းၿခံ၊စစ္ကိုင္းတို့တြင္ ေက်းရြာမ်ားအထိ ဆင္းပီး စည္း႐ုံးေရးဆင္းကာ နယ္ခ်ဲ႕အဂၤလိပ္တို့အား ေတာ္လွန္တိုက္ခိုက္ဖို့ စည္း႐ုံးခဲ့ေလ၏။ဂဠဳန္တပ္ကို ေနရာတိုင္းတြင္ ဖြဲ႕စည္းပီး ျမန္မာတနိုင္ငံလုံးအတိုးင္အတာျဖင့္ အဂၤလိပ္တို့အား ေတာ္လွန္ၾကေလရာ အဂၤလိပ္အစိုးရလည္း လက္ရွိမိမိတို့စစ္အင္အားျဖင့္ မထိန္းသိမ္းနိုင္ေတာ့ပီမို့ အိႏၵိယမွ စစ္တပ္မ်ား ထပ္မံမွာယူရေတာ့ေလသည္။

ထို့ေၾကာင့္ ၁၉၃၁ ခုႏွစ္ ဧၿပီလတြင္ အိႏၵိယမွ “ဆာဒနာ”​ သေဘၤာ​ျဖင့္ ေရာက္လာေသာ ဒိုဂရာ(Dogra)တပ္သည္ ျမင္းၿခံတြင္ တပ္စခန္းခ်ကာ တပ္ဖြဲ႕မ်ားကို ပခုကၠဴ၊ေရနံေခ်ာင္း၊ေက်ာက္ပန္းေတာင္း၊ေခ်ာက္၊မင္းဘူး၊ေတာင္တြင္းႀကီး ၿမိဳ့မ်ားကို ေစလႊတ္ထားရွိခဲ့ေလသည္။
ထို ျမင္းၿခံ “ဒိုဂရာ”တပ္၏ ေဘး၌တြင္ပင္ “ေဂၚရာသခၤ်ိဳင္း” ထားရွိေလ၏။ ၁၉၅၅ ခုႏွစ္တြင္ေတာ့ ျမင္းၿခံ ေဂၚရာသခၤ်ိဳင္း(သနပ္ခါးၿခံ)ကိုပါ သခင္သန္းတင္ (ျပည္သူ႔အေရးေတာ္ပုံစစ္ေရးေခါင္းေဆာင္) တို့က သိမ္းလိုက္ပီး တပ္ရင္း(၂၃) အျဖစ္ စစ္တပ္ဖြဲ႕စည္းလိုက္၏။ ထို့ေနာက္ ရန္ႀကီးေအာင္စစ္ဆင္ေရး ျပည္တြင္းစစ္ကိုႏွိမ္ႏွင္းတိုက္ခိုက္ရာတြင္ပါဝင္တိုက္ခိုက္ခဲ့ၾက၏။ ယခုအခါမွာေတာ့ အမွတ္(၁၅) နယ္ေျမခံ တပ္ရင္းအျဖစ္ တည္ရွိေနၿပီျဖစ္ေလ၏။
Mr George H Watkins သည္ ၁၉၀၅ ခုႏွစ္၌ ပုသိမ္မွတာဝန္ျဖင့္ ​ျမင္းၿခံၿမိဳ့သို့ေျပာင္းေရႊ႕လာပီး ၁၉၃၁ ခုႏွစ္အထိ ျမင္းၿခံတြင္ အစိုးရဝတ္လုံေတာ္ရအျဖစ္ အမွုထမ္းခဲ့ေလ၏။ ထိုစဥ္က ျမင္းၿခံက ဝတ္လုံေတာ္ရ ဦးကၽြန္းေက်ာ္(ကဗ်ာဆရာ ေမာင္လူမွိန္၏ ဦးေလး) တို့ႏွင့္ တာဝန္အတူတူ ထမ္းေဆာင္ခဲ့ၾကျခင္းျဖစ္ေလ၏။ အဂၤလိပ္တို့၏ အစီရင္ခံစာမ်ား၊မွတ္တမ္းမ်ားကို ေလ့လာရသေလာက္ေတာ့ Mr G.H Watkins မွာ ၁၉၃၂အထိသာေတြ႕ရွိရပီး ေနာက္ပိုင္း ျမင္းၿခံၿမိဳ့ အစိုးရပိုင္းဆိုင္ရာ စာရင္းတြင္ မေတြ႕ရွိေတာ့ျခင္းေၾကာင့္ ထိုႏွစ္ပတ္ဝန္းက်င္မွာပဲ ကြယ္လြန္ခဲ့သည္ဟု ယူဆရ၏။ သူ၏ အုတ္ဂူမွာ ယခုအခါ ျမင္းၿခံစစ္တပ္ဧရိယာေဘး၌ တည္ရွိေလသည္။

သမိုင္းကိုးကား – * တကၠသိုလ္စိန္တင္ – ၁၉၄၅ ျမန္မာနိုင္ငံ ဖက္ဆစ္ေတာ္လွန္ေရးသမိုင္းစာအုပ္ * သခင္သန္းတင္ – သမိုင္းအေတြ႕အၾကဳံမ်ားစာအုပ္ * ျမင္းၿခံ ေဂဇက္တီးယားစာအုပ္မ်ား… (ေဇာ္မိုးေအာင္​)credit-baganthr

Unicode

အင်္ဂလိပ်ခေတ် လွန်ခဲ့သော နှစ် ၈ဝ ကျော်က အုတ်ဂူဟောင်းတစ်ခု

ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (ဥပဒေအမှတ် ၅၂)မှ အခန်း(၃) ၊ပုဒ်မ (၄) ၊ပုဒ်မခွဲ (င) ၌ ” ရှေးခေတ်အဆောက်အအုံ၊လမ်း၊တံတား၊တူးဖော်ထားသောနေရာ၊ရေတွင်း၊ရေကန်၊ရေအိုင် နှင့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသော ကျောက်ပုံ၊ကျောက်တိုင်၊ကျောက်စု၊သင်္ချိုင်း၊မြေမြုပ်သြင်္ဂိုလ်သောနေရာ၊သြင်္ဂိုလ်သော အဆောက်အအုံ၊ဂူ၊ပြဿဒ် ” စသည်တို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်သည်ဟု ဆိုသောကြောင့် Mr George H Watkins ၏ အုတ်ဂူအကြောင်း တင်ပြခြင်း ဖြစ်ပါသည်။

“အုတ်ဂူနေရာ၏နောက်ခံသမိုင်း”

၁၉၃၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အင်္ဂလိပ်အစိုးရတပ်များသည် ဆရာစံတို့၏အလံတောင်စခန်းဌာနချုပ်အား အင်အားသုံးဖြိုခွဲတိုက်ခိုက်ပီးသည့်နောက်တွင်ဆရာစံလည်း သာယာဝတီတွင် မနေတော့ပဲ အထက်မြန်မာပြည်သို့ တက်လာခဲ့လေသည်။

ဆရာစံသည် မန္တလေး၊အင်းဝ၊အမရပူရ၊ကျောက်ဆည်၊မြင်းခြံ၊စစ်ကိုင်းတို့တွင် ကျေးရွာများအထိ ဆင်းပီး စည်းရုံးရေးဆင်းကာ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ဖို့ စည်းရုံးခဲ့လေ၏။ဂဠုန်တပ်ကို နေရာတိုင်းတွင် ဖွဲ့စည်းပီး မြန်မာတနိုင်ငံလုံးအတိုးင်အတာဖြင့် အင်္ဂလိပ်တို့အား တော်လှန်ကြလေရာ အင်္ဂလိပ်အစိုးရလည်း လက်ရှိမိမိတို့စစ်အင်အားဖြင့် မထိန်းသိမ်းနိုင်တော့ပီမို့ အိန္ဒိယမှ စစ်တပ်များ ထပ်မံမှာယူရတော့လေသည်။

ထို့ကြောင့် ၁၉၃၁ ခုနှစ် ဧပြီလတွင် အိန္ဒိယမှ “ဆာဒနာ” သင်္ဘောဖြင့် ရောက်လာသော ဒိုဂရာ(Dogra)တပ်သည် မြင်းခြံတွင် တပ်စခန်းချကာ တပ်ဖွဲ့များကို ပခုက္ကူ၊ရေနံချောင်း၊ကျောက်ပန်းတောင်း၊ချောက်၊မင်းဘူး၊တောင်တွင်းကြီး မြို့များကို စေလွှတ်ထားရှိခဲ့လေသည်။

ထို မြင်းခြံ “ဒိုဂရာ”တပ်၏ ဘေး၌တွင်ပင် “ဂေါ်ရာသင်္ချိုင်း” ထားရှိလေ၏။ ၁၉၅၅ ခုနှစ်တွင်တော့ မြင်းခြံ ဂေါ်ရာသင်္ချိုင်း(သနပ်ခါးခြံ)ကိုပါ သခင်သန်းတင် (ပြည်သူ့အရေးတော်ပုံစစ်ရေးခေါင်းဆောင်) တို့က သိမ်းလိုက်ပီး တပ်ရင်း(၂၃) အဖြစ် စစ်တပ်ဖွဲ့စည်းလိုက်၏။ ထို့နောက် ရန်ကြီးအောင်စစ်ဆင်ရေး ပြည်တွင်းစစ်ကိုနှိမ်နှင်းတိုက်ခိုက်ရာတွင်ပါဝင်တိုက်ခိုက်ခဲ့ကြ၏။ ယခုအခါမှာတော့ အမှတ်(၁၅) နယ်မြေခံ တပ်ရင်းအဖြစ် တည်ရှိနေပြီဖြစ်လေ၏။

Mr George H Watkins သည် ၁၉၀၅ ခုနှစ်၌ ပုသိမ်မှတာဝန်ဖြင့် မြင်းခြံမြို့သို့ပြောင်းရွှေ့လာပီး ၁၉၃၁ ခုနှစ်အထိ မြင်းခြံတွင် အစိုးရဝတ်လုံတော်ရအဖြစ် အမှုထမ်းခဲ့လေ၏။ ထိုစဉ်က မြင်းခြံက ဝတ်လုံတော်ရ ဦးကျွန်းကျော်(ကဗျာဆရာ မောင်လူမှိန်၏ ဦးလေး) တို့နှင့် တာဝန်အတူတူ ထမ်းဆောင်ခဲ့ကြခြင်းဖြစ်လေ၏။ အင်္ဂလိပ်တို့၏ အစီရင်ခံစာများ၊မှတ်တမ်းများကို လေ့လာရသလောက်တော့ Mr G.H Watkins မှာ ၁၉၃၂အထိသာတွေ့ရှိရပီး နောက်ပိုင်း မြင်းခြံမြို့ အစိုးရပိုင်းဆိုင်ရာ စာရင်းတွင် မတွေ့ရှိတော့ခြင်းကြောင့် ထိုနှစ်ပတ်ဝန်းကျင်မှာပဲ ကွယ်လွန်ခဲ့သည်ဟု ယူဆရ၏။ သူ၏ အုတ်ဂူမှာ ယခုအခါ မြင်းခြံစစ်တပ်ဧရိယာဘေး၌ တည်ရှိလေသည်။

သမိုင်းကိုးကား – * တက္ကသိုလ်စိန်တင် – ၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်းစာအုပ် * သခင်သန်းတင် – သမိုင်းအတွေ့အကြုံများစာအုပ် * မြင်းခြံ ဂေဇက်တီးယားစာအုပ်များ… (ဇော်မိုးအောင်)credit-baganthr