စင်ကာပူရဲ့ မြို့ပြစီမံကိန်းက မြန်မာပြည်နဲ့ ဘာတွေ ကွာသွားသလဲ?
စကၤာပူ နိဳင္ငံဟာ ရန္ကုန္တိုင္းေလာက္ပဲက်ယ္ဝန္းတယ္။ ေျမေနရာရွားပါးလို႔ ျမန္မာ ထိုင္း မေလး အင္ဒို စတဲ့နိဳင္ငံ ေတြကေန သဲ ဝယ္ၿပီး ပင္လယ္ထဲကို ေျမေနရာခ်ဲ႕ေနရတဲ့နိဳင္ငံပါ။ ဒါေပမဲ့ သူတို႔ဆီမွာ လူေနတိုက္ခန္းေတြကိုပဲ ေဆာက္ေဆာက္၊ ကုမၸဏီလုပ္ငန္းအတြက္ စက္ရံုအလုပ္ရံု နဲ႔ ရံုးအေဆာက္အဦပဲ ေဆာက္ေဆာက္ ေဆာက္ခ်င္သလို ေဆာက္လို႔မရပါဘူး။ သတ္မွတ္ထားတဲ့ Green Plot Ratio အတိုင္း ေဆာက္ရပါတယ္။
တိုက္ခန္းတြဲေတြအၾကား သင့္တင့္တဲ့ ကြက္လပ္ရွိရသလို ျမက္ခင္းကိုလည္း သတ္မွတ္တဲ့ဧရိယာအခ်ိဳးအတိုင္း ခ်န္လွပ္ စိုက္ရပါတယ္။ အလုပ္ရွဳပ္သက္သာေအာင္ သန္႔ရွင္းေရး လြယ္ကူေအာင္ဆိုတဲ့သေဘာနဲ႔ ေျမေနရာလြတ္ကို ျမက္ခင္းစိမ္း မထားပဲ ကြန္ကရိခင္းျပစ္မယ္၊ အုတ္ခင္းျပစ္မယ္ ဆိုရင္ခြင့္မျပဳပါဘူး။ အဲဒီလိုခင္းလိုက္ရင္ ရြာခ်လိုက္သမွ်ေသာမိုးေရ ေတြဟာ ေျမႀကီးအတြင္း စိမ့္ဝင္သြားစရာ ေနရာကြက္လပ္မရွိေတာ့တဲ့အတြက္ ေရႀကီးေရလွ်ံ ျဖစ္နိဳင္ပါတယ္။ ဒါေၾကာင့္ ျမက္ခင္းေတြစိုက္ထားတဲ့ေျမကြက္ လပ္ေတြကို အေဆာက္အဦးေတြအၾကားအမွာ သတ္မွတ္ထားတဲ့ ဧရိယာအခ်ိဳးအတိုင္ ပါရပါ တယ္။ အဲဒါကို Green Plot Ratio လို႔ေခၚၾကပါတယ္။
ကၽြန္ေတာ္တို ရန္ကုန္မွာ(၈၈)ေနာက္ပိုင္းကေန ဒီေန႔အထိ တိုက္ခန္းတြဲေတြ ေဆာက္တယ္။ ေဟာ္တယ္ေတြ ေဆာက္တယ္။ အေဆာက္အဦမ်ိဳးစံုေအာင္ေဆာက္တယ္။ ဒီလိုေဆာက္ရာမွာ ေျမရွိသမွ် အကုန္ေဆာက္ ျပစ္တယ္။ အေဆာက္အဦေတြက က်ပ္ညပ္ေနေတာ့ ေလေကာင္းေလသန္႔ မရတဲ့အျပင္ ပတ္ဝန္းက်င္ညစ္ညမ္းတာပါျဖစ္လာတယ္။
ေလဝင္ေလထြက္မေကာင္းေတာ့ တိုက္ခန္းေတြမွာေလွာင္ပိတ္ၿပီး ပူအိုက္မွဳဒဏ္ကိုပါခံစားေန ႀကရတယ္။ ဒါကိုပဲၾကည့္ရင္ စီမံခန္႔ခြဲသူေတြ( အေဆာက္အဦ ေဆာက္လုပ္ခြင့္ ခြင့္ျပဳသူေတြ) မွာ မတူညီတဲ့ အရည္အခ်င္း၊ မတူညီတဲ့ ေရွ႕ေရး ေမွ်ာ္ေတြးတတ္မွဳ၊ မတူညီတဲ့ ကိုယ့္ျပည္သူျပည္သား အတြက္ ဦးစားေပး စဥ္းစာတတ္မွဳ ဆိုတာေတြ အလြန္ကြာျခား ေနတာေတြ႕ရတယ္။
ကၽြန္ေတာ္တို႔ ျပင္သင့္ၿပီေအာ္ ေနတာဟာ ဒါမ်ိဳးေတြကို အတုခိုးတတ္ဖို႔ ေကာင္းတာေတြယူ မေကာင္းတာေတြ ပယ္တတ္ဖို႔ပါ။ စကၤာပူရဲ႕တိုက္ခန္းေတြအၾကား ကြက္လပ္ထားၿပီး တိုက္ခန္ေနျပည္သူေတြအတြက္ က်န္းမာေရး ေလ့က်င့္ကြင္းေတြ၊ကေလးကစားကြင္းေတြ ေနရာတိုင္းမွာထည့္ေပးထားတယ္။
က်န္းမာေရး ေလ့က်င့္ကြင္းနဲ႔ ကေလးကစား ကြင္းေတြရဲ႕ၾကမ္းခင္းဟာ ျမက္မဟုတ္သလို ကြန္ကရီခင္းလဲမဟုတ္ပါဘူး။ ေျမသားကိုပဲ အမာခံရေအာင္ ျပဳလုပ္ၿပီးမွ၊ ရာဘာအစိေလးေတြကို တြဲဆက္ခင္းထားတာပါ။ ဒီလိုခင္းရာမွာလည္း အေရာင္စံုနဲ႔ အလွပံုပါေပၚ ေအာင္လုပ္ေပးထားပါတယ္။ မိုးရြာၿပီးရင္လဲမိုးေရဟာ ရာဘာေစ့ေလးေတြကို႔ ျဖတ္ၿပီး ခ်က္ခ်င္းေရစိမ့္ဝင္သြားလို႔ မိုးေရ တင္က်န္တာမ်ိဳးမရွိပါဘူး။
ေနာက္တစ္ခုကေတာ့ တိုက္ခန္းရဲ႕ေျမညီထပ္ ေတြမွာ အိမ္ခန္းဖြဲ႕ၿပီး လူေနခြင့္ခ်ထားတာမ်ိဳး မရွိပါဘူး။ ေအာက္ဆံုး ေျမညီထပ္ေတြမွာ အလြယ္တကူ နားေနလို႔ရေအာင္ မေရႊ႕မေျပာင္းနိဳင္တဲ့ စားပြဲနဲ႔ကုလားထိုင္ေတြလုပ္ေပးထားပါတယ္။ တစ္ခ်ိဳတိုက္ခန္းေအာက္မွာေတာ့ ေန႔ကေလး ထိန္းေက်ာင္းေတြ မူႀကိဳေက်ာင္းေတြ၊ သက္ႀကီး ရြယ္အိုမ်ားအတြက္ သီးသန္႔နားေနခန္းေတြ လုပ္ေပးထားပါတယ္။ ဒါအျပင္ တိုက္ခန္းအုပ္စုတစ္ခုစီ မွာ နယ္ေျမခံ အမတ္( MP) ေတြလာၿပီး ရံုးထိုင္ဖို႔ အခန္းလုပ္ေပးထားၿပီး လာေတြၾကတဲ့ ျပည္သူေတြအတြက္ အခန္းေရွ႕မွာ သက္ေတာင့္သက္သာထိုင္နိဳင္ဖို႔ကအစ ထိုင္ခုန္ေတြထားေပးထားပါတယ္။ ျပည္သူေတြဟာ သူတို႔မဲ့ေပးေရြးခ်ယ္လိုက္တဲ့ MP ေတြကို သူတို႔အခက္အခဲကအစ ေျပာျပေဆြးေႏြး ႀကေလ့ရွိပါတယ္။
ျမန္မာျပည္မွာက တိုက္ခန္းတြဲေတြဝန္းက်င္မွာ ေျမကြက္လပ္မခ်န္ခဲ့ပဲကပ္ညပ္ ေဆာက္တဲ့ အျပင္ ေျမညီထပ္ကိုပါ အိမ္ခန္းဖြဲ႕ၿပီးလူေနခြင့္ ေပးလိုက္ေတာ့ ေျမညီထပ္ေနတဲ့သူေတြက လူ႔သဘာဝအတိုင္းေနရာခ်ဲ႕ ေျမေနရာကို ရသမ်ွ် ယူေတာ့ အေတာ္ကို႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ ကုန္တယ္။
တစ္ခ်ိန္က ရန္ကင္းတိုက္ခန္းေတြ မင္းမနိဳင္ တိုက္ခန္းေတြ ဖဆပလ တိုက္ခန္းေတြေဆာက္ခဲ့စဥ္က သင့္တင္မွ်တတဲ့ ေျမကြက္လပ္ေတြခ်န္ထားၿပီးေဆာက္ခဲ့တာပါ။ စကၤာပူဟာ အဲဒီတိုက္ခန္းေတြကိုအတုခိုးခဲ့ တယ္လို႔အဆိုရွိပါတယ္။ ဒါေပမဲ့သူတို႔က လူ႔သဘာဝ ေလာဘမသတ္ တတ္မွဳကိုၾကည့္ၿပီးေျမညီထပ္မွာအိမ္ခန္းမဖြဲ႕ေပးခဲ့ဘူး။ တစ္ျခားအက်ိဳးရွိတာ ေျပာင္းလုပ္ေပးခဲ့တယ္။ ရန္ကင္းကအစ မင္းမနိဳင္အဆံုး တိုက္ခန္း ေျမညီထပ္မွာေနသူေတြရဲ႕ ေလာဘ မသတ္နိဳင္တာ ေၾကာင့္ အခုဆိုရင္တိုက္ခန္းေတြၾကားမွာလူသြားလမ္းက်ဥ္းက်ဥ္းပဲက်န္ေတာ့တာပါ။
ဒီလိုနမူနာေကာင္းေတြရွိေနတာေတာင္ ဒီေန႔အထိ ေျမညီထပ္ကိုအိမ္ခန္းဖြဲ႕ၿပီးလူေနခိုင္းတုန္း တိုက္ခန္းတြဲတစ္ခုနဲ႔တစ္ ကပ္ေဆာက္ေန ႀကတုန္းျဖစ္ေနတယ္။ မင္းဓမၼလမ္းနဲ႔ပါရမီလမ္းေဒါင့္က ပညာေရးဝန္ ထမ္းေတြအတြက္ေဆာက္တဲ့ အေဆာက္အဦး ေတြဆိုရင္ ဒီဘက္တိုက္က အီးေပါက္တာ ဟိုဘက္တိုက္က ၾကားေလာက္ေအာင္ကပ္ေနတာကို မင္းဓမၼလမ္းေပၚကၾကည့္ရင္ေတြ႕ေနရ တယ္။
ေနျပည္ေတာ္ ဆိုၿပီးၿမိဳ႕သစ္ႀကီးေဆာက္တယ္။ ေအာက္ထပ္မွာအိမ္ခန္းဖြဲ႕ထားတယ္။ တိုက္ခန္းတြဲကလူေတြ နားနားေနေနထိုင္စရာစကားေျပာစရာေနရာမရွိဘူး။ အစီအမံ တစ္ခုကို ေရရွည္ေမွ်ာ္ေတြးၿပီး လုပ္ၾကေစခ်င္ပါတယ္။ ေျမရွားပါးတဲ့စကၤာပူလိုနိဳင္ငံေတာင္ လူေတြရဲ႕ ေလာဘတက္မွဳေၾကာင့္ ျဖစ္လာမဲ့ျပႆနာကို ႀကဳိတင္ရွင္းလင္တဲ့ အေနနဲ႔ေျမညီထပ္ေတြမွာ အခန္းမဖြဲ႕ေပးဘူး။ ဖြဲ႕ခြင့္လည္းမျပဳဘူး။ ျပီးေတာ့မွတိုက္ခန္းေနျပည္သူတိုင္းအတြက္ လံုေလာက္တဲ့ Car Parking ထည့္ေပးထားတယ္။ ဒါေပမဲ့ ကားထားရင္ေတာ့ တလ ဘယ္ေလာက္ဆိုၿပီး အခြန္ျပန္ေကာက္ တယ္။
ရန္ကုန္မွာပဲျဖစ္ျဖစ္၊ က်န္တိုင္းနဲ႔ျပည္နယ္မွာပဲျဖစ္ျဖစ္ လူေနတိုက္ခန္းေတြကို ကပ္မေဆာက္ပဲ ကြက္လပ္ခ်န္ေပးၾကပါ လား။ ၿပီးေတာ့ ေျမညီထပ္ေတြကိုလည္း လႊတ္ထားၿပီး နားေနလို႔ရေအာင္ ကေလးထိန္းေက်ာင္းေလးေတြက အစဖြင့္လို႔ရ ေအာင္လုပ္ၾကေစခ်င္တယ္။ စကၤာပူေရာက္တုန္းခဏ အတုယုစရာေလးေတ ေတြ႕လို႔ေရးလိုက္ပါတယ္။ ထြန္းထြန္း(သတၱဳတြင္း)
Unicode
စင်ကာပူရဲ့ မြို့ပြစီမံကိန်းက မြန်မာပြည်နဲ့ ဘာတွေ ကွာသွားသလဲ?
စင်္ကာပူ နိုင်ငံဟာ ရန်ကုန်တိုင်းလောက်ပဲကျယ်ဝန်းတယ်။ မြေနေရာရှားပါးလို့ မြန်မာ ထိုင်း မလေး အင်ဒို စတဲ့နိုင်ငံ တွေကနေ သဲ ဝယ်ပြီး ပင်လယ်ထဲကို မြေနေရာချဲ့နေရတဲ့နိုင်ငံပါ။ ဒါပေမဲ့ သူတို့ဆီမှာ လူနေတိုက်ခန်းတွေကိုပဲ ဆောက်ဆောက်၊ ကုမ္ပဏီလုပ်ငန်းအတွက် စက်ရုံအလုပ်ရုံ နဲ့ ရုံးအဆောက်အဦပဲ ဆောက်ဆောက် ဆောက်ချင်သလို ဆောက်လို့မရပါဘူး။ သတ်မှတ်ထားတဲ့ Green Plot Ratio အတိုင်း ဆောက်ရပါတယ်။
တိုက်ခန်းတွဲတွေအကြား သင့်တင့်တဲ့ ကွက်လပ်ရှိရသလို မြက်ခင်းကိုလည်း သတ်မှတ်တဲ့ဧရိယာအချိုးအတိုင်း ချန်လှပ် စိုက်ရပါတယ်။ အလုပ်ရှုပ်သက်သာအောင် သန့်ရှင်းရေး လွယ်ကူအောင်ဆိုတဲ့သဘောနဲ့ မြေနေရာလွတ်ကို မြက်ခင်းစိမ်း မထားပဲ ကွန်ကရိခင်းပြစ်မယ်၊ အုတ်ခင်းပြစ်မယ် ဆိုရင်ခွင့်မပြုပါဘူး။ အဲဒီလိုခင်းလိုက်ရင် ရွာချလိုက်သမျှသောမိုးရေ တွေဟာ မြေကြီးအတွင်း စိမ့်ဝင်သွားစရာ နေရာကွက်လပ်မရှိတော့တဲ့အတွက် ရေကြီးရေလျှံ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြက်ခင်းတွေစိုက်ထားတဲ့မြေကွက် လပ်တွေကို အဆောက်အဦးတွေအကြားအမှာ သတ်မှတ်ထားတဲ့ ဧရိယာအချိုးအတိုင် ပါရပါ တယ်။ အဲဒါကို Green Plot Ratio လို့ခေါ်ကြပါတယ်။
ကျွန်တော်တို ရန်ကုန်မှာ(၈၈)နောက်ပိုင်းကနေ ဒီနေ့အထိ တိုက်ခန်းတွဲတွေ ဆောက်တယ်။ ဟော်တယ်တွေ ဆောက်တယ်။ အဆောက်အဦမျိုးစုံအောင်ဆောက်တယ်။ ဒီလိုဆောက်ရာမှာ မြေရှိသမျှ အကုန်ဆောက် ပြစ်တယ်။ အဆောက်အဦတွေက ကျပ်ညပ်နေတော့ လေကောင်းလေသန့် မရတဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းတာပါဖြစ်လာတယ်။
လေဝင်လေထွက်မကောင်းတော့ တိုက်ခန်းတွေမှာလှောင်ပိတ်ပြီး ပူအိုက်မှုဒဏ်ကိုပါခံစားနေ ကြရတယ်။ ဒါကိုပဲကြည့်ရင် စီမံခန့်ခွဲသူတွေ( အဆောက်အဦ ဆောက်လုပ်ခွင့် ခွင့်ပြုသူတွေ) မှာ မတူညီတဲ့ အရည်အချင်း၊ မတူညီတဲ့ ရှေ့ရေး မျှော်တွေးတတ်မှု၊ မတူညီတဲ့ ကိုယ့်ပြည်သူပြည်သား အတွက် ဦးစားပေး စဉ်းစာတတ်မှု ဆိုတာတွေ အလွန်ကွာခြား နေတာတွေ့ရတယ်။
ကျွန်တော်တို့ ပြင်သင့်ပြီအော် နေတာဟာ ဒါမျိုးတွေကို အတုခိုးတတ်ဖို့ ကောင်းတာတွေယူ မကောင်းတာတွေ ပယ်တတ်ဖို့ပါ။ စင်္ကာပူရဲ့တိုက်ခန်းတွေအကြား ကွက်လပ်ထားပြီး တိုက်ခန်နေပြည်သူတွေအတွက် ကျန်းမာရေး လေ့ကျင့်ကွင်းတွေ၊ကလေးကစားကွင်းတွေ နေရာတိုင်းမှာထည့်ပေးထားတယ်။
ကျန်းမာရေး လေ့ကျင့်ကွင်းနဲ့ ကလေးကစား ကွင်းတွေရဲ့ကြမ်းခင်းဟာ မြက်မဟုတ်သလို ကွန်ကရီခင်းလဲမဟုတ်ပါဘူး။ မြေသားကိုပဲ အမာခံရအောင် ပြုလုပ်ပြီးမှ၊ ရာဘာအစိလေးတွေကို တွဲဆက်ခင်းထားတာပါ။ ဒီလိုခင်းရာမှာလည်း အရောင်စုံနဲ့ အလှပုံပါပေါ် အောင်လုပ်ပေးထားပါတယ်။ မိုးရွာပြီးရင်လဲမိုးရေဟာ ရာဘာစေ့လေးတွေကို့ ဖြတ်ပြီး ချက်ချင်းရေစိမ့်ဝင်သွားလို့ မိုးရေ တင်ကျန်တာမျိုးမရှိပါဘူး။
နောက်တစ်ခုကတော့ တိုက်ခန်းရဲ့မြေညီထပ် တွေမှာ အိမ်ခန်းဖွဲ့ပြီး လူနေခွင့်ချထားတာမျိုး မရှိပါဘူး။ အောက်ဆုံး မြေညီထပ်တွေမှာ အလွယ်တကူ နားနေလို့ရအောင် မရွှေ့မပြောင်းနိုင်တဲ့ စားပွဲနဲ့ကုလားထိုင်တွေလုပ်ပေးထားပါတယ်။ တစ်ချိုတိုက်ခန်းအောက်မှာတော့ နေ့ကလေး ထိန်းကျောင်းတွေ မူကြိုကျောင်းတွေ၊ သက်ကြီး ရွယ်အိုများအတွက် သီးသန့်နားနေခန်းတွေ လုပ်ပေးထားပါတယ်။ ဒါအပြင် တိုက်ခန်းအုပ်စုတစ်ခုစီ မှာ နယ်မြေခံ အမတ်( MP) တွေလာပြီး ရုံးထိုင်ဖို့ အခန်းလုပ်ပေးထားပြီး လာတွေကြတဲ့ ပြည်သူတွေအတွက် အခန်းရှေ့မှာ သက်တောင့်သက်သာထိုင်နိုင်ဖို့ကအစ ထိုင်ခုန်တွေထားပေးထားပါတယ်။ ပြည်သူတွေဟာ သူတို့မဲ့ပေးရွေးချယ်လိုက်တဲ့ MP တွေကို သူတို့အခက်အခဲကအစ ပြောပြဆွေးနွေး ကြလေ့ရှိပါတယ်။
မြန်မာပြည်မှာက တိုက်ခန်းတွဲတွေဝန်းကျင်မှာ မြေကွက်လပ်မချန်ခဲ့ပဲကပ်ညပ် ဆောက်တဲ့ အပြင် မြေညီထပ်ကိုပါ အိမ်ခန်းဖွဲ့ပြီးလူနေခွင့် ပေးလိုက်တော့ မြေညီထပ်နေတဲ့သူတွေက လူ့သဘာဝအတိုင်းနေရာချဲ့ မြေနေရာကို ရသမျျှ ယူတော့ အတော်ကိုရုပ်ပျက်ဆင်းပျက်ဖြစ် ကုန်တယ်။
တစ်ချိန်က ရန်ကင်းတိုက်ခန်းတွေ မင်းမနိုင် တိုက်ခန်းတွေ ဖဆပလ တိုက်ခန်းတွေဆောက်ခဲ့စဉ်က သင့်တင်မျှတတဲ့ မြေကွက်လပ်တွေချန်ထားပြီးဆောက်ခဲ့တာပါ။ စင်္ကာပူဟာ အဲဒီတိုက်ခန်းတွေကိုအတုခိုးခဲ့ တယ်လို့အဆိုရှိပါတယ်။ ဒါပေမဲ့သူတို့က လူ့သဘာဝ လောဘမသတ် တတ်မှုကိုကြည့်ပြီးမြေညီထပ်မှာအိမ်ခန်းမဖွဲ့ပေးခဲ့ဘူး။ တစ်ခြားအကျိုးရှိတာ ပြောင်းလုပ်ပေးခဲ့တယ်။ ရန်ကင်းကအစ မင်းမနိုင်အဆုံး တိုက်ခန်း မြေညီထပ်မှာနေသူတွေရဲ့ လောဘ မသတ်နိုင်တာ ကြောင့် အခုဆိုရင်တိုက်ခန်းတွေကြားမှာလူသွားလမ်းကျဉ်းကျဉ်းပဲကျန်တော့တာပါ။
ဒီလိုနမူနာကောင်းတွေရှိနေတာတောင် ဒီနေ့အထိ မြေညီထပ်ကိုအိမ်ခန်းဖွဲ့ပြီးလူနေခိုင်းတုန်း တိုက်ခန်းတွဲတစ်ခုနဲ့တစ် ကပ်ဆောက်နေ ကြတုန်းဖြစ်နေတယ်။ မင်းဓမ္မလမ်းနဲ့ပါရမီလမ်းဒေါင့်က ပညာရေးဝန် ထမ်းတွေအတွက်ဆောက်တဲ့ အဆောက်အဦး တွေဆိုရင် ဒီဘက်တိုက်က အီးပေါက်တာ ဟိုဘက်တိုက်က ကြားလောက်အောင်ကပ်နေတာကို မင်းဓမ္မလမ်းပေါ်ကကြည့်ရင်တွေ့နေရ တယ်။
နေပြည်တော် ဆိုပြီးမြို့သစ်ကြီးဆောက်တယ်။ အောက်ထပ်မှာအိမ်ခန်းဖွဲ့ထားတယ်။ တိုက်ခန်းတွဲကလူတွေ နားနားနေနေထိုင်စရာစကားပြောစရာနေရာမရှိဘူး။ အစီအမံ တစ်ခုကို ရေရှည်မျှော်တွေးပြီး လုပ်ကြစေချင်ပါတယ်။ မြေရှားပါးတဲ့စင်္ကာပူလိုနိုင်ငံတောင် လူတွေရဲ့ လောဘတက်မှုကြောင့် ဖြစ်လာမဲ့ပြဿနာကို ကြိုတင်ရှင်းလင်တဲ့ အနေနဲ့မြေညီထပ်တွေမှာ အခန်းမဖွဲ့ပေးဘူး။ ဖွဲ့ခွင့်လည်းမပြုဘူး။ ပြီးတော့မှတိုက်ခန်းနေပြည်သူတိုင်းအတွက် လုံလောက်တဲ့ Car Parking ထည့်ပေးထားတယ်။ ဒါပေမဲ့ ကားထားရင်တော့ တလ ဘယ်လောက်ဆိုပြီး အခွန်ပြန်ကောက် တယ်။
ရန်ကုန်မှာပဲဖြစ်ဖြစ်၊ ကျန်တိုင်းနဲ့ပြည်နယ်မှာပဲဖြစ်ဖြစ် လူနေတိုက်ခန်းတွေကို ကပ်မဆောက်ပဲ ကွက်လပ်ချန်ပေးကြပါ လား။ ပြီးတော့ မြေညီထပ်တွေကိုလည်း လွှတ်ထားပြီး နားနေလို့ရအောင် ကလေးထိန်းကျောင်းလေးတွေက အစဖွင့်လို့ရ အောင်လုပ်ကြစေချင်တယ်။ စင်္ကာပူရောက်တုန်းခဏ အတုယုစရာလေးတေ တွေ့လို့ရေးလိုက်ပါတယ်။ ထွန်းထွန်း(သတ္တုတွင်း)