လူတိုငျးကို အကြိုးပွုနိုငျတဲ့သူဖွဈအောငျ ကွိုးစားနတေယျဆိုတဲ့ အိစိကှေး
အိစိကွေးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ လူငယ်သရုပ်ဆောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ပရဟိတ အလုပ်တွေမှာလည်း ငွေအားသာမက လူအားအနေနဲ့ပါ အမြဲတမ်းပါဝင်ဆောင်ရွက်တတ်သူ တစ်ဦးပါ။ ဒါကြောင့် အများအကျိုးကို လိုလားတဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
” မချမ်းသာဘူးဗျာ လိုအပ်လာမယ်ဆိုရင် အဆင်ပြေအောင် ဘယ်နေရာကဖြစ်ဖြစ် ဝင်ကူချင်တဲ့ သူဗျ။ လူထဲက လူဆိုပေမယ့် တန်ဖိုးရှိတဲ့လူဖြစ်ချင်တယ်။ အများကို အကျိုးပြုတဲ့ လူပဲဖြစ်ချင်တယ်။ အကူအညီ လိုအပ်လာ တိုင်း ချက်ချင်းထလုပ်ပေးနိင်တဲ့လူဖြစ်ချင်တယ်။ နိင်ငံနဲ့ ကိုယ့်မိဘ ကို အကျိုးပြုတဲ့ ယောက်ျား ကောင်းဖြစ်ချင်တယ်။ ကျွန်တော့် ကိုဘယ်လောက်ပဲဆိုးတယ်ပြောပြော အဲ့ဒီလိုပြောနေတဲ့လူတွေ လိုအပ်လာမယ်ဆိုရင် တတ်နိင်သလောက် ကူညီပေးချင်တဲ့သူ နောက်ထပ်လည်း လူတိုင်းကို အကျိုးပြုနိင်တဲ့သူဖြစ်အောင် ကြိုးစားနေဦးမယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ အိစိကွေးကိုတော့ ပရိသတ်တွေက အရမ်းပဲသတိရနေ ကြမယ်လို့ထင်ပါတယ်။ သူကတော့ လက်ရှိမှာ ပညာရေးကို အဓိက ဦးစားပေးဆောင်ရွက်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ကျွန်တော်အခု ကျောင်းစာတွေပဲ အဓိက လုပ်ဖြစ်နေတယ်။ နောက်လတွေဆိုရင်တော့ အနုပညာအလုပ်တော့ နည်းနည်းပြန်လုပ်ဖို့ရှိပါတယ်။ အခုကတော့ ဥပဒေ က ဒုတိယနှစ်တက်နေတယ်၊ HNC ကတော့ ပထမနှစ်၊ နောက်တစ်ခုကတော့ ကျွန်တော် DMA (Diploma in Management & Administration) လည်းတက်နေပါတယ်။ ဒီရက်ပိုင်းထဲမှာ စာမေးပွဲတွေရှိတဲ့အတွက် အနုပညာအလုပ်ဘက်ကို သိပ်ပြီးတော့ မလှည့်ဖြစ်ဘူး။ စာမေးပွဲပြီးရင်တော့ အရင်လို အလုပ်တွေ ပြန်လုပ်ဖို့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။
အိစိကွေးဟာ အနုပညာအလုပ်တွေ အားနည်းသွားပေမယ့်လည်း ပရိသတ်တွေက အားပေးနေဦးမယ်ဆိုတာကို မျှော်လင့်တယ်လို့ ပြောပါတယ်။
‘’ ပရိသတ်အားပေးမှုနည်းသွားမှာကိုတော့ စိုးရိမ်တာမျိုးမရှိဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကျွန်တော် ပျောက်သွားရင် ပျောက်သွားလိမ့်မယ်။ ပညာရေးကို ဦးစားပေးမယ်၊ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ပြန်ဖြည့်ရမယ်။ ကျွန်တော့်ရဲ့ ပုံစံအတိုင်း အချိန်အတိုင်းအတာ တစ်ခုအထိနေပြီးတော့မှ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ပြန်ထွက်လာမယ်။ အဲဒီအတွက်လည်း အားပေးမှုနည်းသွားမှာမကြောက်ပါဘူး။ ဒီလိုပဲ မေ့နေမယ်ဆိုရင်တောင်မှ ပုံစံတစ်မျိုးနဲ့ ပြန်ထွက်လာခဲ့ရင် အရင်လိုပဲ ပြန်အားပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’’ လို့ သူကဆိုပါတယ်။
ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်တွေကို မျှမျှတတ လုပ်ကိုင်ခဲ့တာတွေလည်းရှိပါတယ်။Credit-Swel Sone;Source : Cele Yatkwat
Unicode
ကိုယ့္မိဘ၊ ကိုယ့္ႏိုင္ငံကို အက်ိဳးျပဳႏိုင္တဲ့ ေယာက္်ားေကာင္းျဖစ္ခ်င္တယ္။အိစိေကြး ကေတာ့ အမ်ားအက်ိဳးျပဳဖို႔ လိုအပ္တဲ့ ေနရာတိုင္းမွာ ပါဝင္ကူညီေပးခ်င္တဲ့ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာလည္း သူဟာ ပညာေရးဘက္ကို ဦးစားေပး ေဆာင္႐ြက္ေနသူ တစ္ေယာက္ပါ။
အိစိေကြးဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတတ္တဲ့ လူငယ္သ႐ုပ္ေဆာင္ တစ္ဦးဆိုရင္လည္း မမွားပါဘူး။ ပရဟိတ အလုပ္ေတြမွာလည္း ေငြအားသာမက လူအားအေနနဲ႔ပါ အၿမဲတမ္းပါဝင္ေဆာင္႐ြက္တတ္သူ တစ္ဦးပါ။ ဒါေၾကာင့္ အမ်ားအက်ိဳးကို လိုလားတဲ့သူတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ဆိုပါတယ္။
” မခ်မ္းသာဘူးဗ်ာ လိုအပ္လာမယ္ဆိုရင္ အဆင္ေျပေအာင္ ဘယ္ေနရာကျဖစ္ျဖစ္ ဝင္ကူခ်င္တဲ့ သူဗ်။ လူထဲက လူဆိုေပမယ့္ တန္ဖိုးရွိတဲ့လူျဖစ္ခ်င္တယ္။ အမ်ားကို အက်ိဳးျပဳတဲ့ လူပဲျဖစ္ခ်င္တယ္။ အကူအညီ လိုအပ္လာ တိုင္း ခ်က္ခ်င္းထလုပ္ေပးနိင္တဲ့လူျဖစ္ခ်င္တယ္။ နိင္ငံနဲ႔ ကိုယ့္မိဘ ကို အက်ိဳးျပဳတဲ့ ေယာက္်ား ေကာင္းျဖစ္ခ်င္တယ္။ ကြၽန္ေတာ့္ ကိုဘယ္ေလာက္ပဲဆိုးတယ္ေျပာေျပာ အဲ့ဒီလိုေျပာေနတဲ့လူေတြ လိုအပ္လာမယ္ဆိုရင္ တတ္နိင္သေလာက္ ကူညီေပးခ်င္တဲ့သူ ေနာက္ထပ္လည္း လူတိုင္းကို အက်ိဳးျပဳနိင္တဲ့သူျဖစ္ေအာင္ ႀကိဳးစားေနဦးမယ္’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၄ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
အႏုပညာလႈပ္ရွားမႈေတြ သိပ္မေတြ႕ရေတာ့တဲ့ အိစိေကြးကိုေတာ့ ပရိသတ္ေတြက အရမ္းပဲသတိရေန ၾကမယ္လို႔ထင္ပါတယ္။ သူကေတာ့ လက္ရွိမွာ ပညာေရးကို အဓိက ဦးစားေပးေဆာင္႐ြက္ေနတယ္လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။
‘’ ကြၽန္ေတာ္အခု ေက်ာင္းစာေတြပဲ အဓိက လုပ္ျဖစ္ေနတယ္။ ေနာက္လေတြဆိုရင္ေတာ့ အႏုပညာအလုပ္ေတာ့ နည္းနည္းျပန္လုပ္ဖို႔ရွိပါတယ္။ အခုကေတာ့ ဥပေဒ က ဒုတိယႏွစ္တက္ေနတယ္၊ HNC ကေတာ့ ပထမႏွစ္၊ ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္ DMA (Diploma in Management & Administration) လည္းတက္ေနပါတယ္။ ဒီရက္ပိုင္းထဲမွာ စာေမးပြဲေတြရွိတဲ့အတြက္ အႏုပညာအလုပ္ဘက္ကို သိပ္ၿပီးေတာ့ မလွည့္ျဖစ္ဘူး။ စာေမးပြဲၿပီးရင္ေတာ့ အရင္လို အလုပ္ေတြ ျပန္လုပ္ဖို႔ရွိပါတယ္’’ လို႔ သူကဆိုပါတယ္။
အိစိေကြးဟာ အႏုပညာအလုပ္ေတြ အားနည္းသြားေပမယ့္လည္း ပရိသတ္ေတြက အားေပးေနဦးမယ္ဆိုတာကို ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။
‘’ ပရိသတ္အားေပးမႈနည္းသြားမွာကိုေတာ့ စိုးရိမ္တာမ်ိဳးမရွိဘူး။ အခ်ိန္အတိုင္းအတာ တစ္ခုအထိေတာ့ ကြၽန္ေတာ္ ေပ်ာက္သြားရင္ ေပ်ာက္သြားလိမ့္မယ္။ ပညာေရးကို ဦးစားေပးမယ္၊ ကြၽန္ေတာ့္ရဲ႕ လိုအပ္ခ်က္ေတြကို ကြၽန္ေတာ္ ျပန္ျဖည့္ရမယ္။ ကြၽန္ေတာ့္ရဲ႕ ပုံစံအတိုင္း အခ်ိန္အတိုင္းအတာ တစ္ခုအထိေနၿပီးေတာ့မွ ေနာက္ထပ္ပုံစံတစ္မ်ိဳးနဲ႔ ျပန္ထြက္လာမယ္။ အဲဒီအတြက္လည္း အားေပးမႈနည္းသြားမွာမေၾကာက္ပါဘူး။ ဒီလိုပဲ ေမ့ေနမယ္ဆိုရင္ေတာင္မွ ပုံစံတစ္မ်ိဳးနဲ႔ ျပန္ထြက္လာခဲ့ရင္ အရင္လိုပဲ ျပန္အားေပးၾကမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္’’ လို႔ သူကဆိုပါတယ္။
ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိေကြးက အခုဆိုရင္ ေခါင္းေဆာင္မင္းသား ေနရာကေန ဇာတ္ကားေတြ ႐ိုက္ကူးေနရပါၿပီ။ “တုႏႈိင္းမရတဲ့ ေမတၱာ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကိုလည္း ႐ိုက္ကူးထားတာျဖစ္ပါတယ္။ လက္ရွိမွာလည္း သူဟာ သ႐ုပ္ေဆာင္အလုပ္နဲ႔ ဂီတအလုပ္ေတြကို မွ်မွ်တတ လုပ္ကိုင္ခဲ့တာေတြလည္းရွိပါတယ္။Credit-Swel Sone;Source : Cele Yatkwat




