Latest Posts

“ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး”

အိႏၵိယႏုိင္ငံက အမ်ိဳးသမီးငယ္ တစ္ဦးဟာ ေဖာက္ျပန္တဲ့ ခင္ပြန္းေၾကာင့္ အမ်ိဳးမ်ိဳး စိတ္ညစ္ခဲ့ရေပမယ့္၊ သူမရဲက ေယာက္်ားနဲ႔ ေဖာက္ျပန္ေနတဲ့ မယားငယ္က ညိွႏႈိင္းမႈေတြ ျပဳလုပ္လာခဲ့ပါတယ္။အဲဒါကေတာ့ ခင္ပြန္းကုိ ျပန္ေရာင္းမယ္ဆုိရင္ ႐ူပီး သိန္း(၅၀) ေပးမယ္ဆုိတဲ့ ကမ္းလွမ္းမႈပါ။ အဲဒီကမ္းလွမ္းမႈကို မယားႀကီးျဖစ္သူက ေက်ေက်နပ္နပ္ လက္ခံလုိက္တယ္လုိ႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ဟာ အိႏၵိယႏုိင္ငံ Karnataka ၿမိ႕မွာ ျဖစ္ခဲ့တာပါ။ မယားႀကီး အမည္ကေတာ့ Ramya လုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ Ramya ဟာ ခင္ပြန္းေဖာက္ျပန္တာကို သိခဲ့တာ ၾကာပါၿပီ။သူမရဲ႕ ခင္ပြန္းဟာ ယခင္က အလုပ္ကေန အိမ္ကို ျပန္မလာဘဲ သူငယ္ခ်င္းအိမ္ လုိက္အိပ္တာလုိလုိ၊ အလုပ္က ခရီးထြက္ခုိင္းလို႔ ထြက္ရတာလုိလုိနဲ႔ အၿမဲလုိလုိ အေၾကာင္းျပခ်က္ေပးၿပီး အိမ္ျပန္လာေလ့ မရွိပါဘူး။အဲဒီကတည္းက သူမရဲဲ႕ခင္ပြန္း အေျခပ်က္ေနၿပီဆုိတာ သိခဲ့ရတာပါ။ ခင္ပြန္းျဖစ္သူဟာ ေငြေၾကးခ်မ္းသာတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာ ျဖစ္ပါတယ္။
ဒီလုိနဲ႔ သူမကို မယားငယ္ျဖစ္သူနဲ႔ လက္ပူးလက္ၾကပ္ဖမ္းၿပီး ႏွစ္ဘက္အေခ်အတင္ ျငင္းခုံခဲ့ရပါေသးတယ္။ ေနာက္ဆုံးေတာ့ ေငြခ်မ္းသာတဲ့ အမ်ိဴးသမီးက ညႇိႏႈိင္းခ်ိန္မွာေတာ့ သူမကလည္း ေလွ်ာေလွ်ာ႐ွႈ႐ႈ လက္ခံလုိက္ပါတယ္။
အေၾကာင္းေတာ့ ခင္ပြန္းကို အလကားသက္သက္ ဆုံး႐ႈံးလုိက္ရတာထက္ စာရင္၊ ဒီေလာက္ ေငြအမ်ားႀကီး ရတာက ျမတ္တယ္လုိ႔ ေတြးလုိက္လုိ႔႔ပါ။ ဒီေငြေတြနဲ႔ Ramya ဟာ အေၾကြးေတြ အကုန္ဆပ္ႏုိင္ခဲ့ပါတယ္။သူမဟာ ပထမတုန္းက ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေပမယ့္၊ ေနာက္ေတာ့ ဒီေရြးခ်ယ္မႈကို ဆုံးျဖတ္လုိက္တာပါ။လင္းေဇာ္ကုိ D Nae Khit Media
Credit – D Nae Khit Media
Unicode

အိန္ဒိယနိုင်ငံက အမျိုးသမီးငယ် တစ်ဦးဟာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် အမျိုးမျိုး စိတ်ညစ်ခဲ့ရပေမယ့်၊ သူမရဲက ယောက်ျားနဲ့ ဖောက်ပြန်နေတဲ့ မယားငယ်က ညှိနှိုင်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။အဲဒါကတော့ ခင်ပွန်းကို ပြန်ရောင်းမယ်ဆိုရင် ရူပီး သိန်း(၅၀) ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုပါ။ အဲဒီကမ်းလှမ်းမှုကို မယားကြီးဖြစ်သူက ကျေကျေနပ်နပ် လက်ခံလိုက်တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Karnataka မြိ့မှာ ဖြစ်ခဲ့တာပါ။ မယားကြီး အမည်ကတော့ Ramya လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Ramya ဟာ ခင်ပွန်းဖောက်ပြန်တာကို သိခဲ့တာ ကြာပါပြီ။သူမရဲ့ ခင်ပွန်းဟာ ယခင်က အလုပ်ကနေ အိမ်ကို ပြန်မလာဘဲ သူငယ်ချင်းအိမ် လိုက်အိပ်တာလိုလို၊ အလုပ်က ခရီးထွက်ခိုင်းလို့ ထွက်ရတာလိုလိုနဲ့ အမြဲလိုလို အကြောင်းပြချက်ပေးပြီး အိမ်ပြန်လာလေ့ မရှိပါဘူး။အဲဒီကတည်းက သူမရဲဲ့ခင်ပွန်း အခြေပျက်နေပြီဆိုတာ သိခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူဟာ ငွေကြေးချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ သူမကို မယားငယ်ဖြစ်သူနဲ့ လက်ပူးလက်ကြပ်ဖမ်းပြီး နှစ်ဘက်အချေအတင် ငြင်းခုံခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ ငွေချမ်းသာတဲ့ အမျိူးသမီးက ညှိနှိုင်းချိန်မှာတော့ သူမကလည်း လျှောလျှောရှှုရှု လက်ခံလိုက်ပါတယ်။အကြောင်းတော့ ခင်ပွန်းကို အလကားသက်သက် ဆုံးရှုံးလိုက်ရတာထက် စာရင်၊ ဒီလောက် ငွေအများကြီး ရတာက မြတ်တယ်လို့ တွေးလိုက်လို့့ပါ။ ဒီငွေတွေနဲ့ Ramya ဟာ အကြွေးတွေ အကုန်ဆပ်နိုင်ခဲ့ပါတယ်။
သူမဟာ ပထမတုန်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်၊ နောက်တော့ ဒီရွေးချယ်မှုကို ဆုံးဖြတ်လိုက်တာပါ။လင်းဇော်ကို D Nae Khit Media
Credit – D Nae Khit Media