Latest Posts
မွေးနေ့မှာ ရှုတင်က ကလေးလေးတွေကို မုန့်တွေဝေငှရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ နက္ခတ်
Unicode
အေးဆေးတည်ငြိမ်တဲ့ ကာရိုက်တာတွေကို အများဆုံးသရုပ်ဆောင်တတ်သလို အပြင်မှာလည်း အနေအေးတဲ့ မင်းသားချော နက္ခတ်ကတော့ “အရိပ်”၊ “မေတ္တာအသည်းမွှာ”၊ “ဝင်္ကပါရှင်းတမ်း”၊ “ချစ်စရပါသောနွေ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာခဲ့သူပါ။ တဖြည်ဖြည်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ မင်းသားချော နက္ခတ်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ အားသွန်ခွန်စိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ကတော့ နက္ခတ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နက္ခတ်က သူ့ရဲ့ မွေးနေ့ရက်လေးမှာ ဇာတ်လမ်းတွဲ ရိုက်ကူးနေရတာမို့ မွေးနေ့ကို ရှုတင်မှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
နက္ခတ်က သူ့ရဲ့မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေရဲ့ Surprise လုပ်ပေးခြင်းကို ခံခဲ့ရပြီး ရှုတင်က ကလေးတွေကို မုန့်တွေ ပြန်လည်ဝေငှခဲ့တာကို တွေ့ရပါတယ်။ညပိုင်းမှာတော့ နက္ခတ်က သူ့ရဲ့မိသားစု၊ ချစ်ရတဲ့ ချစ်သူလေးနဲ့အတူတူ ဘုရားဖူးကြီး မွေးနေ့လေးကို အေးချမ်းစွာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။
နက္ခတ်ကတော့ မွေးနေ့မှာ ပကာသနတွေမရှိပဲ ရိုးရိုးရှင်းရှင်းနဲ့သာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နက္ခတ်ရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။Credit-burmese asia