ျမန္မာပလာဇာမွာ က်မ၏ တင္ပါးကို ႐ိုက္ၿပီး ပါးစပ္ကလဲ “အႀကီးႀကီးပဲ” ဟုေစာ္ကားေျပာဆိုသူ
ထိုေနာက္မွာ ထိုအမ်ိဳးသားကို တာဝန္ရွိသူ ရဲမ်ားမွ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ႏွင့္ ၂၄ နာရီ ခ်ဳပ္ထားခဲ့ေၾကာင္း တင္ျပထားတာကို ေတြ႕ရပါတယ္။ ထိုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး Jue Chit Thinzar အေကာင့္မွ တင္ျပထားမႈ ႏွင့္ ဗြီဒီယိုဖိုင္မ်ားကို ေအာက္ပါအတိုင္း တင္ျပေပးလိုက္ပါသည္။
အဆိုပါ အက်ႌအစိမ္းနဲ႔သူသည္ က်မ ျမန္မာပလာဇာ မွာ ေျမညီထပ္မွာ လမ္းေလွ်ာက္ေနစဥ္ က်မ၏ တင္ပါးကို ႐ိုက္ၿပီး ပါးစပ္ကလဲ “ဖင္ကလဲ အႀကီးႀကီးပဲ” ဟုေစာ္ကားေျပာဆိုသြားပါသည္… လုံၿခဳံေရးခန္းထဲတြင္လဲ မၾကားဝံ့မနာသာ စကားမ်ားကို ဆက္ေစာ္ကားပါသည္… ၾကည့္ရတာ မူးယစ္ေဆးဝါးတခုခု သုံးစြဲထားပုံေပၚပါသည္… က်မ ဘယ္လိုလုံလုံၿခဳံၿခဳံဝတ္ထားလဲဆိုတာ ေနာက္ဆုံးပုံတြင္ၾကည့္ပါ… သူ႔စိတ္ထဲ မေျပာရဲမဆိုရဲထင္ၿပီး ေစာ္ကားတာပါ… အခုေတာ့ ဗဟန္းရဲစခန္းသြားေနပါတယ္… ရဲစခန္းက ဘယ္လိုဆက္ေဆာင္႐ြက္ေပးမလဲေတာ့ ေစာင့္ၾကည့္ပါဦးမည္…
မွတ္ထား… ငါမွမဟုတ္ဘူး… ဘယ္မိန္းမကိုမွ အဲ့လိုလာေစာ္ကားလို႔မရဘူး… နင္တို႔လို တဏာ႐ူးေတြကို အေရခြံစုတ္ပစ္မယ္… မိန္းမျဖစ္တိုင္း ေၾကာက္ေနမယ္ထင္လား… နင္ေထာင္မက်မခ်င္း ငါရပ္သြားမယ္ မထင္နဲ႔…
p.s အခုေတာ့ ၂၄နာရီ အခ်ဳပ္ထားမွာပါ… အာမခံရတဲ့အမႈမို႔ ၂၄နာရီေက်ာ္ရင္ေတာ့ အခ်ဳပ္က လႊတ္ၿပီး တရားရင္ဆိုင္ရမွာပါ…Credit-aungarsay
Unicode
မြန်မာပလာဇာမှာ မိန်းကလေးတစ်ယောက်ကို နှမချင်းကိုယ်ချင်းမစာမနာ ထိုမိန်းကလေးရဲ့ တင်ပါးကို ရိုက်ပြီး “ဖင်ကြီးကလည်းအကြီးကြီးပဲ” ဟုဆိုကာ မိုက်ရိုင်းဆော်ကားသူဆိုပြီး Jue Chit Thinzar အကောင့်ပိုင်ရှင်မှ သူမရဲ့ ကိုယ်တွေ့ကြုံခက်ရပြီး အဖြစ်အပျက်အားလုံးကို ဗွီဒီယိုဖိုင်များနှင့် တကွ တင်ပြထားခဲ့တာကိုတွေ့ရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် Jue Chit Thinzar အကောင့်ပိုင်ရှင်မှ ထိုအမျိုးသားကို ဖမ်းဆီးပေးကြဖို့ အကူအညီတောင်းဆိုကာ ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။
ထိုနောက်မှာ ထိုအမျိုးသားကို တာဝန်ရှိသူ ရဲများမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်း နှင့် ၂၄ နာရီ ချုပ်ထားခဲ့ကြောင်း တင်ပြထားတာကို တွေ့ရပါတယ်။ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး Jue Chit Thinzar အကောင့်မှ တင်ပြထားမှု နှင့် ဗွီဒီယိုဖိုင်များကို အောက်ပါအတိုင်း တင်ပြပေးလိုက်ပါသည်။
အဆိုပါ အင်္ကျီအစိမ်းနဲ့သူသည် ကျမ မြန်မာပလာဇာ မှာ မြေညီထပ်မှာ လမ်းလျှောက်နေစဉ် ကျမ၏ တင်ပါးကို ရိုက်ပြီး ပါးစပ်ကလဲ “ဖင်ကလဲ အကြီးကြီးပဲ” ဟုစော်ကားပြောဆိုသွားပါသည်… လုံခြုံရေးခန်းထဲတွင်လဲ မကြားဝံ့မနာသာ စကားများကို ဆက်စော်ကားပါသည်… ကြည့်ရတာ မူးယစ်ဆေးဝါးတခုခု သုံးစွဲထားပုံပေါ်ပါသည်… ကျမ ဘယ်လိုလုံလုံခြုံခြုံဝတ်ထားလဲဆိုတာ နောက်ဆုံးပုံတွင်ကြည့်ပါ… သူ့စိတ်ထဲ မပြောရဲမဆိုရဲထင်ပြီး စော်ကားတာပါ… အခုတော့ ဗဟန်းရဲစခန်းသွားနေပါတယ်… ရဲစခန်းက ဘယ်လိုဆက်ဆောင်ရွက်ပေးမလဲတော့ စောင့်ကြည့်ပါဦးမည်…
မှတ်ထား… ငါမှမဟုတ်ဘူး… ဘယ်မိန်းမကိုမှ အဲ့လိုလာစော်ကားလို့မရဘူး… နင်တို့လို တဏာရူးတွေကို အရေခွံစုတ်ပစ်မယ်… မိန်းမဖြစ်တိုင်း ကြောက်နေမယ်ထင်လား… နင်ထောင်မကျမချင်း ငါရပ်သွားမယ် မထင်နဲ့…p.s အခုတော့ ၂၄နာရီ အချုပ်ထားမှာပါ… အာမခံရတဲ့အမှုမို့ ၂၄နာရီကျော်ရင်တော့ အချုပ်က လွှတ်ပြီး တရားရင်ဆိုင်ရမှာပါ…Credit-aungarsay


