Latest Posts

ဘဝရဲ့ ဂုဏ်ယူစရာနေ့လေးတစ်နေ့ကို ချစ်သူရဲရင့်အောင်နဲ့အတူ ဖြတ်သန်းခွင့်ရခဲ့တဲ့ ဧငြိမ်းဖြူ

ဧငြိမ်းဖြူတစ်ယောက် သူမဘဝရဲ့ ဂုဏ်ယူစရာနေ့လေးတစ်နေ့ကို ချစ်ရတဲ့သူတွေနဲ့အတူတူ ဖြတ်သန်းခွင့်ရရှိခဲ့ပါတယ်။ Dancer တစ်ယောက်အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။ ဧငြိမ်းဖြူဟာ သူမရဲ့ အနုပညာစွမ်းရည်တွေကို ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ သိရှိအောင် ပြသခဲ့ပြီးဖြစ်ပါတယ်။

လူငယ်ဆန်ဆန် သွက်လက်ချက်ချာမှုအပြည့်ရှိနေတဲ့ ဧငြိမ်းဖြူဟာ သူမရဲ့ Cover Dance တွေကိုလည်း မကြာခဏ ကပြခဲ့ပါသေးတယ်။ လူငယ်အဆိုတော် ရဲရင့်အောင်နဲ့ သာယာပြီး နားလည်မှုအပြည့်ရှိတဲ့ ချစ်သူဘဝကို တည်ဆောက်ထားတာကြောင့်လည်း ပရိသတ်တွေအားကျရတဲ့ အိုင်ဒေါစုံတွဲအဖြစ် ရှိနေကြတာပါ။

ဒီနေ့လေးဟာ ဧငြိမ်းဖြူဘဝရဲ့ အခမ်းနားဆုံး ဂုဏ်ယူစရာနေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။ Victoria University Collage ကပေးအပ်တဲ့ ဘွဲ့အခမ်းအနားကို ဧငြိမ်းဖြူတစ်ယောက် သူမချစ်ရတဲ့ သူတွေနဲ့အတူ ဖြတ်သန်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူမကို အမြဲထောက်ပံ့မှုပေးနေတဲ့ မိဘတွေနဲ့အတူ ဆိုးအတူ၊ ကောင်းဘက် ဘေးနားမှာ အမြဲရှိနေတဲ့ ချစ်သူ ရဲရင့်အောင်တို့က သူမရဲ့ ဘွဲ့အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။


ဧငြိမ်းဖြူရဲ့ ချစ်စရာ ဘွဲ့အခမ်းအနားပုံလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်ကို ချစ်ခင်ပြီးအားပေးတယ်ဆိုရင် ရှယ်လေးလုပ်ခဲ့ကြပါဦးနော်။


ချစ်သူနဲ့အတူ ဂုဏ်ယူစရာနေ့လေးကို ဖြတ်သန်းရတော့ ဖြစ်နေတဲ့ ရုပ်လေးကို ကြည့်ပါဦးနော်။
တကယ်ကို ပရိသတ်တွေ စံထားအားကျစရာကောင်းလွန်းလှပါတယ်။
အမြဲလိုလို ရွှေလက်တွဲသွားနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုတောင်းပေးပါတယ်နော်။

Credit-Cele Star
Zawgyi
ဧၿငိမ္းျဖဴတစ္ေယာက္ သူမဘဝရဲ႕ ဂုဏ္ယူစရာေန႔ေလးတစ္ေန႔ကို ခ်စ္ရတဲ့သူေတြနဲ႔အတူတူ ျဖတ္သန္းခြင့္ရရွိခဲ့ပါတယ္။ Dancer တစ္ေယာက္အျဖစ္ေရာ၊ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္နဲ႔ပါ အႏုပညာေလာကထဲကို ဝင္ေရာက္လာသူ ျဖစ္ပါတယ္။ ဧၿငိမ္းျဖဴဟာ သူမရဲ႕ အႏုပညာစြမ္းရည္ေတြကို ႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ သိရွိေအာင္ ျပသခဲ့ၿပီးျဖစ္ပါတယ္။
လူငယ္ဆန္ဆန္ သြက္လက္ခ်က္ခ်ာမႈအျပည့္ရွိေနတဲ့ ဧၿငိမ္းျဖဴဟာ သူမရဲ႕ Cover Dance ေတြကိုလည္း မၾကာခဏ ကျပခဲ့ပါေသးတယ္။ လူငယ္အဆိုေတာ္ ရဲရင့္ေအာင္နဲ႔ သာယာၿပီး နားလည္မႈအျပည့္ရွိတဲ့ ခ်စ္သူဘဝကို တည္ေဆာက္ထားတာေၾကာင့္လည္း ပရိသတ္ေတြအားက်ရတဲ့ အိုင္ေဒါစုံတြဲအျဖစ္ ရွိေနၾကတာပါ။
ဒီေန႔ေလးဟာ ဧၿငိမ္းျဖဴဘဝရဲ႕ အခမ္းနားဆုံး ဂုဏ္ယူစရာေန႔ေလးတစ္ေန႔ပဲျဖစ္ပါတယ္။ Victoria University Collage ကေပးအပ္တဲ့ ဘြဲ႕အခမ္းအနားကို ဧၿငိမ္းျဖဴတစ္ေယာက္ သူမခ်စ္ရတဲ့ သူေတြနဲ႔အတူ ျဖတ္သန္းခြင့္ရရွိခဲ့တာ ျဖစ္ပါတယ္။ သူမကို အၿမဲေထာက္ပံ့မႈေပးေနတဲ့ မိဘေတြနဲ႔အတူ ဆိုးအတူ၊ ေကာင္းဘက္ ေဘးနားမွာ အၿမဲရွိေနတဲ့ ခ်စ္သူ ရဲရင့္ေအာင္တို႔က သူမရဲ႕ ဘြဲ႕အခမ္းအနားကို တက္ေရာက္ခဲ့တာျဖစ္ပါတယ္။
ဧၿငိမ္းျဖဴရဲ႕ ခ်စ္စရာ ဘြဲ႕အခမ္းအနားပုံေလးေတြကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။ ဧၿငိမ္းျဖဴနဲ႔ ရဲရင့္ေအာင္ကို ခ်စ္ခင္ၿပီးအားေပးတယ္ဆိုရင္ ရွယ္ေလးလုပ္ခဲ့ၾကပါဦးေနာ္။
ခ်စ္သူနဲ႔အတူ ဂုဏ္ယူစရာေန႔ေလးကို ျဖတ္သန္းရေတာ့ ျဖစ္ေနတဲ့ ႐ုပ္ေလးကို ၾကည့္ပါဦးေနာ္။တကယ္ကို ပရိသတ္ေတြ စံထားအားက်စရာေကာင္းလြန္းလွပါတယ္။အၿမဲလိုလို ေ႐ႊလက္တြဲသြားႏိုင္ပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူ ဆုေတာင္းေပးပါတယ္ေနာ္။Credit-Cele Star