Latest Posts

“အရင်ကထက် ကံဇာတာတက်လာစေဖို့ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း (၆)ခု”

တခ်ိဳ႕လူေတြက အၿမဲကံေကာင္းေနတတ္ပါတယ္။ ဘာလုပ္လုပ္ အဆင္ကို ေျပေနတာပါပဲ။ သူတို႔ပံုစံက သူတို႔လိုခ်င္တဲ့အရာတိုင္းကို ရႏိုင္တဲ့ပံုစံမ်ိဳးျဖစ္ေနတာပါ။
သင္လည္း ကံေကာင္းတဲ့လူေတြလို ျဖစ္ႏ္ိုင္တယ္ဆိုတာ သိပါသလား။ အရင္ကထက္ ကံဇာတာတက္လာေစမယ့္ နည္းလမ္းေတြ ရွိပါတယ္။ ဒီနည္းလမ္းေတြကိုေဖာ္ျပေပးလိုက္တယ္ေနာ္..
၁။ အေကာင္းျမင္စိတ္
ကိစၥတစ္ခု လုပ္တဲ့ေနရာမွာ အေကာင္းျမင္စိတ္ ရွိတာက ပြဲတစ္ဝက္ ေအာင္ျမင္သလိုပါပဲ။ အေကာင္းဘက္ေတြးတတ္ရင္ ေကာင္းတဲ့အရာေတြ သင့္ဆီ ေရာက္လာပါလိမ့္မယ္။ ဒီေတာ့ မျဖစ္ႏ္ိုင္ဘူးလို႔ အၿမဲမေတြးပါနဲ႔ေနာ္။

၂။ စိတ္ထဲမွာျမင္ေယာင္ပါ

သင့္စိတ္ကို အေကာင္းဘက္က ထိန္းခ်ဳပ္တတ္သြားရင္ ေနာက္တစ္ဆင့္ထပ္လွမ္းဖို႔ အခ်ိန္က်ပါၿပီ။ ဒီနည္းလမ္းက တကယ္ထိေရာက္ပါတယ္။ မ်က္လံုးခဏမွိတ္ၿပီး သင့္ရဲ႕စိတ္ထဲမွာ သင္ေအာင္ျမင္ေနတဲ့ ပံုစံကို ျမင္ေယာင္ၾကည့္ပါ။

အိမ္ဝယ္တယ္။ ကားဝယ္တယ္။ ဝါသနာပါတာေတြ လုပ္ေနတယ္။ စတာေတြျမင္ေယာင္ၾကည့္ပါ။ ဒါက သင့္ရဲ႕ မသိစိတ္က ဦးေႏွာက္ကို အျပင္မွာလုပ္ေအာင္ ခိုင္းေစလိုက္သလို ျဖစ္ေစပါတယ္။

၃။ အခိုင္အမာေျပာဆိုပါ

အရင္ထက္ ပိုကံေကာင္းခ်င္လား။ ခိုင္ခိုင္မာမာေျပာဆိုပါ။ ငါဒါကို ေအာင္ျမင္မွာပါ။ ငါလုပ္ႏိ္ုင္မွာပါ။ စတဲ့အေကာင္းဘက္သြားတဲ့စကားေတြကိုပဲ ေျပာၾကည့္ပါ။

၄။ ႀကိဳတင္ျပင္ဆင္မႈ

သင္က အေစာတည္းက ႀကိဳျပင္ဆင္တတ္ရင္ အခြင့္အေရးရလာတဲ့အခါ ရယူဖို႔ အဆင္သင့္ ျဖစ္ေနတတ္ပါတယ္။ သင့္ေဘးနားမွာ မွန္ကန္တဲ့လူေတြနဲ႔ အၿမဲဝန္းရံပါေစ။

ပန္းတိုင္ေတြ သတ္မွတ္ပါ။ အရာရာကို ႀကိဳတင္ျပင္ဆင္ထားတာက အရင္ထက္ ကံေကာင္းလာေစပါတယ္။

၅။ စာရြက္နဲ႔ေဘာပင္

ေနာက္ထပ္ ကံပိုေကာင္းေစမယ့္ နည္းလမ္းကေတာ့ စာခ်ေရးတာပါ။ ဖုန္းထဲက Note ထဲမွာ ေရးတာ မပါပါဘူးေနာ္။ ဟိုးအရင္က ေရးခဲ့ဖူးသလို စာရြက္ေပၚမွာ စာခ်ေရးတာပါ

။ ကိုယ့္ရဲ႕ ပန္းတိုင္ေတြ ျဖစ္ခ်င္တဲ့ ဆႏၵေတြကို စာအုပ္ထဲခ်ေရးပါ။ သင္ ကံပိုေကာင္းလာပါလိမ့္မယ္။

၆။ Karma

Karma ဆိုတ့ဲအဓိပၸာယ္ကေတာ့ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္ဆိုတဲ့ သေဘာပါ။ သင္က မေကာင္းတာလုပ္ရင္ေတာ့ မေကာင္းတာပဲျဖစ္မွာပါ။

ကူညီတဲ့ေနရာမွာ ဘာမွမေမွ်ာ္လင့္ဘဲ ကူညီေပးၾကည့္ပါ။ ေလာကႀကီးက သင့္ကို ပစ္မထားပါဘူး။ စိတ္ေကာင္းထားေပးတာက သင့္ကို ကံပိုေကာင္းေစပါတယ္။Credit-May Thu Soe

Unicode

အရင်ကထက် ကံဇာတာတက်လာစေဖို့ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း (၆)ခု

တချို့လူတွေက အမြဲကံကောင်းနေတတ်ပါတယ်။ ဘာလုပ်လုပ် အဆင်ကို ပြေနေတာပါပဲ။ သူတို့ပုံစံက သူတို့လိုချင်တဲ့အရာတိုင်းကို ရနိုင်တဲ့ပုံစံမျိုးဖြစ်နေတာပါ။

သင်လည်း ကံကောင်းတဲ့လူတွေလို ဖြစ်န်ိုင်တယ်ဆိုတာ သိပါသလား။ အရင်ကထက် ကံဇာတာတက်လာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကိုဖော်ပြပေးလိုက်တယ်နော်..

၁။ အကောင်းမြင်စိတ်

ကိစ္စတစ်ခု လုပ်တဲ့နေရာမှာ အကောင်းမြင်စိတ် ရှိတာက ပွဲတစ်ဝက် အောင်မြင်သလိုပါပဲ။ အကောင်းဘက်တွေးတတ်ရင် ကောင်းတဲ့အရာတွေ သင့်ဆီ ရောက်လာပါလိမ့်မယ်။ ဒီတော့ မဖြစ်န်ိုင်ဘူးလို့ အမြဲမတွေးပါနဲ့နော်။

၂။ စိတ်ထဲမှာမြင်ယောင်ပါ

သင့်စိတ်ကို အကောင်းဘက်က ထိန်းချုပ်တတ်သွားရင် နောက်တစ်ဆင့်ထပ်လှမ်းဖို့ အချိန်ကျပါပြီ။ ဒီနည်းလမ်းက တကယ်ထိရောက်ပါတယ်။ မျက်လုံးခဏမှိတ်ပြီး သင့်ရဲ့စိတ်ထဲမှာ သင်အောင်မြင်နေတဲ့ ပုံစံကို မြင်ယောင်ကြည့်ပါ။

အိမ်ဝယ်တယ်။ ကားဝယ်တယ်။ ဝါသနာပါတာတွေ လုပ်နေတယ်။ စတာတွေမြင်ယောင်ကြည့်ပါ။ ဒါက သင့်ရဲ့ မသိစိတ်က ဦးနှောက်ကို အပြင်မှာလုပ်အောင် ခိုင်းစေလိုက်သလို ဖြစ်စေပါတယ်။

၃။ အခိုင်အမာပြောဆိုပါ

အရင်ထက် ပိုကံကောင်းချင်လား။ ခိုင်ခိုင်မာမာပြောဆိုပါ။ ငါဒါကို အောင်မြင်မှာပါ။ ငါလုပ်နိ်ုင်မှာပါ။ စတဲ့အကောင်းဘက်သွားတဲ့စကားတွေကိုပဲ ပြောကြည့်ပါ။

၄။ ကြိုတင်ပြင်ဆင်မှု

သင်က အစောတည်းက ကြိုပြင်ဆင်တတ်ရင် အခွင့်အရေးရလာတဲ့အခါ ရယူဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ သင့်ဘေးနားမှာ မှန်ကန်တဲ့လူတွေနဲ့ အမြဲဝန်းရံပါစေ။

ပန်းတိုင်တွေ သတ်မှတ်ပါ။ အရာရာကို ကြိုတင်ပြင်ဆင်ထားတာက အရင်ထက် ကံကောင်းလာစေပါတယ်။

၅။ စာရွက်နဲ့ဘောပင်

နောက်ထပ် ကံပိုကောင်းစေမယ့် နည်းလမ်းကတော့ စာချရေးတာပါ။ ဖုန်းထဲက Note ထဲမှာ ရေးတာ မပါပါဘူးနော်။ ဟိုးအရင်က ရေးခဲ့ဖူးသလို စာရွက်ပေါ်မှာ စာချရေးတာပါ

။ ကိုယ့်ရဲ့ ပန်းတိုင်တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကို စာအုပ်ထဲချရေးပါ။ သင် ကံပိုကောင်းလာပါလိမ့်မယ်။

၆။ Karma
Karma ဆိုတဲ့အဓိပ္ပာယ်ကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ သဘောပါ။ သင်က မကောင်းတာလုပ်ရင်တော့ မကောင်းတာပဲဖြစ်မှာပါ။
ကူညီတဲ့နေရာမှာ ဘာမှမမျှော်လင့်ဘဲ ကူညီပေးကြည့်ပါ။ လောကကြီးက သင့်ကို ပစ်မထားပါဘူး။ စိတ်ကောင်းထားပေးတာက သင့်ကို ကံပိုကောင်းစေပါတယ်။Credit-May Thu Soe