မြန်မာရဲများထိုင်းသို့ မနက်ဖြန်သွားပြီး ဦးစိုးထွန်းရှိန်ကိုရှာမည်
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တရားခံေျပးအျဖစ္ ေၾကညာထားေသာ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္အား ရွာေဖြရန္ ျမန္မာရဲတပ္ဖြဲ႕ ထိပ္ပိုင္းအရာရွိမ်ားသည္ မနက္ဖန္တြင္ ထိုင္းႏိုင္ငံသို႔ သြားမည္ဟု သမၼတ႐ုံး ေျပာခြင့္ရအရာရွိက ယေန႔ ေျပာၾကားလိုက္သည္။
ဦးစိုးထြန္းရွိန္သည္ ျမန္မာ – ထိုင္း နယ္စပ္တာခ်ီလိတ္မွ ထိုင္းႏိုင္ငံသို႔ ကားလမ္းခရီးျဖင့္ သြားေရာက္ခဲ့သည္ဟု ကနဦးသတင္းအခ်က္အလက္မ်ားကို အေျခခံၿပီး သမၼတ႐ုံး ေျပာခြင့္ရအရာရွိ ဦးေဇာ္ေဌးက ဆိုသည္။
“(ဦးစိုးထြန္းရွိန္) တာခ်ီလိတ္ဘက္ကေန ကုန္းလမ္းေၾကာင္း ကူးသြားတယ္ေျပာတယ္။ ထိုင္းPass နဲ႔ အဲဒီလို ကူးတယ္လို႔ သိရတယ္။ ေလဆိပ္ကသြားတာမဟုတ္ဘူး။ သို႔ေသာ္ အဲဒီမွာလည္း အားနည္းခ်က္ေတြရွိတယ္။ တာခ်ီလိတ္ဂိတ္မွာ ဒီဘက္ျခမ္းမွာေနတဲ့ ပုဂၢိဳလ္ေတြရွိတယ္။ အဲဒါေတြကိုလည္း ျပန္ၿပီးေတာ့စိစစ္ခိုင္းထားတယ္။ တာခ်ီလိတ္က ကူးသြားတယ္လို႔ သိရတယ္။ ဟိုဘက္မွာ ထိုင္းႏိုင္ငံထဲရွိတယ္လို႔ သိရတယ္။ က်န္တဲ့ အာရွပစိဖိတ္ ႏိုင္ငံတစ္ႏိုင္ငံနဲ႔ အဝင္အသြားအလာ ရွိတယ္လို႔ သိရတယ္။ သိရတဲ့အေပၚမွာ အေသးစိတ္ ဆက္ၿပီးေတာ့ ဆက္လုပ္ေနပါတယ္” ဟု ဦးေဇာ္ေဌးက ဆိုသည္Credit-original
Unicode
အစိုးရထံသို့ ရွှေကြွေးကျန်များပေးရန်ရှိပြီး ဝရမ်းထုတ်ခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်သည် ထိုင်းနိုင်ငံသို့ တာချီလိတ်မှတစ်ဆင့် ကုန်းလမ်းမှ ကူးသွားပြီး အာရှပစိဖိတ်နိုင်ငံတစ်ခုသို့ အသွားအလာရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ရှာဖွေရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် မနက်ဖန်တွင် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး ပြောခွင့်ရအရာရှိက ယနေ့ ပြောကြားလိုက်သည်။
ဦးစိုးထွန်းရှိန်သည် မြန်မာ – ထိုင်း နယ်စပ်တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကားလမ်းခရီးဖြင့် သွားရောက်ခဲ့သည်ဟု ကနဦးသတင်းအချက်အလက်များကို အခြေခံပြီး သမ္မတရုံး ပြောခွင့်ရအရာရှိ ဦးဇော်ဌေးက ဆိုသည်။
“(ဦးစိုးထွန်းရှိန်) တာချီလိတ်ဘက်ကနေ ကုန်းလမ်းကြောင်း ကူးသွားတယ်ပြောတယ်။ ထိုင်းPass နဲ့ အဲဒီလို ကူးတယ်လို့ သိရတယ်။ လေဆိပ်ကသွားတာမဟုတ်ဘူး။ သို့သော် အဲဒီမှာလည်း အားနည်းချက်တွေရှိတယ်။ တာချီလိတ်ဂိတ်မှာ ဒီဘက်ခြမ်းမှာနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒါတွေကိုလည်း ပြန်ပြီးတော့စိစစ်ခိုင်းထားတယ်။ တာချီလိတ်က ကူးသွားတယ်လို့ သိရတယ်။ ဟိုဘက်မှာ ထိုင်းနိုင်ငံထဲရှိတယ်လို့ သိရတယ်။ ကျန်တဲ့ အာရှပစိဖိတ် နိုင်ငံတစ်နိုင်ငံနဲ့ အဝင်အသွားအလာ ရှိတယ်လို့ သိရတယ်။ သိရတဲ့အပေါ်မှာ အသေးစိတ် ဆက်ပြီးတော့ ဆက်လုပ်နေပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်Credit-original


