Latest Posts

စေ့စပ်လိုက်ပြီဖြစ်တဲ့ YouTube မှာ နှစ်ချီဗီဒီယိုတွေတင်ပြီး ဈေးဗန်းခင်းခဲ့တဲ့ အမျိုးသား

Timstar ဟာ Sydney မွာ ေနထုိင္ေနတဲ့ တရုတ္လူမ်ိဳးတစ္ေယာက္ျဖစ္ပါတယ္။ ၂၀၁၃ ေနာက္ပိုင္းေလာက္ကစၿပီး YouTube မွာ “ကၽြန္ေတာ့္ခ်စ္သူျဖစ္ေပးႏုိင္မလား” ဆိုတဲ့ နာမည္နဲ႔ Timstar ဟာ ဗီဒီယိုေတြ စတင္တင္လာခဲ့ပါေတာ့တယ္။ သူ႕ရဲ႕ ဗီဒီယိုေတြဟာ နယူးဇီလန္၊ အဂၤလန္၊ အင္ဒို၊ ကိုရီးယား၊ ဂ်ပန္၊ ေဟာင္ေကာင္အစရွိတဲ့ ႏုိင္ငံႀကီးေပါင္း ၁၅ ႏိုင္ငံေလာက္ကို ပ်ံ႕ႏွံ႕သြားခဲ့ကာ Timstar တစ္ေယာက္လည္း ကမၻာေက်ာ္ေဈးဗန္းလိုက္ခင္းတဲ့ FA ေကာင္ေလးတစ္ေယာက္ ျဖစ္မွန္းမသိျဖစ္လာခဲ့ပါေတာ့တယ္။

၂၀၁၈ ခုႏွစ္ရဲ႕ ေအာက္တိုဘာလေလာက္မွာေတာ့ Timstar တစ္ေယာက္ ခ်စ္သူရသြားခဲ့ပါၿပီလို႔ ေၾကျငာခဲ့ပါတယ္။ ေကာင္မေလးဟာ Sijia လို႔ သိရၿပီး ကုိယ္တုိင္လည္း YouTuber တစ္ေယာက္ျဖစ္ၿပီး beauty blogger တစ္ေယာက္ပါတဲ့။ ႏွစ္ေယာက္သားေတာ္ေတ္ာေလးကို ခ်စ္ခဲ့ၾကၿပီး လူၾကားထဲလည္း ခ်စ္စရာပံုေလးေတြမွ်ေဝေလ့ရွိၾကပါတယ္။



ဒါေပမဲ့ ႏွစ္ေယာက္သား ၾကားထဲမွာ ႏွစ္ဦးသေဘာတူေခတၱျပတ္ဆဲခဲ့ၾကပါေတာ့တယ္။ ဒါေပမဲ့ Timstar အေနနဲ႔ ျပတ္ၿပီးကာမွ ခ်စ္သူေလးနဲ႔အတူတူရွိေနခဲ့တဲ့အခ်ိန္ေလးကို ျပန္လည္တမ္းတလာခဲ့ပါေတာ့တယ္။ Timstar ေျပာခဲ့တာကေတာ့ ခ်စ္သူနဲ႔ျပတ္ၿပီးမွ အိပ္ယာတေြကလည္း ပိုအေးစက္လာၿပီး သြားခဲ့ဖူးတဲ့ေနရာေတြကလည္း ပိုအထီးက်န္ရပါတယ္တဲ့။ ဒါနဲ႔ပဲ Timstar အေနနဲ႔ Sijia ကို ထပ္မံခ်ဥ္းကပ္ခဲ့ပါေတာ့တယ္။


တစ္ရက္မွာေတာ့ bubble tea သြားေသာက္ၾကမယ္ဆိုၿပီး Sijia ကို ေခၚထုတ္ခဲ့ပါတယ္။ Sijia မထင္မွတ္ထားတဲ့ အခ်ိန္မွာပဲ Timstar ဟာ ခ်စ္သူေကာင္မေလးကို လက္ထပ္ခြင့္ေတာင္းခဲ့ပါေတာ့တယ္။ ဟုတ္္ပါတယ္၊ ေနာက္ဆံုးေတာ့ ကမၻာေက်ာ္ေဈးဗန္းခင္းေနတဲ့အက္ဖ္ေအႀကီး Timstar တစ္ေယာက္ စြံသြားခဲ့ပါၿပီ။ လက္ထပ္မယ့္ေန႔ကိုမစဥ္းစားရေသးေပမယ့္ အခုအခ်ိန္မွာေတာ့ Timstar ဟာ သူ႕ရဲ႕ ရည္းစားရွာတဲ့ဗီဒီယိုေတြကို ဆက္မေလုပ္ေတာ့ဘဲ သူေရာ ခ်စ္သူေလး Sijia ရဲ႕ Instagram account ေတြကို private ခ်လိုက္ခဲ့ပါၿပီ။


Credit-SHWEMOM

Unicode
စေ့စပ်လိုက်ပြီဖြစ်တဲ့ YouTube မှာ နှစ်ချီဗီဒီယိုတွေတင်ပြီး ဈေးဗန်းခင်းခဲ့တဲ့ အမျိုးသား
Timstar ဟာ Sydney မှာ နေထိုင်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ နောက်ပိုင်းလောက်ကစပြီး YouTube မှာ “ကျွန်တော့်ချစ်သူဖြစ်ပေးနိုင်မလား” ဆိုတဲ့ နာမည်နဲ့ Timstar ဟာ ဗီဒီယိုတွေ စတင်တင်လာခဲ့ပါတော့တယ်။ သူ့ရဲ့ ဗီဒီယိုတွေဟာ နယူးဇီလန်၊ အင်္ဂလန်၊ အင်ဒို၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်အစရှိတဲ့ နိုင်ငံကြီးပေါင်း ၁၅ နိုင်ငံလောက်ကို ပျံ့နှံ့သွားခဲ့ကာ Timstar တစ်ယောက်လည်း ကမ္ဘာကျော်ဈေးဗန်းလိုက်ခင်းတဲ့ FA ကောင်လေးတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတော့တယ်။၂၀၁၈ ခုနှစ်ရဲ့ အောက်တိုဘာလလောက်မှာတော့ Timstar တစ်ယောက် ချစ်သူရသွားခဲ့ပါပြီလို့ ကြေငြာခဲ့ပါတယ်။ ကောင်မလေးဟာ Sijia လို့ သိရပြီး ကိုယ်တိုင်လည်း YouTuber တစ်ယောက်ဖြစ်ပြီး beauty blogger တစ်ယောက်ပါတဲ့။ နှစ်ယောက်သားတော်တေ်ာလေးကို ချစ်ခဲ့ကြပြီး လူကြားထဲလည်း ချစ်စရာပုံလေးတွေမျှဝေလေ့ရှိကြပါတယ်။

ဒါပေမဲ့ နှစ်ယောက်သား ကြားထဲမှာ နှစ်ဦးသဘောတူခေတ္တပြတ်ဆဲခဲ့ကြပါတော့တယ်။ ဒါပေမဲ့ Timstar အနေနဲ့ ပြတ်ပြီးကာမှ ချစ်သူလေးနဲ့အတူတူရှိနေခဲ့တဲ့အချိန်လေးကို ပြန်လည်တမ်းတလာခဲ့ပါတော့တယ်။ Timstar ပြောခဲ့တာကတော့ ချစ်သူနဲ့ပြတ်ပြီးမှ အိပ်ယာတွေကလည်း ပိုအေးစက်လာပြီး သွားခဲ့ဖူးတဲ့နေရာတွေကလည်း ပိုအထီးကျန်ရပါတယ်တဲ့။ ဒါနဲ့ပဲ Timstar အနေနဲ့ Sijia ကို ထပ်မံချဉ်းကပ်ခဲ့ပါတော့တယ်။တစ်ရက်မှာတော့ bubble tea သွားသောက်ကြမယ်ဆိုပြီး Sijia ကို ခေါ်ထုတ်ခဲ့ပါတယ်။ Sijia မထင်မှတ်ထားတဲ့ အချိန်မှာပဲ Timstar ဟာ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။ ဟုတ်ပါတယ်၊ နောက်ဆုံးတော့ ကမ္ဘာကျော်ဈေးဗန်းခင်းနေတဲ့အက်ဖ်အေကြီး Timstar တစ်ယောက် စွံသွားခဲ့ပါပြီ။ လက်ထပ်မယ့်နေ့ကိုမစဉ်းစားရသေးပေမယ့် အခုအချိန်မှာတော့ Timstar ဟာ သူ့ရဲ့ ရည်းစားရှာတဲ့ဗီဒီယိုတွေကို ဆက်မလေုပ်တော့ဘဲ သူရော ချစ်သူလေး Sijia ရဲ့ Instagram account တွေကို private ချလိုက်ခဲ့ပါပြီ။Credit-SHWEMOM