တစ်ယောက်ထဲ နေတော့မယ်ဖြစ်ကြောင်း ကြေညာလိုက်တဲ့ G – Fatt
G-Fatt ကေတာ့ ျပည္သူခ်စ္ ႏုိင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး မိန္းကေလးပရိသတ္ေတြ အင္တိုက္အားတိုက္ အားေပးတဲ့ အမ်ိဳးသားHip Hop အဆိုရွင္ေတြထဲက တစ္ေယာက္ပဲ ျဖစ္ပါတယ္။မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံျခင္းခံရတာသာမက ေယာက်ာ္းေလးပရိသတ္ေတြပါ သေဘာက်ဝန္းရံျခင္းခံရတဲ့ အမ်ိဳးသားအဆိုေတာ္ေတြထဲက တစ္ေယာက္အပါအဝင္ပဲ လို႕ဆိုႏုိင္ပါတယ္။သီခ်င္းသစ္ထြက္လာတိုင္း ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ စြဲေစတဲ့သီခ်င္းပိုင္ရွင္တစ္ဦး ျဖစ္ၿပီး စာသားေတြထိထိမိမိနဲ႕ လူငယ္ေတြ လက္ေတြ႕ ေတြ႕ႀကံဳတတ္တဲ့ အခ်စ္ေရးပံုစံေတြကို ပံုေဖာ္ေရးသားတတ္တဲ့ ေတးေရးဆရာတစ္ဦးလည္း ျဖစ္ပါတယ္။
G Fatt ကေတာ့ သူ႕ရဲ႕ WE LOVEနဲ႕အတူ မၾကာခဏ အလွဴအတန္းေတြျပဳလုပ္ေလ့ရွိသူပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း G Fatt ဟာ မိဘမဲ့ ကေလးေလးေတြအတြက္ သီခ်င္းတစ္ပုဒ္ကို ဖန္တီးေနတာပဲ ျဖစ္ၿပီး မိဘမဲ့ ကေလးေလးေတြကို အားေပးတဲ့အျပင္ ကိုယ့္အားကိုယ္ကိုးကာ သိမ္ငယ္မေနဘဲ ေအာင္ျမင္ေအာင္ႀကိဳးစားေစရန္ ထိမိတဲ့စာသားေတြနဲ႕သီခ်င္းသစ္ကိုဖန္တီးေနေၾကာင္း သူ႕ရဲ႕ပရိသတ္ေတြကိုအသိေပးကာ ေရးလက္စသီခ်င္းေလးကိုဆိုျပခဲ့ပါေသးတယ္။လတ္တေလာမွာလည္း ဒီဇင္ဘာလ (၁)ရက္ေန႕မွာ ” One Man Show ” ကို မႏၱေလးျမိဳ႕မွာ က်င္းပမယ္လို႕ သိရပါတယ္။ မႏၱေလးျမိဳ႕က ပရိသတ္ေတြအျပင္ တစ္ႏုိင္ငံလံုးကပရိသတ္ေတြပါ အားေပးဖို႕ ဖိတ္ေခၚထားတာပဲ ျဖစ္ပါတယ္။
လက္ရွိ အဆိုေတာ္ G Fatt ရဲ႕ အခ်စ္ေရးကေတာ့ ပရိသတ္ေတြ သို႕ေလာသို႕ေလာ ျဖစ္ေစတဲ့ အေၾကာင္းမ်ားစြာရွိေနတာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြ သိၿပီးသားျဖစ္ကိုးရီးယားမေလးလို ခ်စ္စရာေကာင္းတဲ့ ရွမ္းတရုတ္ကျပားမေလး အဆိုေတာ္သရုပ္ေဆာင္နန္းဆုရတီစိုးနဲ႕ ခ်စ္သူသက္တမ္း (၂)ႏွစ္ေက်ာ္လာခဲ့တဲ့ အခ်ိန္မွာ ျပႆနာနည္းနည္းရွိလာတာေၾကာင့္ ပရိသတ္ေတြကလည္း သူတို႕ရဲ႕ လက္ရွိဆက္ဆံေရးကို အလြန္စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ ပရိသတ္ေတြသိေစခ်င္ေနတဲ့ အေၾကာင္းကို ဖြင့္ဟလိုက္ၿပီလို႕ ဆိုရေလာက္ေအာင္ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာ My Day မွာ အတူတူေရာက္ခဲ့ဖူးတဲ့ေနရာေတြကို ေနာက္ဆိုတစ္ေယာက္ထဲပဲ လာျဖစ္ေတာ့မည့္အေၾကာင္းနဲ႕ သူ႕ရဲ႕သူငယ္ခ်င္းေတြကေတာင္ ” အခ်စ္ဆိုတာတကယ္မရွိဘူး။ ႏွစ္ဘယ္ေလာက္ၾကာၾကာျပတ္တာ Caption နဲ႕ပိုစ့္ေတြေအာက္မွာ မင္းပံုပါလာေတာ့မယ္ ” ဆိုၿပီး စေနာက္ခံေနရေၾကာင္းကိုလည္း သူကိုယ္တိုင္တင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ခ်စ္စရာေကာင္းၿပီး ရုိမန့္တစ္ဆန္လြန္းတဲ့ မနဲ႕ေမာင္ အတြဲေလး တကယ္ပဲ ျပတ္စဲေတာ့မလားဆိုတာ ………….။
Source : G fatt;Credit-Shwe Poe – CeleGabar
Unicode
ရိုမန့်တစ်ဆန်လွန်းတဲ့ မနဲ့မောင် အတွဲလေး အားပေးချစ်ခင်တဲ့ ပရိသတ်တွေ ဝမ်းနည်းရတော့မှာလား……….!!!!!!!!!
G-Fatt ကတော့ ပြည်သူချစ် နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေ အင်တိုက်အားတိုက် အားပေးတဲ့ အမျိုးသားHip Hop အဆိုရှင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းခံရတာသာမက ယောကျာ်းလေးပရိသတ်တွေပါ သဘောကျဝန်းရံခြင်းခံရတဲ့ အမျိုးသားအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ပဲ လို့ဆိုနိုင်ပါတယ်။သီချင်းသစ်ထွက်လာတိုင်း ပရိသတ်တွေ ပါးစပ်ဖျားမှာ စွဲစေတဲ့သီချင်းပိုင်ရှင်တစ်ဦး ဖြစ်ပြီး စာသားတွေထိထိမိမိနဲ့ လူငယ်တွေ လက်တွေ့ တွေ့ကြုံတတ်တဲ့ အချစ်ရေးပုံစံတွေကို ပုံဖော်ရေးသားတတ်တဲ့ တေးရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
G Fatt ကတော့ သူ့ရဲ့ WE LOVEနဲ့အတူ မကြာခဏ အလှူအတန်းတွေပြုလုပ်လေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း G Fatt ဟာ မိဘမဲ့ ကလေးလေးတွေအတွက် သီချင်းတစ်ပုဒ်ကို ဖန်တီးနေတာပဲ ဖြစ်ပြီး မိဘမဲ့ ကလေးလေးတွေကို အားပေးတဲ့အပြင် ကိုယ့်အားကိုယ်ကိုးကာ သိမ်ငယ်မနေဘဲ အောင်မြင်အောင်ကြိုးစားစေရန် ထိမိတဲ့စာသားတွေနဲ့သီချင်းသစ်ကိုဖန်တီးနေကြောင်း သူ့ရဲ့ပရိသတ်တွေကိုအသိပေးကာ ရေးလက်စသီချင်းလေးကိုဆိုပြခဲ့ပါသေးတယ်။လတ်တလောမှာလည်း ဒီဇင်ဘာလ (၁)ရက်နေ့မှာ ” One Man Show ” ကို မန္တလေးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ မန္တလေးမြို့က ပရိသတ်တွေအပြင် တစ်နိုင်ငံလုံးကပရိသတ်တွေပါ အားပေးဖို့ ဖိတ်ခေါ်ထားတာပဲ ဖြစ်ပါတယ်။
လက်ရှိ အဆိုတော် G Fatt ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေ သို့လောသို့လော ဖြစ်စေတဲ့ အကြောင်းများစွာရှိနေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ သိပြီးသားဖြစ်ကိုးရီးယားမလေးလို ချစ်စရာကောင်းတဲ့ ရှမ်းတရုတ်ကပြားမလေး အဆိုတော်သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ ချစ်သူသက်တမ်း (၂)နှစ်ကျော်လာခဲ့တဲ့ အချိန်မှာ ပြဿနာနည်းနည်းရှိလာတာကြောင့် ပရိသတ်တွေကလည်း သူတို့ရဲ့ လက်ရှိဆက်ဆံရေးကို အလွန်စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ ပရိသတ်တွေသိစေချင်နေတဲ့ အကြောင်းကို ဖွင့်ဟလိုက်ပြီလို့ ဆိုရလောက်အောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My Day မှာ အတူတူရောက်ခဲ့ဖူးတဲ့နေရာတွေကို နောက်ဆိုတစ်ယောက်ထဲပဲ လာဖြစ်တော့မည့်အကြောင်းနဲ့ သူ့ရဲ့သူငယ်ချင်းတွေကတောင် ” အချစ်ဆိုတာတကယ်မရှိဘူး။ နှစ်ဘယ်လောက်ကြာကြာပြတ်တာ Caption နဲ့ပိုစ့်တွေအောက်မှာ မင်းပုံပါလာတော့မယ် ” ဆိုပြီး စနောက်ခံနေရကြောင်းကိုလည်း သူကိုယ်တိုင်တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ချစ်စရာကောင်းပြီး ရိုမန့်တစ်ဆန်လွန်းတဲ့ မနဲ့မောင် အတွဲလေး တကယ်ပဲ ပြတ်စဲတော့မလားဆိုတာ ………….။Source : G fatt;Credit-Shwe Poe – CeleGabar






