” သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပရိသတ်ကိုအမြဲ ဖမ်းစားတတ်တဲ့ နေတိုး ပါဝင်ထားပြီး ရုံမတင်ခင်ထဲက စိတ်ဝင်စားမှု မြင့်တက်နေတဲ့ စပွန်ဆာ ရုပ်ရှင်ကားကြီး “
ေနတိုး ကေတာ့ ရခိုင္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီး ဘက္စုံေတာ္တဲ့အႏုပညာရွင္တစ္ဦးျဖစ္တယ္လို႔ ပရိသတ္ေတြေကာက္ခ်က္ခ်ခံထား ရတဲ့သူတစ္ဦး ျဖစ္ပါတယ္။ တည္ၾကည္မႈ၊႐ိုး႐ိုးေအးေအးပဲ ေနတတ္တဲ့ ပုံစံက မိန္းကေလးေတြ လိုခ်င္တဲ့ စိတ္ကူးထဲက ဘဝလက္တြဲေဖာ္ ပုံစံမ်ိဳးပါ။တည္ၿငိမ္ေအးေဆးၿပီး ေယာက်ာ္းပီသတဲ့အၿပဳံး ခန႔္ညားတဲ့သြင္ျပင္ေတြေၾကာင့္ အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းေက်ာ္ျဖစ္ေနရတာပဲ ျဖစ္ပါတယ္။
ေအးေအးေဆးေ ဆးပဲ ေနတတ္သလို မိန္းကေလးပရိသတ္ေတြ ရင္ခုန္သြားေအာင္ အေျပာေလးေတြ၊အမူအရာေလးေတြ မလုပ္ေပမယ့္လည္း ေနတိုး ကို ႀကိတ္ေႂကြေနတဲ့ မိန္းကေလးပရိသတ္ကေတာ့ အမ်ားႀကီးပါပဲေနာ္။အသံလည္းေကာင္းၿပီး အဆိုပိုင္းမွာလည္းပရိသတ္ေတြက သူဆိုတဲ့သီခ်င္းေတြကို လက္ခံအားေပးၾကတာပဲ ျဖစ္ပါတယ္။က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု ကို (၃) ဆုရရွိထားတာ ျဖစ္ၿပီး ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ေနတိုးဟာ အႏုပညာကေဝလို႔ေတာင္တင္စားရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ထိပ္တန္းမင္းသမီးတစ္ဦး ျဖစ္တဲ့ အူဝဲနဲ႔ တြဲဖက္သူ႐ုပ္ေဆာင္ထားတဲ့ “႐ူးေအာင္ခ်စ္မယ့္လူ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိသတ္ေတြ အႀကိဳက္ေတြ ႔ကာ တခဲနက္အားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။ထပ္မံၿပီး ပရိသတ္ေတြပါးစပ္ဖ်ားမွာ ရံုမတင္ခင္ထဲက စိတ္ဝင္စားမႈ ျမင့္တက္ေနတဲ့ စပြန္ဆာ ရုပ္ရွင္ကားၾကီးကေတာ့ အနုပညာေလာကမွာ တေက်ာ့ျပန္ ျပန္လည္ရုိက္ကူးလိုက္တဲ့ ဝါရင့္ သရုပ္ေဆာင္ ျမတ္ေကသီေအာင္နဲ႕ တြဲဖက္ရုိက္ကူးထားတာပဲ ျဖစ္ပါတယ္။ရုပ္ရွင္ ပို႕စတာ ကို ၾကည့္ရုံနဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရပန္းစားေနတာ ပဲ ျဖစ္ပါတယ္။သရုပ္ေဆာင္ခ်က္ေကာင္းေကာင္းေတြနဲ႕ ပရိသတ္ကိုအၿမဲ ဖမ္းစားတတ္တဲ့ ေနတို းကေတာ့ စပြန္ဆာ ရုပ္ရွင္ကားႀကီးမွာ ဘယ္လို သရုပ္ေဆာင္ခ်က္ ဘယ္လိုကာရုိက္တာ အဆန္းေတြနဲ႕ ျမင္ေတြ႕ရမလဲဆိုတာ စိတ္ဝင္စားစရာပါပဲေနာ္။ပရိသတ္ႀကီးေရာ စပြန္ဆာ ရုပ္ရွင္ဇာတ္ကားႀကီးကိုအားေပးဖို႕ အဆင္သင့္ပဲလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။Source : စပြန္ဆာ ရုပ္ရွင္ဇာတ္ကားႀကီး,Credit-CELE GABAR
Unicode
” သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပရိသတ်ကိုအမြဲ ဖမ်းစားတတ်တဲ့ နေတိုး ပါဝင်ထားပြီး ရုံမတင်ခင်ထဲက စိတ်ဝင်စားမှု မြင့်တက်နေတဲ့ စပွန်ဆာ ရုပ်ရှင်ကားကြီး “
နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ တည်ကြည်မှု၊ရိုးရိုးအေးအေးပဲ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။
အေးအေးဆေးေ ဆးပဲ နေတတ်သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နေတိုးဟာ အနုပညာကဝေလို့တောင်တင်စားရတဲ့ ဝါရင့်သရုပ်ဆောင်ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်တဲ့ အူဝဲနဲ့ တွဲဖက်သူရုပ်ဆောင်ထားတဲ့ “ရူးအောင်ချစ်မယ့်လူ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ အကြိုက်တွေ့ကာ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ရုံမတင်ခင်ထဲက စိတ်ဝင်စားမှု မြင့်တက်နေတဲ့ စပွန်ဆာ ရုပ်ရှင်ကားကြီးကတော့ အနုပညာလောကမှာ တကျော့ပြန် ပြန်လည်ရိုက်ကူးလိုက်တဲ့ ဝါရင့် သရုပ်ဆောင် မြတ်ကေသီအောင်နဲ့ တွဲဖက်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုပ်ရှင် ပို့စတာ ကို ကြည့်ရုံနဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေပန်းစားနေတာ ပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပရိသတ်ကိုအမြဲ ဖမ်းစားတတ်တဲ့ နေတို းကတော့ စပွန်ဆာ ရုပ်ရှင်ကားကြီးမှာ ဘယ်လို သရုပ်ဆောင်ချက် ဘယ်လိုကာရိုက်တာ အဆန်းတွေနဲ့ မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ပရိသတ်ကြီးရော စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးကိုအားပေးဖို့ အဆင်သင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီး,Credit-CELE GABAR

