Latest Posts

ပရိသတ်တွေ စိတ်ဝင်တစား ဖြစ်ခဲ့ရတဲ့ ရွှေမှုံရတီရဲ့ Comment တစ်ခု


ချစ်​ပရိသတ်​​တွေအတွက် ​​​ရွှေ​ပေါက်​စ​လေး အေ​ကြာင်းကို အရိပ်​အမြွက်​ ​ပြောပြလိုက်​တဲ့ ​ရွှေထူးရဲ့ အေ​ကြာင်းကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။




Unicode

တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ဇနီးချောလေး ရွှေမှုံကို အရမ်းချစ်တဲ့ ရွှေထူးကတော့ လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်တစားဖြစ်ခဲ့ရတဲ့ ပိုစ့်တစ်ခုကို လူမှုကွန်ယက်မှာ တင်လိုက်တာ တွေ့ရပါတယ်။ ရွှေထူးကတော့ လတ်တလောမှာ ဇနီးချောလေးကို အရမ်းလွမ်းတဲ့အကြောင်း ပိုစ့်တစ်ခုတင်ထားပြီး အဆိုပါ ပိုစ့်အောက်မှာတော့ ရွှေမှုံလေးက ဗိုက်ထဲမှာ အသည်းလေးထည့်ထားတဲ့ Sticker လေး မန့်ခဲ့တာကြောင့် ပရိသတ်တွေက ရွှေပေါက်စလေးကို မြင်တွေ့ရတော့မလားဆိုပြီး အရမ်းသိချင်နေကြတာပါနော်။ချစ်ပရိသတ်တွေအတွက် ရွှေပေါက်စလေး အကြောင်းကို အရိပ်အမြွက် ပြောပြလိုက်တဲ့ ရွှေထူးရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။
ဗိုက်လေးကို အသားပေးပြထားတဲ့ ရွှေမှုံလေးရဲ့ Sticker လေးကတော့ ပရိသတ်တွေကို အရမ်း စိတ်ဝင်တစား ဖြစ်စေခဲ့တာပါ။သိပ်မကြာခင်မှာပဲ ရွှေထူးကလည်း “ရွှေပေါက်စ” ဆိုပြီး လူမှုကွန်ယက်မှာကြည်းနူးစွာ တင်ထားခဲ့ပါသေးတယ်နော်။အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ရွှေမောင်နှံကတော့ ကလေးယူဖို့ စောသေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိပေမယ့်လည်း ပရိသတ်တွေကတော့ ရွှေပေါက်စလေးကို အရမ်းမြင်ချင်နေကြပါပြီ။ ချစ်ပရိသတ်တွေရော ရွှေပေါက်စလေးအကြောင်း အရိပ်အမြွက် ထုတ်ပြောလာတယ်လို့ ထင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးရဲ့ သတင်းကို ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။
Credit-Myint Myat;Source:Htoo Khant’s Facebook